သုံးတောင်ဝတ်များကို လက်ကမ်းကြိုပါ

ရန်ကုန် – ကမ္ဘာနဲ့အဝန်း အမျိုးသမီးတွေဟာ ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့၊ တန်းတူညီတူ အခွင့်အရေးရဖို့ သိမြင်လာကြပြီး တောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြတာ နှစ် ၁ဝဝ ကျော်လွန်ခဲ့ပါပြီ။ ကမ္ဘာ့အရှေ့ခြမ်းဖြစ်စေ၊ အနောက်ခြမ်းဖြစ်စေ၊ တောင်ခြမ်းမှာဖြစ်ဖြစ် မြောက်ခြမ်းမှာဖြစ်ဖြစ် ဘယ်လူ့အဖွဲ့အစည်းမှာမဆို အမျိုးသမီးတွေအပေါ်ထားတဲ့ အမြင်တွေဟာ မကြာသေးခင် ကာလများအထိတော့ တစ်ပုံစံတည်းပါပဲ။ ယောက်ျားတစ်ယောက်ဟာ သူ့ဘဝမှာ အစွမ်းအစရှိရင် ရှိသလောက် ဘာမဆိုဖြစ်နိုင်ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ အမြင့်ဆုံးအဆင့်ဟာ မိခင်ကောင်း၊ ဇနီးကောင်း၊ အိမ်ထောင်ရှင်မကောင်း အဆင့်ထက် မပိုခဲ့ပါ။

ဒါတွေအားလုံးဟာ အခုအချိန်မှာ ပြောင်းလဲခဲ့ပါပြီ။ ယောက်ျားကြီးစိုးတဲ့ကမ္ဘာကြီးမှာ ယောက်ျားတွေ ဖြစ်နိုင်သလောက် လုပ်နိုင်သလောက် အမျိုးသမီးတွေလည်း လိုက်လုပ်နိုင်တယ် ဆိုတာ ပြသနိုင်ခဲ့ပါပြီ။ ကလေးတစ်ဖက် ခါးထစ်ခွင်ချီရင်းက ပါရဂူဘွဲ့ ယူပြနိုင်တဲ့ မိန်းမတွေ၊ စီးပွားရေးလုပ်ငန်းကြီးမှာ ဦးစီးနေကြတဲ့ မိခင်တွေ၊ အိမ်ထောင့်တာဝန်တွေ မလစ်ဟင်းဘဲနဲ့လည်း တစ်ချိန်တည်းမှာ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကိုပါ ထမ်းဆောင်ပြနိုင်ခဲ့တဲ့ မိန်းမတွေဟာ ဝေးဝေးကြည့်စရာမလိုဘဲနဲ့ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာတောင် ရှိနေတာပါ။

မကြာသေးမီကအထိ တတိယကမ္ဘာဆိုတဲ့ ထောင့်ချိုးအကွယ်တစ်ခုမှာ အိမ်ပျော်နေခဲ့တဲ့ မြန်မာနိုင်ငံကလည်း ပြောင်းလဲလာတဲ့ ဒီရေစီးနဲ့အပြိုင် လိုက်ပါနေဖို့ ကြိုးပမ်းနေပါပြီ။ မိန်းမဆိုတာဟာ လင်ယူသားမွေး၊ အိမ်ထောင်ထိန်းသိမ်းဆိုတာတွေထက်ပိုတဲ့ တာဝန်များ ထမ်းဆောင်နိုင်ကြောင်း ပြသနိုင်ရေးအတွက် မြန်မာအမျိုးသမီးတွေဟာ နိုဝင်ဘာ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး တိုင်းပြည်ရဲ့ အမြင့်ဆုံးသောရာထူးတွေမှာ ဝင်ရောက်ထမ်းဆောင်ဖို့ တာစူနေကြပါပြီ။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ သမိုင်းမှာ တစ်ခါမှ ဒီလောက် မများတာမို့လို့လည်း မြန်မာအမျိုးသမီးလောကအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလို့ ဆိုရမှာပါပဲ။

ဒါပေမဲ့လည်း သူတို့ရဲ့ခရီးဟာ ပန်းခင်းသောလမ်းတော့ မဟုတ်ပါဘူး။ အစဉ်အလာ အိမ်တွင်းမှုကိစ္စတွေကနေ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအထိ ခရီးဆန့်မယ့် အမျိုးသမီးတွေကို သမိုင်းတစ်လျှောက်လုံး ဒီကဏ္ဍနယ်ပယ်တွေမှာ ကြီးစိုးခဲ့တဲ့ ယောက်ျားတွေက အထင်သေးကြ၊ ရှုတ်ချကြ၊ ပြစ်တင်ကြတယ်လို့ ကာယကံရှင်တွေက ပြောပြကြပါတယ်။ တချို့ဆိုရင် ဂုဏ်သိက္ခာထိခိုက်လောက်အောင်အထိ အပြောခံရ၊ သွားရာလာရာမှာ လုံခြုံရေးအရ စိတ်မချရတာမျိုးအထိပါ ကြုံရပါတယ် တဲ့။

အဲဒီအချိန်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အများစုက သူတို့ဟာ အမျိုးသမီးဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ထိပါးပြောဆိုခံရမှာ  အကြောက်ဆုံးပဲလို့ ပြောပါတယ်။ တချို့ဆို မဲမဆွယ်ခင် အချိန်ကတည်းက တိုက်ခိုက်ပြောဆိုခံနေရကြောင်းကို ရင်ဖွင့်ကြပါတယ်။ တချို့လည်း နိုင်ငံရေးကိစ္စအတွက် ယောက်ျားလေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားလာပြောဆိုရင် စွပ်စွဲ၊ ဝေဖန်ခံရတာမျိုးတွေ ကြုံရတယ်လို့ ပြောပါတယ်။ ဒါကိုတော့ ကျွန်မ သိပ်မအံ့ဩပါဘူး။ မိန်းကလေးသူငယ်ချင်းထက် ယောက်ျားလေးသူငယ်ချင်း များတဲ့ ကျွန်မကို နောက်ကွယ်မှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ထိခိုက်နစ်နာအောင် ပြောဆိုတာတွေ ကြုံရတာ ခဏခဏပါပဲ။ ဒီနေ့အချိန်အထိလည်း ကြုံနေရတုန်းပါပဲ။

ယောက်ျားလေးမိတ်ဆွေတွေရှိတဲ့ ကျွန်မက အပေါစားမိန်းမလိုလို၊ အပြစ်ကြီး ကျူးလွန်ထားတဲ့ လူသားတစ်ယောက်လိုလို အပြောခံရဖူးပါတယ်။

ကမ္ဘာကြီးမှာ မိန်းကလေးဖြစ်ရတာ မလွယ်ကူပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ ပိုလို့တောင် မလွယ်ကူပါသေးတယ်။ မိန်းကလေးဆိုရင် အလကားနေရင်းနဲ့ကို အထင်အမြင်သေး ဆက်ဆံတတ်သူတွေ မနည်းမနောပါ။ မိသားစုထဲမှာဆိုရင်လည်း မိန်းကလေးမို့လို့ဆိုပြီး ဦးစားပေးခံရတာ နည်းပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဝေဖန်ပြစ်တင်ခံရသံနဲ့ မလွတ်ပါဘူး။ တခြား ဝေဖန်စရာရှာမရတော့ နိုင်ငံခြားသားနဲ့လက်ထပ်ခဲ့တဲ့ အတွက် မျိုးမစစ်ဘူးဆိုပြီး တချို့က ပြောကြပြန်ပါတယ်။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ လူတစ်ယောက်ရဲ့ပုဂ္ဂလိကဘဝပဲ မဟုတ်ပါလား။ အိမ်ထောင်ရေးပဲဖြစ်ဖြစ် လူမှုပေါင်းသင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကာယကံရှင်တွေထက်ပိုပြီး ဘေးလူတွေက ပိုသိပိုတတ်နေသလို ဝင်စွက်ဖက်ချင်နေတော့လည်း မခက်ဘူးလား။ ဝေဖန် အပြစ်တင်သံတွေကိုသာ လိုက်ဂရုစိုက်နေရရင် အမျိုးသမီးတစ်ယောက်အနေနဲ့ နေစရာတောင် ရှိမှာမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။

ခေတ်ကာလတွေ ရွေ့လျား ပြောင်းလဲလာခဲ့ပေမဲ့လည်း အမျိုးသမီးတွေကို အထင်အမြင်သေး ဆက်ဆံတတ်တဲ့စိတ်က သိပ်ပြီး ပြောင်းလဲလာတာတော့ မတွေ့ရပါဘူး။

ပညာရေးပိုင်းမှာဆိုရင်လည်း ယောက်ျားလေးထက် မိန်းကလေးကို ဦးစားပေးခဲပါတယ်။ အချိန်တန် အိမ်ထောင်ပြု၊ ကလေးမွေးရင် နင့်ယောက်ျား ရှာကျွေးလိမ့်မယ် ဆိုတဲ့ အယူအဆရှိတဲ့ လူကြီးတွေ အများအပြားရှိနေပြီး သူတို့က အချိန်တန် လင်ယူသားမွေးမယ့်သူတစ်ယောက်အတွက် ပိုက်ဆံတွေ အလကား အကုန်မခံချင်တဲ့သဘော ရှိတတ်ပါတယ်။

အိမ်အလုပ်တွေကိုလည်း သမီးမိန်းကလေးများကသာ အများဆုံး လုပ်ကိုင်ရသူတွေပါ။ အမျိုးသမီးဆိုရင် ဟိုနေရာတွေ မသွားရဘူး၊ သည်နေရာ မသွားရဘူး၊ ဟိုလိုမထိုင်ရဘူး၊ ဒီလို ထိုင်ရမယ်၊ ဟိုလိုမပြောရဘူး၊ ဒီလိုပဲပြောရမယ် စသည်ဖြင့် ကန့်သတ်ထားတတ်ကြပါတယ်။

ရပ်ကွက်ထဲမှာ မိန်းကလေးတစ်ဦးတစ်ယောက် ပျောက်သွားတယ်ဆိုတာနဲ့ အလုပ်ကိစ္စနဲ့သွားတာလား မိသားစုကိစ္စတစ်ခုကြောင့် အိမ်မှာ မရှိတာလား ဆိုပြီး မစဉ်းစားဘဲ  လင်နောက်လိုက်ပြေးတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချသူတွေလည်း ရှိတတ်ပါတယ်။

မိန်းကလေးတစ်ယောက် ပိန်လာပြီး ဆေးခန်းခဏခဏ သွားပြီဆိုတာနဲ့ ကိုယ်ဝန်ဖျက်ချတာ နေမှာပါဆိုပြီး အတင်းပြောကြတာလည်း မနည်းမနောပါပဲ။

ယောက်ျားလေးသူငယ်ချင်းတွေ ရှိတယ်ဆိုရင်လည်း အပေါစား၊ တန်ဖိုးမရှိ၊ မကောင်းတဲ့ မိန်းမဆိုပြီး အပြောခံရတတ်ပါသေးတယ်။

မိန်းကလေးတွေ စုပြီးငှားနေတဲ့အိမ်ကို ယောက်ျားလေးသူငယ်ချင်းတွေ လာလည်လိုက်မိလို့ကတော့  မကောင်းတာလုပ်စားတဲ့အိမ်ဆိုပြီး ရပ်ကွက်ထဲ နာမည်ကြီးခံရဖွယ် ရှိပါတယ်။

အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အခုလည်း အမတ်လောင်းအမျိုးသမီးတွေကို ပြိုင်ဘက်အမျိုးသားအမတ်လောင်းတွေကရော ပတ်ဝန်းကျင်ကပါ အမျိုးမျိုး တိုက်ခိုက် ပြောဆိုနေကြတယ်ဆိုတာကို ကြားသိရပါတယ်။

အဲလိုမကောင်းပြောဆိုတဲ့အတွက် လူ႔ပတ်ဝန်းကျင်မှာ ဘယ်လောက်ထိ ဂုဏ်သိက္ခာ ထိခိုက်သွားလဲဆိုတာကို သူတို့ နားမလည်ပါဘူး။ သူတို့နားလည်တာက တိုက်ခိုက်မယ်၊ အပြစ်တင်မယ်၊ ဝေဖန်ပြောဆိုမယ် ဒီလောက်ပဲ။

လူအများအပြားက အမျိုးသမီးတွေကို ခေါင်းဆောင်နေရာ မပေးချင်ကြသလို  အမျိုးသမီးဆိုရင် ဘာမှ သုံးမရတဲ့ အရာတစ်ခုလိုကို သတ်မှတ်ထားကြတာပါ။

မိန်းမတစ်ယောက်နဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိ တကယ်ရှိတယ်ဆိုရင် ဘာမှ အတင်းအဖျင်း ပြောနေစရာမလိုပါဘူး။ ရိုးရိုးသားသား ယှဉ်ပြိုင်ရဲရမှာပေါ့။

အမျိုးသမီးဆိုတာဟာလည်း လူသားဖြစ်တဲ့အတွက် အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီး အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာကို လက်တွဲကြိုဆိုရမယ့်အစား   ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။

အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတွေထက် အရည်အချင်းရှိတယ်လို့ သတ်မှတ်ရင် ပြိုင်ဘက်တွေထဲက အမျိုးသမီးတွေကို အဆင့်အတန်းရှိရှိ ယှဉ်ပြိုင်သင့်၊ ပြောဆိုသင့်တယ်လို့ မိန်းမသားတစ်ယောက်အနေနဲ့ ထင်မြင်မိပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသမီးတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးမှာပါဝင်မှုတို့နဲ့ ပတ်သက်လာရင် အခြေအနေက အဆိုးကြီး မဟုတ်ဘဲ တချို့နိုင်ငံတွေထက်တောင် ရှေ့ရောက်ဖူးတဲ့ သာဓကရှိပါတယ်။  အင်္ဂလိပ်လက်ထက် ၁၉၂၇ မှာ အမျိုးသမီးတွေ မဲပေးခွင့် စရခဲ့ပါတယ်။ အဲဒီအချိန် ကမ္ဘာ့နိုင်ငံကြီး အတော်များများမှာ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ ရုန်းကန်နေရဆဲပါ။ အရှေ့တောင်အာရှမှာ မြန်မာဟာ  အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ အစောဆုံးနိုင်ငံထဲ ပါဝင်ပါတယ်။ ၁၉၃၆ ခုနှစ် ဒိုင်အာခီစနစ်အရ ပေါ်လာတဲ့ ပထမဆုံးသော ဥပဒေပြုလွှတ်တော်မှာ မော်လမြိုင်က ဒေါ်နှင်းမြဟာ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီနောက် ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီလိုအစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ကမ္ဘာမှာ လက်မထောင်နိုင်အောင် ဆက်လက် ကြိုးပမ်းရမှာပါ။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ပတ်သက်လာတာကို လူ့အဖွဲ့အစည်းက လက်တွဲကြိုသင့်တယ်လို့ မြင်ပါတယ်။ ယောက်ျားများသာမက အမျိုးသမီးတွေကိုယ်နှိုက်ကလည်း ခေါင်းဆောင်မှုပိုင်းမှာ ပါဝင်လာမယ့် အမျိုးသမီးတွေကို အားပေးချီးမြှောက်သင့်ပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက အရည်အချင်း မပြည့်မီဘူး၊ မူဝါဒပိုင်း မှားနေတယ်ဆိုရင် ဝေဖန်ပါ။ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာသာ တိုက်ခိုက်ပြောဆိုတာ ဆိုရင်တော့  လူကျင့်ဝတ်ကို ချိုးဖောက်တယ်လို့ကို ယူဆပါတယ်။   ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading