"အခြေခံဥပဒေပြင်နိုင်အောင် ကြိုးစားရပါမယ်"

မကြာသေးခင်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းသည် ယခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူငယ်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်။

စစ်အစိုးရက ကျင်းပပေးပြီး ရလဒ်ကို လျစ်လျူရှုခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူ တစ်ဦးဖြစ်သူ ဦးခွန်မြင့်ထွန်းသည် ၇ နှစ်ကျော်ကြာ ထိန်းသိမ်းခံရသည်။ NLD တွင် နှစ်ပေါင်း ၂ဝ နီးပါး လုပ်ကိုင်ပြီးနောက်ပိုင်းတွင် နယ်စပ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ၏ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိသွားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ Myanmar Now ရုံးခန်းသို့ လာရောက်စဉ် အသက် ၅၂ နှစ်အရွယ် ဦးခွန်မြင့်ထွန်းက အားလုံးပါဝင်နိုင်ခြင်း မရှိသေးသည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်တွင် PNLO လက်မှတ်ထိုးရသည့်အကြောင်းရင်း၊ တပ်မတော်နှင့်ဆက်ဆံရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ကိုးကန့်ဒေသအရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

မေး- ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဘာကြောင့် လက်မှတ်ထိုးဖြစ်တာလဲ။

ဖြေ- နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရမယ့်စိတ် အစဉ်တစ်စိုက် ရှိခဲ့ပါတယ်။ NCA စာချုပ်က ဘယ်ကိစ္စပဲလုပ်လုပ်၊ ကြေညာချက် ထုတ်ပြန်တာကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဆောင်ရမှာပါ၊ အရင်က လက်နက်နဲ့ငြိမ်းချမ်းရေး လဲတယ်ဆိုတာမျိုးပဲ ရှိခဲ့တယ်၊ လက်တွေ့မှာတော့ လက်နက်ချရေးမှာပဲ အခြေခံခဲ့တယ်။ အခုတော့ နိုင်ငံရေးလမ်းပြမြေပုံ ဆိုတာမျိုးတွေ ချမှတ်တာမျိုးကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှပဲ ချမှတ်ရပါမယ်။ တစ်ဖက်ဖက်ကနေပြီး အပေါ်စီးယူထားတာမျိုးတွေ မဟုတ်ဘဲနဲ့ အပြန်အလှန် တန်းတူပေးပြီးတော့မှ ညှိနှိုင်းဆောင်ရွက်တယ်ဆိုပြီး NCA စာချုပ်မှာ ပါရှိပါတယ်။ ဒါကြောင့် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မေး - အဲဒီလို လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ။

ဖြေ- ကျွန်တော်တို့အဖွဲ့ရဲ့ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးပေါ်မှာလည်း မူတည်တယ်၊ မူဝါဒတွေနဲ့လည်း ဆိုင်တယ်၊ တစ်ပြည်လုံးအရေးကိစ္စနဲ့လည်း ဆိုင်ပါတယ်။ နိုင်ငံရေးဆွေးနွေးဖို့ကိုတော့ နောက်အစိုးရ လက်ထက်ကျမှ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နောက်အစိုးရက အရပ်သားလွမ်းမိုးမှု ပိုများမယ်လို့ ထင်တယ်။ နောက်တက်မယ့် အစိုးရက စစ်တပ်နဲ့ အဆင်ပြေမလား၊ မပြေဘူးလားဆိုတာ မသေချာဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရတာပါ။ (ယခင် စစ်အစိုးရရဲ့) ၂ဝဝ၄ ခုနှစ် လမ်းပြမြေပုံမှာ တိုက်တဲ့သူက တိုက်ခဲ့တယ်။ လိုက်တဲ့သူက လိုက်ခဲ့တယ်။ အဲဒီတုန်းက KNU ဦးဆောင်ပြီး ကျွန်တော်တို့က တိုက်ခဲ့တယ်။ KIO အပါအဝင် (မြန်မာပြည်) မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်တို့၊ SSPP/SSA တို့က အစိုးရလမ်းပြမြေပုံကို လိုက်ခဲ့တယ်။ အခုတော့ KNU အပါအဝင် ကျွန်တော်တို့က လိုက်ခဲ့ပြီး KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက တိုက်နေတယ်။ တိုက်သူမရှိ နိုင်ငံရေးလမ်းပြမြေပုံကို လိုက်ပါဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်ချင်ပါတယ်။ အခုလက်မှတ်မရေးထိုးရတဲ့ အဖွဲ့တွေထဲမှာ မထိုးဘူးဆိုတဲ့ အဖွဲ့မရှိဘူး။ သို့သော် မိမိလိုလားတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးရရင်၊ အချိန်အခါသင့်ရင်တော့ ထိုးကြမှာပဲ။ အစိုးရကရော၊ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေကရော ကျန်နေသေးတဲ့ အဖွဲ့တွေ လက်မှတ် ရေးထိုးလို့ရအောင် ဖန်တီးပေးရပါမယ်။ လက်မှတ်ရေးထိုးချင်သော်လည်း သူတို့ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် မထိုးဖြစ်တာလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေး- လက်မှတ်ထိုးဖို့အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်ဘက်က ပိုပြီး လျှော့ပေးခဲ့ရသလဲ။

ဖြေ- နှစ်ဘက်စလုံးက အရွေ့တွေ ရှိပါတယ်။ အပြောင်းအလဲတွေရှိတယ်။ တပ်မတော် အဆင့်မြင့်အရာရှိကြီးတွေက ကျွန်တော်တို့နဲ့ အသက် သိပ်မကွာပါဘူး၊ သောင်းကျန်းသူ ဟူသမျှ အမြစ်ပြတ်ချေမှုန်းကြဆိုတဲ့ ဆိုင်းဘုတ်ကြားထဲက ထွက်လာခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ကို သောင်းကျန်းသူဆိုတဲ့ အမြင်နဲ့ပဲ ဆက်ဆံခဲ့တယ်။ DDR (Disarmament, Demobilization and Reintegration) ကိုလည်း လက်နက်ဖြုတ်သိမ်းရေးလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ကျွန်တော်တို့ကတော့ ဒီစာချုပ်ပေါ်မှာ မူတည်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့က ပြည်ထောင်ဘက်တွေ ဖြစ်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်ထူထောင်မယ်၊ ပြည်ထောင်ဘက်အနေနဲ့ စဉ်းစားတယ်။ နောက်ဆုံး စာချုပ်မှာ သဘောတူညီခဲ့တာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ SSR, DDR ကို ဆိုလိုသည် ဆိုပြီး အဓိပ္ပာယ် ဖွင့်နိုင်ခဲ့တယ်။ အခုလိုမျိုး သူတို့ဘက်က သဘောထားပြောင်းလာတာ လေ့လာမှု၊ ဆည်းပူးမှုတွေ ရှိတယ်လို့ မြင်တယ်။ ဒီနေ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ရိုးသားဖို့ လိုတယ်။ စာချုပ်အတိုင်း အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ လိုလားချက်ကို ရမယ်။ စာချုပ်ရဲ့ အခြေခံမူများ နံပါတ်တစ်မှာ ဘာရှိလဲဆို အစိုးရရဲ့ ဒို့တာဝန် အရေးသုံးပါးကို ကျွန်တော်တို့က လက်ခံပေးမယ်၊ ကျွန်တော်တို့ရဲ့တန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရက လက်ခံပေး။ တိုင်းပြည်လုံခြုံရေးကို ကျွန်တော်တို့အားလုံး စုပေါင်းပြီး တာဝန်ယူကြမယ်။ တပ်က တစ်တပ်တည်း ရှိရမယ်။ တစ်သွေးတစ်သံ တစ်မိန့်တည်းရှိတဲ့ တပ်မျိုးကို အနာဂတ်ကာလမှာ ပြန်လည်ဖွဲ့စည်းရပါမယ်။ ဒါပေမဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့လိုမျိုး အသွင်ပြောင်းရမယ် ဆိုရင်တော့ ဆွေးနွေးပွဲတွေက အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

မေး- လက်မှတ်ထိုးပြီးပေမယ့် လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေ သတ်မှတ်မှု မရှိသေးတဲ့အတွက် ပြဿနာ မဖြစ်နိုင်ဘူးလား။

ဖြေ- နယ်မြေသတ်မှတ်မှုတွေ တပ်နေရာချထားမှုတွေက စာချုပ်အရတော့ ကျွန်တော်တို့ ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်မထိုးသေးတဲ့သူတွေကတော့ ဒီကိစ္စကို ဆွေးနွေးလို့ မရပါဘူး။

မေး- စာချုပ်ပါ အချက်တွေကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်ပြီးတော့ ဆွေးနွေးနိုင်မယ်လို့ ထင်သလား။

ဖြေ- ဦးသိန်းစိန်က ပြည်ထောင်စုသမ္မတအနေနဲ့ ထိုးတာဖြစ်တယ်။ ရွေးကောက်ပွဲအပြီး ပထမဆုံးလွှတ်တော်မှာ အခု အစိုးရက ရှိနေဦးမှာ ဖြစ်တယ်။ အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပြီဆိုရင် ဘယ်အစိုးရပဲ တက်လာတက်လာ ဒါက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စာချုပ်စာတမ်းတစ်ရပ် ဖြစ်လာမှာပါ။

မေး- စာချုပ် ဖြစ်မြောက်သွားတာက အာဏာရပါတီအတွက် အမြတ်ထုတ်စရာ ဖြစ်သွားနိုင်သလား။

ဖြေ- စာချုပ် လက်မှတ်ရေးထိုးခြင်း မထိုးခြင်းအပေါ်မှာ မူတည်ပြီး လူထုက ပါတီတစ်ရပ်ကို သိပ်အလေးပေးမယ်လို့ မထင်ဘူး။ တိုင်းပြည်အပြောင်းအလဲဖြစ်ရေးအတွက် သူတို့နှစ်သက်တဲ့ ပါတီကို မဲပေးလိမ့်မယ်လို့ ထင်ပါတယ်။ စာချုပ်လက်မှတ်ထိုးနိုင်လို့ အစိုးရကို မဲပေးတယ်ဆိုရင်လည်း ဒါက လူထုရဲ့အဆုံးအဖြတ်ပါပဲ။ စာချုပ် လက်မှတ်ရေးထိုးခြင်းကြောင့် (ပါတီတစ်ခု) ရွေးကောက်ပွဲမှာ မဲရသွားရေး မရသွားရေး ဆိုတာကို ကျွန်တော်တို့က မစဉ်းစားပါဘူး။

မေး- အပစ်ရပ်စာချုပ် ချုပ်ပြီးချိန် တပ်နေရာချထားရေး ဆုံးဖြတ်တဲ့ ကာလမှာ တိုက်ပွဲ ဖြစ်နိုင်သေးလား။

ဖြေ- တိုက်ပွဲတွေကတော့ ရှေ့လျှောက်တော့ နည်းသွားမယ်။ မဖြစ်တော့ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒီစာချုပ်လက်မှတ်ထိုးတဲ့ အခါမှာ ကာကွယ်ရေးဦးစီးချုပ် (နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်) နှစ်ဦးစလုံး ပါတဲ့အတွက် ဒီစာချုပ်အပေါ်မှာ တာဝန်ခံရမယ်၊ တာဝန်ယူရမယ်။ သမ္မတလက်မှတ်ထိုး၊ လွှတ်တော်ဥက္ကဋ္ဌလည်း လက်မှတ်ထိုး၊ ကာကွယ်ရေးဦးစီးချုပ်တွေလည်း လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်။

မေး- နိုင်ငံတကာ အသိသက်သေတွေလည်း စာချုပ်မှာ ပါဝင်တဲ့အတွက် နိုင်ငံတကာဖိအား ဘာတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်သလဲ။

ဖြေ- သံတမန်တွေအနေနဲ့ လက်မှတ်ရေးထိုးနိုင်သူတွေလည်း ရှိပါတယ်။ တချို့က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးတဲ့သူ ရှိတယ်၊ မထိုးတဲ့သူ ရှိတယ်။ အမေရိကန်၊ အင်္ဂလန်တို့က လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ကြားတယ်။ သူတို့က မျက်မြင်သက်သေတွေအနေနဲ့ ထုတ်ပြန်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ကူညီ ဆောင်ရွက်ပေးတာဟာ ပိုက်ဆံထောက်ပံ့တာ တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက် နိုင်ငံရေးအရရော ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်လို့ မြင်ပါတယ်။

မေး- ကိုးကန့်ပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်သင့်သလဲ။

ဖြေ- ၁၉၈၉ မှာ အစိုးရနဲ့ ပထမဆုံး အပစ်ရပ်ခဲ့တာ ကိုးကန့်ဖြစ်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပေါ်ပေါက်ရေးမှာလည်း ကိုးကန့်အဖွဲ့က ထောက်ခံပေးခဲ့ပါတယ်။ ကိုးကန့်အဖွဲ့နဲ့ အစိုးရကြားမှာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးရှိခဲ့တာတွေကို စာနာထောက်ထားပြီး ပြဿနာတွေအပေါ်မှာ ချဉ်းကပ်ရင် ကောင်းမယ်။

မေး- ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆို ဘာတွေ အရင်ဆုံး လုပ်ရမလဲ။

ဖြေ- ၂ဝဝ၈ အခြေခံဥပဒေ ပြင်နိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲက မျက်မှောက်နဲ့ကင်းလွတ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလည်း မဖြစ်သင့်ပါဘူး။ ၁၉၉၃ (စစ်အစိုးရ စီစဉ်တဲ့) ညီလာခံတုန်းက အနာဂတ်ကိုပြောရင်းနဲ့ မျက်မှောက်မှာ ပါဝင်ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။ လာမယ့်နိုင်ငံရေးဆွေးနွေးပွဲက အနာဂတ်အတွက်ရော မျက်မှောက်ရေးရာကိုပါ ဆွေးနွေးဖို့ လိုတယ်။

မေး - ပအိုဝ်းအဖွဲ့က အစိုးရစစ်တပ်နဲ့ ပေါင်းဖို့ရော စိတ်အားထက်သန်သလား။

ဖြေ- ကျွန်တော့်နာမည်ရှေ့မှာ ဘာမှ မတပ်ထားဘူး။ ကျွန်တော်လည်း တပ်ချင်ရင် ဗိုလ်တွေ၊ ဘာတွေ ညာတွေ တပ်လို့ရပါတယ်။ ဒါပေမဲ့ ပအိုဝ်း တိုင်းရင်းသားလွတ်မြောက်ရေး အဖွဲ့ချုပ်မှာ စစ်ဘက်သည် နိုင်ငံရေးအဖွဲ့အောက်မှာ ရှိရမယ်ဆိုတဲ့ အခြေခံစည်းမျဉ်း ရှိပါတယ်၊ စစ်ရာထူးတွေ တပ်လိုက်ရင် စစ်ဘက်သည် နိုင်ငံရေးအဖွဲ့အောက်မှာ ရှိရမယ် ဆိုတဲ့ အနှစ်သာရက ပျောက်သွားမှာပါ။ အနာဂတ်တပ်မတော်ထဲမှာ ရာထူးယူပြီးလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ တိုင်းပြည်လုံခြုံရေးအတွက် ပေါင်းစည်းခြင်းမှာတော့ လူမျိုးအလိုက်သော်လည်းကောင်း တာဝန်ယူနိုင်ဖို့တော့ လုပ်ရမှာပေါ့။

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မဲဆွယ်နေတဲ့နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်၊ တိုက်ခိုက်တာတွေ ရှိတယ်။ ပအိုးဝ်အဖွဲ့ရဲ့ မူဝါဒက ဘယ်လိုလဲ။

ဖြေ- လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုခံရဖို့ လိုလားတယ်။ ကျွန်တော်တို့ပါတီက ဘယ်ပါတီဘယ်အဖွဲ့အစည်းကို ထောက်ခံတယ်လို့ မပြောဘူး။ ကန့်ကွက်ခြင်းလည်း မလုပ်ဘူး။ တစ်ဦးချင်းအနေနဲ့က ကိုယ်ကြိုက်တဲ့သူကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ရှိမှာပေါ့။ လူထုရွေးတဲ့သူကို ကျွန်တော်တို့ လက်ခံပေးမှာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မနှောင့်ယှက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲကို တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ်။ ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading