ရန်ကုန်မဲရုံများတွင် ပြည်သူများ တက်ကြွစွာ မဲပေး

ရွေးကောက်ပွဲနေ့မနက်ပိုင်း မဲပေးပြီးကြောင်း အမှတ်အသားဖြစ်တဲ့ ဘယ်ဘက်လက်သန်း မင်တို့ထားပုံကို ပြသနေတဲ့ ရန်ကင်းမြို့နယ်မှ အမျိုးသမီးတစ်ဦး (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

ရန်ကုန် - ပုံမှန်အားဖြင့် ကားသံ၊ လူသံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်မြို့ရဲ့လမ်းတွေဟာ နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) မှာ တိတ်ဆိတ်လျက်ရှိပါတယ်။ ဒါပေမယ့် မြို့လယ် ဆူးလေဘုရားဝန်းကျင်က လမ်းတွေမှာရှိတဲ့ ကျောင်းတွေမှာ ယာယီဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာတဲ့ လူတွေဟာ မဲပေးဖို့ တန်းစီပြီး စနစ်ကျစောင့်နေကြပါတယ်။

ကျောက်တံတားမြို့နယ်က မဲရုံအမှတ် ၂ မှာ မဲပေးမယ့်သူ ၉၉၄ ဦးရှိတယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ဦးမျိုးညွှန့်ကတော့ မဲပေးဖို့ ၉ နာရီခွဲလောက်မှာ ရောက်လာပါတယ်။

“ကျွန်တော် တန်းစီနေတာ ငါးမိနစ်လောက်ရှိသွားပြီ။ သိပ်မကြာပါဘူး” လို့ အရောင်းအဝယ်လုပ်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးညွန့်က ပြောပါတယ်။ သူက ၁၉၉ဝ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ နဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

“နည်းနည်းတော့ ကွာခြားလာတယ်။ အခုဟာက ပိုပြီးလွတ်လပ်တာပေါ့။ တိုင်းပြည်ရဲ့ အနာဂတ် အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်တဲ့သူကိုပဲ ရွေးချယ်ရမှာပေါ့” လို့ သူက ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့များရှိတဲ့ မင်္ဂလာဒုံမြို့နယ်မှာ တပ်ဖွဲ့ဝင်တို့၏ မိသားစုများဟာ စစ်တပ်ဝင်းနဲ့ စစ်ဆေးရုံတွေအတွင်းမှာရှိတဲ့ ယာယီမဲရုံတွေမှာ မဲပေးနေရမှာပါ။ တပ်ဖွဲ့ဝင် ရာပေါင်းများစွာနဲ့ သူတို့ရဲ့မိသားစု တွေဟာ နံနက် ၆ နာရီ မဲရုံမဖွင့်ခင်ကတည်းက အမှတ် ၁ မိခင်နှင့်ကလေး စစ်ဆေးရုံတွင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာတော့ မဲပေးမယ့်သူ ၇ဝဝ အနက်က ထက်ဝက်လောက် မဲပေးပြီးသွားပါပြီ။ မဲမပေးရသေးသူတွေက ဆေးရုံဝင်းအတွင်းမှာ ချပေးထားတဲ့ ပလက်စတစ်ခုံတွေမှာ အေးအေးဆေးဆေးပဲ ထိုင်နေကြတယ်။

အသက် ၅၉နှစ်အရွယ် ဗိုလ်မှူးစိုးမြင့်က သူကတော့ စစ်တပ်ရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုပဲ မဲထည့်ခဲ့တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ အခြားပါတီကို မဲပေးလိုက်ရင် အငြိမ်းစားပင်စင်ခံစားခွင့် ဆုံးရှုံးရမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

“တပ်မတော်မှာ အကြာကြီး တာဝန်ထမ်းဆောင်ခဲ့လို့ စစ်တပ်ရဲ့ ပါတီကလွဲပြီး အခြားပါတီကို ပေးဖို့မရှိပါဘူး” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့လယ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မွတ်စလင်တစ်ဦးဖြစ်သူ ဦးကျော်ကောင်းက သူ့မိဘတွေနဲ့ မဲလာပေးပါတယ်။ မဲပေးရတာ အားလုံးအဆင်ပြေကြောင်းနဲ့ မြန်မာနိုင်ငံမှာ မွတ်ဆလင်ဆန့်ကျင်ရေး ခံစားချက်တွေရှိနေတာကို ပြန်လည်သင့်မြတ်အောင် လုပ်ပေးဖို့ လိုမယ်လို့ ဆိုပါတယ်။

“မြန်မာပြည်က လူမျိုးတစ်မျိုးက မိမိကိုယ်ကို ပြုပြင်မှ ကမ္ဘာကြီးတိုးတက်လာမှာပါ။ ကိုယ့်တာဝန်ကိုယ် သိရမယ်။ ညီညီညွတ်ညွတ်နေရင် ကောင်းတယ်” လို့ ဆိုပါတယ်။

အသက် ၄ဝ အရွယ် ဦးသိန်းနိုင်ဆိုသူက ၃၈ လမ်းမှာ မဲပေးခဲ့သူတစ်ဦးပါ။ ညနေမဲရုံတွေ မပိတ်ခင်မှာ အားလုံးမဲပေးနိုင်ဖို့ မလွယ်ကြောင်း ပြောပါတယ်။

“မနက် ၇ နာရီကနေ ၈ နာရီခွဲအထိ တန်းစီရတယ်။ မဲပေးတာကတော့ ၁၅ မိနစ်လောက်ကြာတယ်။ အားလုံး မပြီးလောက်ဘူးလို့ ထင်တယ်” လို့ ပြောတယ်။

“ဖြစ်စေချင်တာက ပြည်သူတွေကို ဆော်သြဖို့၊ အသိပညာပေးဖို့ ဖြစ်စေချင်တယ်။ လူတိုင်းက မဲသုံးနေရာ အနည်းဆုံးပေးရမယ်ဆိုတာ မသိဘူး။ ကျွန်တော့် ဘေးနားက လူ ၁ဝဝ လောက်ကိုတော့ မဲဘယ်လို ပေးရမယ်ဆိုတာ တန်းစီနေတုန်း ပြောပြခဲ့တယ်။ ဒါမှ သူတို့မဲတွေ အလဟဿမဖြစ်မှာ” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့်ရခဲ့ပေမယ့် ဒါဟာ ပထမဆုံးအကြိမ် မဲပေးတာဖြစ်ကြောင်း ပြောပါတယ်။

“ဘယ်တုန်းကမှ မဲမပေးခဲ့ဘူး။ ဒီနှစ်ကိုတော့ စိတ်ဝင်စားတယ်။ ကိုယ့်ဆန္ဒတွေ ပြည့်သွားမယ်ထင်လို့။ ပြီးခဲ့တဲ့နှစ်တွေက ဘာသံမှ မကြားရဘူး။ ဒီနှစ် အမှားမျိုးစုံ တွေ့ရတယ်။ အရင်က ဒီလိုအသံတွေ မကြားခဲ့ရဘူး။ အမှန်အတိုင်းပြောရရင်တော့ အင်န်အယ်လ်ဒီ နိုင်စေချင်တယ်” လို့ သူက ပြောပါတယ်။

မဲပေးရာမှာ အခက်အခဲရှိတယ်လို့ ပြောသူအချို့လည်း ရှိပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ကန်းကျွန်းမြို့နယ်က ကျော်ကျော်ဦးက ရခိုင်-ဗမာတစ်ဦးအဖြစ် နိုင်ငံသားစိစစ်ရေးကဒ်ပြားအတွင်းမှာ ဖော်ပြခံထားရပေးမယ့် ရခိုင်တိုင်းရင်းသားစာရင်းထဲမှာ သူ့နာမည်မပါခဲ့သလို သူတို့မိသားစုဝင် ခြောက်ဦးထဲက တစ်ဦးပဲ တိုင်းရင်းသားလွှတ်တော် နေရာအတွက် မဲပေးခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

သူက မဲရုံက တာဝန်ရှိသူတွေကို ပြောခဲ့ပေမယ့် သူတို့ကလည်း ဘာမှ လုပ်ပေးလို့ မရခဲ့ပါဘူး။ ရန်ကုန်မြို့က ဦးစံဖေရပ်ကွက် မဲရုံမှာတော့ တိုင်းရင်းသားလွှတ်တော်အတွက် မဲပုံးမရှိတာကြောင့် မဲပေးခွင့်မရခဲ့သူတွေလည်း ရှိပါတယ်။

မင်္ဂလာဒုံမြို့နယ်က စစ်တပ်ဝင်းထဲမှာတော့ တပ်မတော်သားတွေက သူတို့ ထည့်ချင်တဲ့ ပါတီကို မဲပေးခဲ့ကြတယ်လို့ မဲရုံလုံခြုံရေးမှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်ဝင်းက ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အပေါ် နားလည်မှုရှိတဲ့၊ အမျိုး၊ဘာသာ၊ သာသနာကို စောင့်ရှောက်လိုတဲ့၊ ပြည်ပရဲ့ လွှမ်းမိုးမှုမခံရတဲ့ ပါတီကို မဲပေးဖို့ တပ်မတော်သားတွေကို ညွှန်ကြားထားပါတယ်။

“တပ်ရင်းတပ်ဖွဲ့တွေကို ဒီညွှန်ကြားချက် ပေးပို့ထားပြီးဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုတွေကတော့ သူတို့နှစ်သက်ရာ ပါတီကို မဲပေးနိုင်ကြပါတယ်”လို့ ဗိုလ်မှူး ကျော်ဝင်းက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading