ခြေဥပြင်ရေး လွှတ်တော်တွင်းလှုပ်ရှားမှုကို ပြင်ဦးလွင်တွင် ထောက်ခံ

ပြင်ဦးလွင်မြို့ ဆန္ဒပြပွဲတွင် အခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ပေါင်း ၁,၂၀၀ ကျော် ရရှိကြောင်း သိရသည်။

၂၀၁၉ မတ် ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်းရောက် ဒေသခံတို့က ပြည်သူ့ဆန္ဒနှင့် ထပ်တူမရှိသည့် ၂၀၀၈ အခြေခံဥပဒေ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြသည် (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်း ဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ် လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် လူအင်အား ၁,၀၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်သူက တင်မြောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲသည့် ဥပဒေသာလျှင် ဂုဏ်သိက္ခာနဲ့ညီကြောင်း၊ ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူက ဘာမျှမသိဘဲ ရေးဆွဲခဲ့သည့် ဥပဒေကြီးဖြစ်ကြောင်း အဆိုပါ ထောက်ခံပွဲတွင် ဟောပြောသည့် စာရေးဆရာ ထင်လင်းဦးက ဆိုသည်။

"၂၀၀၈ ခုနှစ်မှာ နာဂစ် (မုန်တိုင်း) ဖြစ်ပြီး ပြည်သူတွေ ဒုက္ခအကြီးအကျယ် ရောက်နေချိန်မှာ ဇွတ်အတင်းထောက်ခံခိုင်းတဲ့ ဥပဒေကြီး ဖြစ်တယ်ဟု ၎င်းက ပြောသည်။

"၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်မှ ငြိမ်းချမ်းရေးရမယ်၊ ဒီ ပြည်သူ့ဆန္ဒ မပါတဲ့၊ ကျက်သရေမရှိတဲ့ ဥပဒေကြီးကို ဘာကြောင့် ကာကွယ်ချင်နေကြတာလဲ” 

မြို့အသီးသီး၌ ပြုလုပ်နေသော အခြေခံဥပဒေ  ပြင်ဆင်ရေး ထောက်ခံပွဲများသည် ပဏာမ လုပ်သည့် ပွဲများသာဖြစ်ပြီး လာမည့် လေးငါးလ အကြာတွင် ပြည်လုံးကျွတ် ဆန္ဒထုတ်ဖော်ပွဲကြီးတစ်ခု ရှိသေးကြောင်းလည်း ပြောသည်။

ယနေ့ ထောက်ခံပွဲသို့ ရောက်ရှိလာသည့်လူများသည် တိုင်းရင်းသားပြည်သူ ခွင့်တူညီမျှရရှိရေး အခြေခံဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ ပြည်သူ့ဆန္ဒနဲ့ထပ်တူမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်စို့ အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

ယခင်က မေမြို့၊ ယခု ပြင်ဦးလွင်ဟု ပြောင်းလဲထားသော မြို့နယ်တွင် ပြုလုပ်သော လှုပ်ရှားမှုသို့ ရောက်ရှိလာသူများက အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံကြောင်း လက်မှတ်ထိုးကြရာ လက်မှတ်ပေါင်း ၁,၂၀၀ ကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။

လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံသည့် လှုပ်ရှားမှုများ ယခုလအတွင်း မြို့အများအပြားတွင် ပေါ်ပေါက်လာသည်။ လဆန်းပိုင်းတွင် မန္တလေး၊ ပုသိမ်၊ မိုးမိတ် စသည့် ဒေသများ၊ လလယ်ပိုင်းတွင် ကျောက်ဆည်၊ ချောက်၊ ပခုက္ကူ၊ ရွှေဘို စသည့်ဒေသများမှ ပြည်သူ အများအပြားက ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

နေပြည်တော် လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကော်မတီဖွဲ့စည်းပြီး ဝိုင်းဝန်း ဆွေးနွေးရေးကို  အာဏာရပါတီက မကြာသေးမီက စတင် စီစဉ်ခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ ဦးကော်မတီဟုလည်း ခေါ်ဆိုကြသည်။

အဆိုပါ ခြေဥပြင်ရေးကော်မတီဖွဲ့သည့်  အာဏာရပါတီ၏ လုပ်ရပ်သည်  လုပ်ထုံးလုပ်နည်းနှင့်မညီဟု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က မတ် ၁၅   ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးခဲ့သည်။

"၄၅ ဦး ပူးပေါင်းကော်မတီဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးလမ်း ကြောင်းကနေ သွေဖည်နေကြောင်း၊ ကန့်ကွက်မှုတွေ၊ ထောက်ပြမှုတွေ ရှိတဲ့ကြားက ကော်မတီကို မဲခွဲ ဆုံးဖြတ် ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်" ဟု ဗိုလ်မှူးရဲနိုင်လွင်က ဝေဖန်ခဲ့သည်။    ။
 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading