"မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယအများဆုံး နိုင်ငံဖြစ်နေ တယ်"

မြန်မာပြည်တွင်းစားသုံးမှုထက် ပိုလျှံအောင် ဆန်၊ စပါးထွက်သော်လည်း ရိက္ခာ မလုံလောက်သည့်နေရာ အများအပြား ရှိနေသေးသည်ဟု  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြောသည်။

Published on Jan 31, 2016
ဓာတ်ပုံ-မဇ္စျိမ
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန် - မြန်မာနိုင်ငံရှိကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) သည် ၂ဝ၁၆ ခုနှစ်ကုန်အ ထိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဒေါ်လာ ၅၁ သန်း လိုအပ်လျက် ရှိသည်။

ဝန်ထမ်းအင်အား ၂၅ဝ အထိ မြန်မာနိုင်ငံတွင် ခန့်ထားပြီးသော WFP က ၂ဝ၁၅ ခုနှစ် အတွင်း လူဦးရေ ၁ ဒသမ ၂ သန်းကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခဲ့ရာတွင် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည် ငါးသိန်းခန့်အတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုလည်း ပါဝင်သည်။

Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက WFP ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dom Scalpelliကို သွားရောက်တွေ့ဆုံပြီး လိုအပ်ငွေကြေး ပမာဏကြောင့် ဖြစ်နိုင်ဖွယ်အကျိုးဆက်၊ မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေရဆဲအကြောင်းများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်

ရန်ပုံငွေ မလုံလောက်မှုအပေါ် ဘယ်လောက်အထိ စိုးရိမ်မိသလဲ။ ဒါဟာ ရေရှည်အခက်အခဲ တစ်ခုရဲ့ အစိတ်အပိုင်း တစ်ရပ်လား။

စိတ်မကောင်းစရာတစ်ခုက ကျွန်တော်တို့လုပ်ငန်းဟာ ပုံမှန်အားဖြင့် ရန်ပုံငွေလုံလောက်မှု မရှိပါဘူး။ မီးသတ်ဌာနတစ်ခု မီးသတ်ကားတွေဝယ်ဖို့ ဒါမှမဟုတ် အဲဒီကားတွေကို ဆီထည့်ဖို့ ငွေ ပုံမှန် လိုနေသလိုပါပဲ။ ဥပမာဆိုရရင် မီးလောင်ပြီဆိုတော့မှ မြို့ထဲကို အပြေးအလွှားသွား၊  ငွေရှာရသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်းရေကြီးပြီဆိုရင်၊ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူတွေ ထွက်ပြေးရပြီဆိုရင် ဖြစ်ပုံက ခုနကလိုပါပဲ။  အရေးပေါ်အခြေအနေတစ်ခု ဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာ နောက်ထပ် ရန်ပုံငွေတွေ လိုက်ရှာရပါတော့တယ်။ ဒါဟာ မဖြေရှင်းနိုင်သေးတဲ့ အခက်အခဲပါ။ ဒါပေမဲ့ ဒါက လက်ရှိသွားနေတဲ့ စနစ်ပါပဲ။

ရန်ပုံငွေမရှိတဲ့အတွက် လူသားချင်းစာနာတဲ့ အကူအညီပေးတဲ့ လုပ်ငန်းအပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်ပါသလဲ။

စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ဧပြီလအထိတော့ ရိက္ခာ လုံလောက်ပါတယ်။ အဲဒီ နောက်ပိုင်းဆိုရင်တော့ အခက်အခဲ ရှိလာပါပြီ။ ကျွန်တော်တို့က ပုံမှန်အလှူရှင်တွေ၊  နောက်တိုးအလှူရှင်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေတာကြောင့် ဧပြီလမတိုင်မီ နောက်ထပ် လှူဒါန်းထည့်ဝင်တာတွေ ရလာနိုင်မယ်လို့ အရမ်းကို မျှော်လင့်ထားတာပါ။

ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခါမျိုးမှာ ကျွန်တော်တို့က လူ့အသက်ကယ်တဲ့ လုပ်ငန်းတွေကို ဦးစားပေးရပါတယ်။ ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊  ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် တို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ (အထူးသဖြင့် အဲဒီပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့သူတွေ)၊  ရေကြီးမှုနဲ့ မြေပြိုမှု ကြုံတွေ့ခံစားခဲ့ရသူတွေကို အစာအာဟာရ ထောက်ပံ့ပေးပါတယ်။

ဒုတိယဦးစားပေးအနေနဲ့ကတော့ စားနပ်ရိက္ခာလုံလောက်မှု မရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေမှာ အာဟာရပြည်စုံတဲ့ မုန့်တွေကို မူကြို၊  သူငယ်တန်းကလေးပေါင်း၂၃ဝ,ဝဝဝ ခန့်ကို ကျွေးမွေးတဲ့ နေ့စဉ် ကျောင်းမှာလုပ်တဲ့ အစီအစဉ်မျိုးကတော့ မိဘတွေ ကိုယ့်သား၊ သမီးတွေကို ကျောင်းပို့အောင် ဆွဲဆောင်တဲ့အရာ ဖြစ်ပါတယ်။

အခြားသော ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေဖြစ်တဲ့ ဆည်၊  ငါးကန်၊  လမ်း၊  တံတားအစရှိတဲ့ လူမှုအခြေခံအဆောက်အဦတွေ ပြန်လည်ထူထောင်ပေးတာကလည်းဒီသဘောပါပဲ။ ဒါဟာ အနာဂတ်မှာ လာမယ့် ထင်မထားတဲ့ ဘေးဒုက္ခတွေကို ကာကွယ်ရာမှာ ဒါမှမဟုတ် လျှော့ချရာမှာနဲ့ ဒုက္ခကြုံရင်လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ပေးရာမှာ အထောက်အကူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ ပိုလျှံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ဒေသအများအပြား အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အစားအစာ မလုံလောက်တာကြောင့် လူကြီးလူငယ်တွေမှာ အာဟာရ မပြည့်ဝတာကို တွေ့နေရပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။

ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ အာဟာရချို့တဲ့စွာ စားရတဲ့ သူအချို့ကို အနည်းနဲ့ အများဆိုသလို တွေ့ရပါတယ်။  ဒါဟာလည်း အသိပညာဗဟုသုတနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အာဟာရရှိတဲ့ အစာကို စားသုံးနိုင်တဲ့အနေအထားမှာ ရှိရင်တောင်မှ လူတွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ အမြဲစားချင်မှ စားပါလိမ့်မယ်။ စားချင်မှတောင် စားမှာပါ၊ အဲဒါကို ရောင်းပစ်ပြီး ပိုပြီးဈေးသက်သာတာတွေကို ပြန်ဝယ်စားတာမျိုးလည်း ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ဆန်စပါးထုတ်လုပ်မှု ပိုလျှံတယ်ဆိုတာ မှန်ပါတယ်။  မြန်မာတွေအတွက်ကတော့ ဆန်ရှိခြင်းဟာ စားနပ်ရိက္ခာရှိခြင်းပါပဲ။ ဒါပေမယ့် ဒီမှာ စားသုံးနေတဲ့ ပုံစံအရတော့ ဆန်ကို စားရုံသက်သက်မျှနဲ့ အာဟာရရှိသွားတာတော့ မဟုတ်ပါဘူး။

ဆန်ညိုကို စားတဲ့သူ တော်တော်နည်းပါတယ်။ ဆန်တွေကို ဖြူနိုင်သမျှဖြူအောင် ဖွတ်ထားတဲ့ ဆန်တွေကို စားကြတော့ အဲဒီဆန်မှာပါတဲ့ အာဟာရတွေ အများကြီး ဆုံးရှုံးကုန်ပါတယ်။ ချင်းပြည်နယ်မှာလည်း မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို သွားမယ်ဆိုရင် ကားကောင်းမယ်ဆိုရင်တောင်မှ သုံးနာရီလောက် ကြာပါတယ်။ ဒီတော့ အစားအစာတွေကို ဝယ်လို့ရတယ် ဆိုပေမယ့် ဈေးကြီးတယ်။ အဲဒီဒေသမှာ ရေကြီးတုန်းက ကြုံခဲ့ရဖူးတယ်၊ ဆန်တစ်အိတ်ကို အရင်က အခြားနေရာတွေထက် ဈေးကြီးပြီး ကျပ်သုံးသောင်းကျော်လောက် ရှိရာကနေ ကျပ်တစ်သိန်းကျော် ဖြစ်သွားတယ်။ သွားရေးလာရေး ခက်ခဲတာကလည်း ပြဿနာတစ်ခုပါ။

မြေနဲ့ အခြားရင်းမြစ်တွေ အသုံးပြုနိုင်မှု နည်းပါးတာသို့မဟုတ် မျှမျှတတ မဖြစ်တာ၊ စိုက်ပျိုးရေး ရေခံမြေခံ မကောင်းမွန်တာ၊ တစ်ခုခုဖြစ်ရင် နာလန်ထူနှေးတာတွေကြောင့် မြေယာမဲ့တွေ၊ လက်လုပ်လက်စားတွေနဲ့ တိုင်းရင်းသားတွေလိုမျိုး အစကတည်းက တစ်ပန်းရှုံးပြီးသား သူတွေအတွက် အစားအစာ မလုံလောက်မှုဟာ ကြုံနေကျ ပြဿနာတစ်ရပ်ပါ။ လယ်သမားအများစုမှာ စိုက်ပျိုးနိုင်တဲ့ မြေ နည်းနည်းပဲ ရှိပါတယ်။ ဒီအခြေအနေကြောင့် သူတို့အနေနဲ့ မိသားစုအတွက် လိုအပ်မယ့် အစားအစာ၊  ဟင်းသီးဟင်းရွက်တွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ မရပါဘူး။

စိုက်ပျိုးရေးလုပ်ငန်းကလည်း ရှိသင့်သလောက် မကောင်းမွန်ပါဘူး။ အပူပိုင်းဒေသတွေမှာ ဆိုရင် မြေကြီးတွေက သဲဆန်ပြီး မိုးရွာသွန်းမှုက နည်းပါတယ်။ တောင်တန်းဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်နိုင်တဲ့ မြေက အနည်းအကျဉ်းပဲရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ကာလတစ်ခုတစ်ခုကလည်း အင်မတန် တိုတာကြောင့် မြေဆီသြဇာ အသစ်ပြန်ဖြစ်ဖို့ မလွယ်ဘူး။

တိုင်းရင်းသားဒေသတွေမှာ လွတ်လွတ်လပ်လပ်/သို့မဟုတ် စိတ်ချလက်ချ သွားလာနိုင်ခြင်း မရှိတာကြောင့် မြေယာနဲ့ အသက်မွေးလုပ်နိုင်မယ့် အခြေအနေကောင်းတွေ ပိုပြီး လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှု အများဆုံး ဖြစ်နေတာ ဘယ်နေရာတွေလဲ၊  ဘာကြောင့် ဖြစ်ရတာလဲ။

အဓိကဖြစ်နေတဲ့ နေရာတွေကတော့ နယ်စပ်ဒေသတွေ၊  အပူပိုင်းဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဝေးလံခေါင်ဖျားပြီး သီးခြားလို ဖြစ်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း မရှိ သလို စိုက်ပျိုးမြေလည်း နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊  အလုပ်အကိုင် အခွင့်အလမ်းမရှိတာနဲ့ မြေယာရှားပါးမှုတို့ ဖြစ်နေပါတယ်။ အပူပိုင်းဒေသမှာတော့ မြေဆီသြဇာ ညံ့ဖျင်းမှုနဲ့ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်တွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝမှုဟာ ဘယ်လောက်ထိ ဆိုးနေသလဲ။

 အရှေ့တီမောနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ပြီးရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရ ချို့တဲ့မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေတယ်။ အမှန်ဆို ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်၊  ဒီရင်းမြစ်တွေကို ပညာရေး၊  လူနေမှုဘဝတွေအတွက် အသုံးချနိုင်ဖို့နဲ့ အာဟာရ ပိုမို ပြည့်ပြည့်ဝဝရှိအောင် စားတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာတော့ ပိုကောင်းမွန်တဲ့ အာဟာရစားသုံးမှု မြှင့်တင်အောင် ရှိရင်းစွဲ ယဉ်ကျေးမှုဓလေ့တွေကိုလည်း ပြောင်းလဲရပါလိမ့်မယ်။

အစားအစာလိုအပ်ချက် အများဆုံးနေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေး ၃၄ ရာခိုင်နှုန်းဟာ အာဟာရ ချို့တဲ့တာကြောင့် အရေအတွက်နဲ့ဆိုရင် ကလေးသုံးယောက်မှာ တစ်ယောက်က အရပ် တော်တော်လေး ပုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ နေရာမှာဆိုရင် အာဟာရချို့တဲ့ဒဏ် ကြုံတွေနေရသူ ၅ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (အယ်ဒီတာ့မှတ်ချက် - ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့် နေထိုင်သည်)

ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ဂျပန်မှာ အရပ်ပုတဲ့သူ တော်တော် များသေးတယ်။ အခု တိုကျိုကို သွားကြည့်လိုက်ပါ၊ အများစုက အရပ်အမောင်း ကောင်းနေကြပြီ၊ မျိုးဆက်တစ်ခုလောက်ပဲ ကြာခဲ့ပါတယ်၊ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။ အာဟာရပြည့်ဝမှုဆိုတာ အစားအစာ တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးကောင်းမွန်ရေး၊  သန့်ရှင်းရေးတို့နဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် တောင်အာရှမှာဆိုရင် သန့်ရှင်းရေးညံ့ဖျင်းလို့ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ မွေးကင်းစကလေး တစ်ဦးအတွက် ပထမဆုံး ရက် ၁,ဝဝဝ မှာ မိခင်နို့သက်သက် တိုက်ကျွေးခြင်းနဲ့ ခြောက်လပြည့်ပြီး နောက်မှာ ဖြည့်စွက်စာပါ ထည့်ကျွေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ကိစ္စကို နေရာတိုင်းမှာ လုပ်လို့ မရနိုင် ပြန်ပါဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုတွေက အမျိုးမျိုးဖြစ်နေလို့ပါ။

အာဟာရချို့တဲ့မှုဟာ ဘဝတစ်လျှောက်လုံးအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အစားအစာ လုံလောက်မှုမရှိတဲ့ နေရာဒေသတစ်ခု အာဟာရမပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးမယ်ဆိုရင် အဲဒီမွေးလာတဲ့ ကလေးဟာ စိတ်ပိုင်းဖြစ်ဖြစ် ရုပ်ပိုင်းဖြစ်ဖြစ် တစ်စုံတစ်ရာ ယုတ်လျော့ ချို့တဲ့မှု ရှိနိုင်ပါတယ်။

မွေးကင်းစကလေးဟာ ပထမဆုံး ရက် ၁,ဝဝဝ မှာ အာဟာရ လုံလုံလောက်လောက် မရရှိဘူးဆိုရင် ဦးနှောက်ဟာ ပုံမှန် မဖွံ့ဖြိုးနိုင်ပါဘူး။ ရှိသမျှလူတွေအားလုံး ဒီလိုမျိုးဖြစ်နေရင်လို့ တွေးကြည့်လိုက်လေ။ နိုင်ငံတစ်နိုင်ငံမှာ ကလေးငယ်တွေ အာဟာရချို့တဲ့မှု တစ်ခုတည်းကြောင့်ပဲ အဲဒီနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဆုံးရှုံးမှုဟာ ဂျီဒီပီရဲ့ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းလောက် အထိ ရှိနိုင်တာကို လေ့လာ တွေ့ရှိထားပါတယ်။ ဒီလိုအဖြစ်မျိုးကို ရပ်တန့်ပစ်နိုင်တယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေရပြီဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို လုံလုံလောက် စားပြီး သန့်ရှင်းတဲ့ရေကို သောက်ဖို့ လိုပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာလည်း မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးမယ်၊  အဲဒီနောက်မှာလည်း အာဟာရရှိတဲ့ အစာကိုသာ ကျွေးမယ်ဆိုရင် ကလေးငယ်အနေနဲ့ အသက် နှစ်နှစ်လောက်အထိ ကျန်းမာစွာနဲ့ ကြီးထွားလာနိုင်ပါတယ်။

ဒါတင် မပြီးသေးပါဘူး။ ကလေးဟာ အရွယ်ရောက်ရင် ကျောင်းသွားရမှာမို့လို့ အာဟာရရဲ့ အရေးပါပုံကို သူတို့ နားလည်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ပညာသင်နေတဲ့အချိန် ပိုကြာလေ ကလေးမွေးတာလည်း ပိုပြီး နောက်ကျလေပါပဲ။ အသက်ငယ်ငယ်နဲ့ ကလေးမမွေးတော့ရင် မွေးလာတဲ့ကလေးက ပိုကျန်းမာဖို့ပဲရှိပါတယ်။ ဒါ့ပြင် သူကိုယ်တိုင်ကလည်း သားဆက်ခြားဖို့ အလားအလာ ပိုများပါတယ်။

ဒီပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ အစိုးရအနေနဲ့ရော ဘာတွေ လုပ်သင့်သလဲ။

အားဖြည့်ဆန် ထုတ်လုပ်ဖို့ ကျွန်တော်တို့က မြန်မာအစိုးရ၊  အခြားအဖွဲ့အစည်းတွေနဲ့ စတင် လုပ်ဆောင်နေပါတယ်။ ဒါကို ကြိုးစားလုပ်ဆောင်ပြီး ဈေးကွက်ထဲမှာ ရောင်းချနိုင်မယ်၊ ကျွန်တော်တို့ရဲ့ အာဟာရဖြည့်ဆည်းရေး အစီအစဉ်တွေအတွက် ဝယ်ယူသွားမှာပါ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လူတွေဟာ တစ်ဦးချင်း ဆန်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လူတစ်ဦး ဆန်စားသုံးမှုဟာ တစ်နှစ်ကို ကီလိုဂရမ် ၂ဝဝ ကျော်ပါတယ်။ တကယ်လို့ ဒီပမာဏအတိုင်း အာဟာရဖြည့် အစားအစာတစ်မျိုးမျိုးကို စားသုံးနိုင်မယ်ဆိုရင် အာဟာရချို့တဲ့မှု ပြဿနာကို အကောင်းဆုံး မဟုတ်တောင်မှ ရေရှည် ဖြေရှင်း ဆောင်ရွက်သွားနိုင်မှာပါ။

အာဟာရဖြည့်ဆန်တွေ လောလောဆယ် ပို့မပေးနိုင်သေးတဲ့ နေရာတွေအတွက် အဲဒီဒေသက လူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရနိုင်ရေး၊ အမျိုးအစားစုံလင်အောင်  စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ပေါက်ရောက်မှု ရရှိနိုင်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုပါတယ်။ မြန်မာလို နိုင်ငံမျိုးအနေနဲ့ အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒီကိစ္စကို ဦးစားပေး သတ်မှတ်ဖို့ပါပဲ။

မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ပညာရေး၊ အနုပညာ၊ အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုမယ့်လူတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ အာဟာရပညာရှင် မပေါ်ထွန်းသေးပါဘူး။ လုပ်ချင်စိတ်နဲ့ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။

လုံးဝ ငတ်မွတ်မှုပပျောက်ရေး အစီအစဉ်ကို မြန်မာအစိုးရက ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှာ ချမှတ် ခဲ့ပါတယ်။ ဒါဟာပထမအဆင့်ပါ။ တစ်ကမ္ဘာလုံးမှာ ဆောင်ရွက်မယ့် ရှေ့ဆောင်အစီအစဉ်လည်း ဖြစ်ပါ တယ်။ ၂ဝ၂၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ လူကောင် သေးကွေးညှက်တဲ့ ကလေးငယ်တွေ လုံးဝမရှိတော့အောင် တိကျတဲ့တာဝန်တွေ ပေးထားတဲ့ အာဟာရပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ် မူကြမ်းတစ်ခု ချမှတ်ထားပါတယ်။   

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading