"ဆေးသုံးတိုင်း ဆေးစွဲတာ မဟုတ်ဘူး"

မူးယစ်ဥပဒေရှိ ပြဋ္ဌာန်းချက်တချို့မှာ အစိုးရမူဝါဒနှင့် ဆန့်ကျင်နေသဖြင့် ပြင်ဆင်ရမည်ဟု စောမွန်အသင်းက ပြောသည်

စောမွန်အသင်းမှ ဒေါက်တာထွေးကြူနှင့် တွေ့ဆုံမေးမြန်းခြင်း
စောမွန်အသင်းမှ ဒေါက်တာထွေးကြူနှင့် တွေ့ဆုံမေးမြန်းခြင်း

မူးယစ်ဥပဒေတွင် အစိုးရ၏ မူးယစ်ဆေးဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အချက်တချို့ ပါဝင်နေသဖြင့် ထပ်မံ ပြင်ဆင်သင့်သည်ဟု စောမွန်လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာထွေးကြူက ပြောသည်။

မူးယစ်ဆေးဆိုင်ရာ မူဝါဒ၊ ဥပဒေတို့နှင့် ပတ်သက်ပြီး လေ့လာနေသည့် စောမွန်အသင်းက  အစီရင်ခံစာတစ်စောင် မကြာသေးခင် ထုတ်ဝေလိုက်ပြီး ထိုအစီရင်ခံစာတွင် မူးယစ်ဆေးဥပဒေကို ထပ်မံပြင်ဆင်သည့်ကြောင်း တိုက်တွန်းထားသည်။

Myanmar Now သတင်းထောက် ခင်မို့မို့လွင်နှင့် တွေ့ဆုံစဉ်  ဒေါက်တာထွေးကြူးက မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေး နည်းလမ်းတချို့အကြောင်း ပြောပြထားသည်။

မေး -  မနှစ်ကမှ ပြင်ဆင်လိုက်တဲ့ ဥပဒေကို ဘာကြောင့် ထပ်ပြင်ဖို့ လိုအပ်တာလဲ။

ဖြေ -  အဓိကက ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတာတွေရယ်၊ အတင်းအဓမ္မ မဖြစ်မနေ ဆေးကုသမှု ခံယူဖို့ တည်ထားတဲ့ လမ်းကြောင်းတွေ ရှိတယ်။   ဆေးသုံးတဲ့လူတစ်ယောက်က မိမိဆန္ဒအရ ဆေးကုသမှု ခံယူတာကို အားပေးရမယ်ဆိုပြီး မူဝါဒ က ဒီလို ပြောတယ်။   ဥပဒေကတော့ ဆေးသုံးတဲ့သူကို သူ့အိမ်သူ ထိုင်နေလည်း  စာရင်းကောက်ထားပြီဆိုတော့ နေလို့ မရဘူး။ ဆေးသုံးတယ်လို့ သံသယ ရှိလို့ တစ်ယောက်ယောက်က ရဲသတင်းပေးရင်လည်း ရဲက သိမှာပဲ။ ရဲက သူ့ကို ဆေးကုသခံဖို့ သွားခိုင်းမယ်။ မခံဘူးဆို တရားရုံးကို သွားပြီးတော့ ခံဝန်ချက် ချုပ်မယ်ဆိုတာမျိုး လုပ်ထားတယ်။ မကုဘဲ နေလို့ မရတော့အောင် ဒီလမ်းကြောင်းက ပေးထားသလိုမျိုး ဖြစ်နေတယ်။ မိမိဆန္ဒထက် ဥပဒေကြောင်းအရ ဒီလို ဖြစ်သွားတယ်။

မေး -  မူးယစ်ဆေးဝါး သုံးရင် ဆေးကုဖို့ လိုအပ်တာပဲ မဟုတ်ဘူးလား။ လူတွေ ဒီလိုပဲ နားလည်ထားတာပဲ။

ဖြေ -   နိစ္စဓူဝ ဘဝမှာ မဖြစ်မနေ စွဲနေတဲ့သူက ကုဖို့ လိုတာ။ ဆေးသုံးတိုင်း ဆေးစွဲတာ မဟုတ်ဘူး။ ဆေးသုံးတယ် ဆိုတာနဲ့ ဆေးကုဖို့ ဆိုတာက အားလုံးကို ဥပဒေအရ သတ်မှတ်လိုက်သလို ဖြစ်သွားတယ်။ ကာယကံရှင်ကို ရွေးချယ်ခွင့်ပေးတာမှာ အိန္ဒိယမှာ ၁၉၈၅ ခုနစ်က ပြဋ္ဌာန်းတဲ့ ဥပဒေမှာတောင် ရွေးချယ်ခွင့်ပေးတယ်။ သူတို့က ဆေးစွဲတဲ့သူ (မူးယစ်)ဆေးတွေနဲ့ တွေ့တယ်။ သို့ပေမဲ့   သူက ဆေးကုသမှု ခံပါ့မယ်လို့  ကတိပေးလိုက်တယ်ဆို သူ့ကို  အရေးယူမယ့်အစား လွှတ်ပေးလိုက်တယ်။ ထောင်မချတဲ့ အခြား နည်းလမ်းလေးတွေကို   ကျင့်သုံးတာ ရှိတယ်။ ကျွန်တော်တို့ဆီမှာ  အခြားသော နည်းလမ်းဆိုတာ မရှိဘူး။

မေး -  ပြင်ဖို့ လိုနေတဲ့ အချက်တွေက ဘာတွေလဲ။

ဖြေ -   ပြစ်မှု ပြစ်ဒဏ် အချိုးမကျတဲ့ အပိုင်းတွေ၊ မိမိဆန္ဒအလျောက် ကုသမှု ခံနိုင်တဲ့ လမ်းကြောင်းတွေ၊  အဖွဲ့အစည်းပေါင်းစုံနဲ့ ချိတ်ဆက်ပြီးတော့ အလွယ်တကူ လုပ်လို့ ရအောင် လုပ်တဲ့အပိုင်းတွေ ၊ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အပိုင်းတွေ   ပြင်ဖို့ လိုတယ်။

မေး -  မူးယစ်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူထားရာကနေ အစိုးရအဖွဲ့အောက်ကို ပြောင်းဖို့ တိုက်တွန်းကြတာ  ဘာကြောင့်လဲ ရှင့်။

ဖြေ -  ဥပဒေအရ မူးယစ်ဗဟိုအဖွဲ့ကို ဖွဲ့ရမှာဆိုတော့ သူက အဓိက အဖွဲ့ကြီးပေါ့။  အဲဒီအခါကျတော့ မူးယစ်ဗဟိုအဖွဲ့ တာဝန်ကို ပြည်ထဲရေးက ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူရမယ်။ မူးယစ် ဗဟို အဖွဲ့ ရုံးကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှာပဲ ထားပြီး သူတို့ တာဝန် ယူရမယ်။

အစားထိုးဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်ဧရိယာတွေ ဖြစ်ပြန်ရော။ အဲဒီနယ်ပယ်ကို အလုပ်လုပ်ဖို့ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေတဲ့အတွက် ပြည်ထဲရေးအနေနဲ့ဆိုရင် ပြည်ထောင်စု အစိုးရကို ခွင့်တောင်းရတာ၊ တပ်မတော်ကို ချိတ်ဆက်ခွင့်တောင်းရတာ၊  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကော်မတီကို ချိတ်ဆက်ရတာ ရှိမယ်။ အဆင့်ဆင့် ချိတ်ဆက်နေရတာ ရှိမယ်။ သီးခြားအဖွဲ့ဆိုရင်တော့ တိုက်ရိုက် သွားလို့ ရတယ်ဆိုတဲ့ သဘောပေါ့။

ကျွန်တော်တို့ လုပ်ငန်းဆောင်တာ ရှုထောင့်အရ ကြည့်မယ်ဆို မူးယစ်ဆေးဝါး လုပ်ငန်းသည် တားဆီးရေးတင် မဟုတ်ဘူး တိုက်ဖျက်ရေး၊  ကျန်းမာရေး၊  လူမှုရေး၊  စီပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အကုန်လုံး ကဏ္ဍပေါင်းစုံနဲ့ ဆက်စပ်နေတယ်။ ပြည်ထဲရေးရဲ့ သဘာဝက နဂိုကတည်းက လူထုလုံခြုံရေးနဲ့ အေးချမ်းရေးဘက်ကို ဦးတည်ပြီးတော့ သူ့ဟာနဲ့သူ အလုပ်ရှုပ်နေတယ်။ အဲ့ဒီကြားထဲမှာ ဒီကိစ္စကြီးတစ်ခုလုံးက သူ့အပေါ် ရောက်သွားတယ်။ လုပ်ငန်းသဘာဝအရလည်း အလုပ်ထပ်ပိသလို ဖြစ်နေတယ်။   ဝန်ကြီးဌာနတွေက အများကြီးရှိတယ်လေ။  သူကလည်း အဲဒီထဲက ဝန်ကြီးဌာနတစ်ခု ဖြစ်နေတယ်။ ဗဟိုအဖွဲ့မှာ  တခြား ဝန်ကြီးဌာနတွေကလည်း ပါနေတော့ သူက ဗဟိုအဖွဲ့က လုပ်ငန်းသဘာဝအရ ညွှန်ကြားချက်တွေ ထုတ်ရမယ်။ အမိန့်တွေ ထုတ်ရမယ်။  ဝန်ကြီးဌာန အချင်းချင်း စာတွေ ထုတ်နေပြီးတော့ သူက ပြန်အမိန့်ပေးရသလို ဖြစ်နေတယ်။   အဲဒီတော့  ပိုပြီးတော့ သွက်သွက်လက်လက် ဖြစ်အောင် သဘာဝကျတာက အစိုးရအဖွဲ့အောက်မှာ သီးခြားဖွဲ့ ၊ ဖွဲ့ပြီးတော့ သက်ဆိုင်ရာ လူတွေနဲ့ သီးခြား ဖွဲ့စည်းထားလိုက်တယ်ဆို ရှင်းရော။

မေး - တခြားနိုင်ငံတွေမှာရော ဘယ်လို မျိုးဆောင်ရွက်လဲ။

ဖြေ -  ယိုးဒယားမှာလည်း သီးခြားဖွဲ့စည်းပြီး လုပ်တယ်။ နောက် ဖိလစ်ပိုင်မှာလည်း ဖွဲ့စည်းပြီး သမ္မတ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာ ထားတယ်။ အင်ဒိုနီးရှားလည်း ဒီလိုပဲ။ ပေါ်တူဂီတို့ ဘာတို့ ဆိုရင်လည်း ဝန်ကြီးချုပ် ဥက္ကဋ္ဌ လုပ်ပြီးတော့ အောက်မှာ ဝန်ကြီးတွေ ပါတဲ့ ကောင်စီထားတယ်၊ ကောင်စီအောက်မှာမှ ကော်မရှင် သပ်သပ် ဖွဲ့ပြီးတော့ အမျိုးသားမဟာဗျူဟာကို အကောင်အထည် ဖော်တာပေါ့။

မေး -  မူးယစ်ဆေးဝါးပြဿနာက သိသာ ထင်ရှားနေတာလည်း ကြာပြီ။ ၁၉၉၃ ခုနစ်က ဥပဒေကို ၂၅ နှစ်ကြာပြီး   ပြင်ဆင်တဲ့အခါမှာလည်း ဒေါက်တာထွေးကြူပြောသလို လိုအပ်ချက်တွေ ရှိနေတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

ဖြေ -  သူတို့ အချိတ်အဆက် မမိခဲ့တာတွေလည်း ရှိမယ်။ မူဝါဒနဲ့ ဥပဒေနဲ့ကို ချိတ်ဆက်ပြီး လုပ်မယ်ဆိုတာလည်း အားနည်းခဲ့မယ်။ ဘာကြောင့်လဲ။ ဥပဒေကလည်း အရင်ကတည်းက ရှိမယ်။ ဥပဒေ ပြင်တဲ့သူကလည်း ပြင်မယ်။ မူဝါဒဆွဲတဲ့သူကလည်း ဟိုဘက်မှာ ဆွဲသွားတယ်။ ဒါပေမဲ့ အဲ့ဒီနှစ်ခုက ကိုက်ညီနေမှ အဆင်ပြေမယ်။ ညှိနှိုင်းဆောင်ရွက်မှု အားနည်းခဲ့တာလည်း ပါတာပေါ့။ ပြင်မယ်ဆို သက်ဆိုင်ရာရော၊ လူထုရောက သဘောပေါက်နားလည်မှုတွေ အားနည်းခဲ့တာ။ တချို့က ဆေးသုံးလို့ အရေးမယူဘူးတော့ လက်ခံတယ်၊ ဒါပေမဲ့ အဲဒီလို တစ်ကိုယ်ရေ သုံးစွဲမှုအတွက် ပမာဏဆိုတာကို နားမလည်တော့ လက်မခံကြဘူး ဆိုတာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့   ပုဒ်မ ၁၅ ဖြုတ်ပြီးတော့ ထောင်တော့ မချတော့ဘူး။ သို့ပေမဲ့  ရာဇဝတ်မှု ပြစ်ဒဏ်တွေ သွားချတယ်။ နိုင်ငံတကာမှာ ဥပမာ ပေါ်တူဂီတို့ ဘာတို့က တစ်ကိုယ်ရေ ပမာဏ သတ်မှတ်ထားတယ်။ သတ်မှတ်ထားတယ်ဆိုတာ ကိုင်သွားခွင့်ပေးတာ မဟုတ်ဘူး။ တစ်ကိုယ်ရေ ပမာဏကို ၁၀ ရက်ထိ ထားခွင့်ပေးတယ်။ အဲ့ဒီ (ပမာဏ) အထက်ဆို ရောင်းချရန်အတွက်ဆိုပြီး အရေးယူတယ်၊ အဲ့ဒီအောက်ဆိုရင် ရာဇဝတ်မှုနဲ့ အရေးမယူဘူး။ ဒါပေမဲ့ သူ ဆေးကို ထားခွင့်ပေးတာ မဟုတ်ဘူး။ အကုန်လုံးသိမ်းတာ။ ပြီးတော့မှ စောင့်ကြည့်မယ်။ အဲ့ဒီကြားထဲမှာ စည်းကမ်းလိုက်နာလား ဒီလိုမျိုးသွားတာ။

မေး -  အခုဆို ဒေါက်တာထွေးကြူတို့က မနှစ်က ပြင်ဆင်လိုက်တဲ့ မူးယစ်ဥပဒေအပေါ် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒနဲ့ ယှဉ်တွဲ သုံးသပ်ချက် ထုတ်ပြီးသွားပြီ။ နောက်ထပ် ဘာတွေ ထပ် ဆောင်ရွက်ဖို့ စီစဉ်ထားလဲ။

ဖြေ -   ပြင်ဖို့ လိုသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့ နေပြည်တော်မှာလည်း မိတ်ဆက်ပြီးတော့ အသိပေးရှင်းလင်းတာတွေ လုပ်မယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေလည်း ပါမှာ။  သမ္မတက အခု မူးယစ်နဲ့ ပတ်သက်ပြီး ကိုင်တွယ်တယ်ဆိုပေမဲ့ ဥပဒေအခင်းအကျင်းထဲကနေ သူ လုပ်လို့ ရသလောက်ပဲ လုပ်မှာလေ။ ဒါကြောင့် ကျွန်တော်တို့က ဒီလို ဖြစ်စေချင်တယ်ဆိုပြီး ပြောတယ်။ ဥပမာ သဘာဝဘေးအန္တရာယ်ဆိုရင် ဒုသမ္မတက သီးခြားလုပ်တယ်။ အဲဒီလိုမျိုး အစီအစဉ် တွေလည်း လုပ်လို့ ရတယ်။ (မြန်မာနိုင်ငံမှာ)  အပြောင်းအလဲတွေ လုပ်ပေမဲ့ ရုတ်တရက် အပြောင်းအလဲတွေချည်းပဲ။ သက်ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်တာကို အများနားလည်ဖို့ လိုတယ်။ လုပ်ပေးမယ့် လူတွေ ဘက်ကလည်း လိုသလို လူထုဘက်က နားလည်ဖို့ လိုတာပေါ့။ ဒါမှ အသိပညာပေးတာ၊ နားလည်အောင် လုပ်ပေးတာ၊ အစီအစဉ်တွေ ဒါတွေနဲ့ တွဲပြီး သွားမှ ပိုကောင်းမယ်။  ။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading