နိုင်ငံအနှံ့ရဲဘက်စခန်းများတွင် အကျဉ်းသား သေဆုံးမှုမှာ ၃၆ နှစ်အတွင်း ၄,၁၈၇ ဦး ရှိခဲ့သည်ဟု အစိုးရက ၂ဝ၁၄ တွင် ပြောသည်။ သေဆုံးမှုမှာ ရာသီဥတု၊ "အစားအသောက် အနေအထိုင် လွဲမှားခြင်း" နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ အကျဉ်းသား သေဆုံးမှုမှာ အကျဉ်းသား အနေအထိုင် မဆင်ခြင်ခြင်းကြောင့်သာ ဖြစ်ကြောင်း ဆိုလိုဟန်ရှိသည်။
Myanmar Now ၏ စုံစမ်းချက်အရမူ အကျဉ်းသားအများအပြား အလုပ်လုပ်ကိုင်ရာ ရဲဘက်စခန်းများတွင် သေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ရခြင်းမှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ သင့်လျော်သည့် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးကုသမှု မရရှိခြင်းကြောင့် ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရာဇဂြိုလ်အကျဉ်းစခန်းများတွင်လည်း ၁၉၉၉-၂၀၀၀ ကာလ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အကျဉ်းသားရာနှင့်ချီ သေဆုံးခဲ့ကြသည်။
အကျဉ်းသား သေဆုံးအပြီး မှတ်တမ်းများတွင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသော ရာဇဂြိုလ် (၂) အကျဉ်းစခန်းအနီးရှိ ရာဇဂြိုလ်ကျေးရွာတွင် ၁၉၉၉ မှ ၂ဝဝ၃ အထိ အုပ်ချုပ်ရေးမှူးတာဝန် ယူခဲ့သူ ဦးစံဗလက အကျဉ်းသားသေဆုံးမှုမှာ နေ့စဉ် ရှိခဲ့သည်ဟု ဆိုသည်။


ရာဇဂြိုလ် အကျဉ်းစခန်းပိုင် စပါးကွင်းများတွင် လုပ်ကိုင်ရင်း အကျဉ်းသားများ အများအပြား သေဆုံးခဲ့သည်။
အကျဉ်းသားတို့ ဒဏ်ရာအကြီးအကျယ် ရခြင်း၊ နာဖျားခြင်း၊ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရခြင်း၊ နှိပ်စက်ခံရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သော ထိုစခန်းများကို အစိုးရက ဘဝသစ်စခန်းဟု ခေါ်တွင်ခဲ့သည်။


ရာဇဂြိုလ် ဘဝသစ်စခန်းတချို့ရှိ လုပ်ငန်းခွင်၊ အကျဉ်းသားတို့၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။
ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီးတွေ့ရသော မြင်ကွင်းတစ်ခုတွင် အကျဉ်းသားအချင်းချင်း အုပ်ချုပ်ခွင့်ရသည့် အကျဉ်းသားအရာရှိတစ်ဦးက သစ်သားတုတ်ကိုင်လျက် မတ်တပ်ရပ်နေသည်ကိုတွေ.ရစဉ်။ အကျဉ်းထောင်များတွင် ညှင်းပန်းနှိပ်စက်မှု၊ ရိုက်နှက်မှုများ မရှိတော့ဟု အာဏာပိုင်များက ကြွေးကြော်နေသော်လည်း ရိုက်နှက်မှုများသည် အကျဉ်းရဲဘက်စခန်းများတွင် တွင်တွင်ကျယ်ကျယ်ကျယ် ဆက်လက်ဖြစ်ပွားနေသည်။ (ဓာတ်ပုံ - Myanmar Now)
အကျဉ်းသားအချင်းချင်း အုပ်ချုပ်ခွင့်ရသည့် အကျဉ်းသားအရာရှိတစ်ဦးက တုတ်ကိုင်၍ ကျန်အကျဉ်းသားများအား စိုက်ခင်းတစ်ခုထဲတွင် ကြီးကြပ်နေသည်ကိုတွေ.ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေသော ရဲဘက်အကျဉ်းသားများ။ (ဓာတ်ပုံ - Myanmar Now)
ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး ပစ္စည်းများသယ်ပိုးနေသော ရဲဘက်အကျဉ်းသားအချို့။ (ဓာတ်ပုံ - Myanmar Now)
ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး ပစ္စည်းများသယ်ပိုးနေသော ရဲဘက်အကျဉ်းသားအချို့။ (ဓာတ်ပုံ - Myanmar Now)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်း အကျဉ်းသားများ တစ်နေ့တာလုပ်ငန်း ပြီးဆုံးသဖြင့် စိုက်ကွင်းများမှ အကျဉ်းစခန်းဆီသို့ ပြန်လာကြပုံ။ (ဓာတ်ပုံ - Myanmar Now)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်း အကျဉ်းသားများ တစ်နေ့တာလုပ်ငန်း ပြီးဆုံးသဖြင့် စိုက်ကွင်းများမှ အကျဉ်းစခန်းဆီသို့ ပြန်လာရန် ပြင်ဆင်နေကြပုံ။ (ဓာတ်ပုံ - Myanmar Now)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှု ရဲဘက်အကျဉ်းစခန်းအနီး အကျဉ်းဦးစီးဌာနပိုင် စပါးကွင်းများသည် တချိန်က အကျဉ်းသားများအတွက် သေတွင်းသို့ပို့ပေးသည့် ဂိတ်တံခါးများ ဖြစ်ခဲ့သည်။ (ဓာတ်ပုံ-Myanmar Now)
အကျဉ်းသား သေဆုံးအပြီး မှတ်တမ်းများတွင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရသော ရာဇဂြိုလ်(၂) အကျဉ်းစခန်းအနီးရှိ ရာဇဂြိုလ်ကျေးရွာတွင် ၁၉၉၉ မှ ၂ဝဝ၃ အထိ အုပ်ချုပ်ရေးမှူးတာဝန် ယူခဲ့သူ ဦးစံဗလက အကျဉ်းသားသေဆုံးမှုမှာ နေ့စဉ် ရှိခဲ့သည်ဟု ဆိုသည်။
ယခုအကြောင်းအရာနှင့် ပတ်သက်သော ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်ကိုနှိပ်ပြီး ဖတ်ရႈနိုင်ပါသည်။
ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။





















