သမ္မတဦးထင်ကျော်နှင့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

နေပြည်တော် - စစ်အုပ်ချုပ်ရေး စနစ်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းဖြင့် တက်လာသော အရပ်သား သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၈ ဦးတို့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြသည်။

ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားသည့်သမ္မတဦးထင်ကျော်၏မိန့်ခွန်းတွင် အစိုးရသစ်သည် အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။

"နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်" ဟု ပင်နီတိုက်ပုံဝတ်ထားသော သမ္မတသစ် ဦးထင်ကျော်က ပြောသည်။

အာဏာရှင်ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသည့် ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂ဝ၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ယခုအချိန်ကာလကို စိတ်လှုပ်ရှားဖွယ်ရာ စောင့်ဆိုင်းခဲ့ရသည်။

အရပ်သားသမ္မတသစ် ကျန်းသစ္စာကျိန်ဆိုမည့်နေ့ကို စောင့်မျှော်သူ အများအပြားထဲတွင် NLD ကို ထောက်ခံသည့် ရန်ကုန်မြို့မှ အငှားယာဉ်မောင်း ကိုမင်းသူရစိုးလည်း ပါဝင်သည်။

“ပြီးခဲ့တဲ့ လတွေကတော့ ဘောလုံးပွဲတစ်ပွဲရဲ့ နောက်ဆုံး အချိန်တွေလိုပါပဲ၊ ဒိုင်လူကြီးခရာတွတ်သံကိုပဲ နားစွင့်နေရ၊ စိတ်လှုပ်ရှားခဲ့ရတာပေါ့” ဟု ကိုမင်းသူရစိုးက Myanmar Now သို့ ပြောသည်။

“တကယ့်ကို အရေးကြီးတဲ့ အချိန်ပါပဲ”

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ဌာန ၄ ခု၏ ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် NLD မှ လွှတ်တော်အမတ်များက မတ်တပ်ရပ်ပြီး အရိုအသေပြုကြသည်ကို တွေ့ရသည်။

သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရသည်မှာ ကြည်နူးဖွယ်ကောင်းသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းစိန်က ပြောသည်။

"တိုင်းပြည်အရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ပါတီဘာညာ မခွဲဘူးလေ။ တိုင်းပြည်ကောင်းစားဖို့ဆိုရင် အားလုံး လက်ခံကြိုဆိုတယ်၊ ဦးထင်ကျော်ကိုလည်း လက်ခံတယ်" ဟု မိုင်းပျဉ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က Myanmar Now ကို ပြောသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ရောက်လာပြီး အခြေခံဥပဒေအရ လွှတ်တော်တွင် အချိုးကျပါဝင်ခွင့်ရကြသော တပ်မတော်သားကိုယ်စားလှယ် စစ်အရာရှိ အများအပြားလည်း တက်ရောက်ကြသည်။

"ပြည်သူတွေ ဘယ်လိုခံစားနေကြလဲ၊ ကျွန်တော်တို့လည်း ပြည်သူတွေ ခံစားကြရတဲ့အတိုင်း ခံစားကြရပါတယ်။ ပြည်သူတွေနဲ့ အတူတူပါပဲ" ဟု အမည်မဖော်လိုသူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ခရီးရှည်၏ အစ

NLD အစိုးရအတွက်မူ ဤအချိန်သည် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ မှားယွင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုများအတွက် နစ်မြုပ်နေသည့် မြန်မာနိုင်ငံအား ပြန်လည်ထူထောင်ရေး ခရီးရှည်အတွက် အစပိုင်းသာဖြစ်သည်။

NLD သည် လွှတ်တော်အတွင်း ကိုယ်စားလှယ်အရေအတွက်၂၅ ရာခိုင်နှုန်း နေရာယူထားပြီး အရေးကြီး ဝန်ကြီးဌာနသုံးခုကို ချုပ်ကိုင်ထားသည့် တပ်မတော်နှင့်လက်တွဲကာ ဆက်လက်လုပ်ဆောင်နေရဦးမည်။ လေ့လာစောင့်ကြည့်သူများက တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်လိုနေဆဲဖြစ်ကြောင်း သုံးသပ်ကြသည်။

အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လူသိရှင်ကြား လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအခါ စာချုပ်အတိုင်း လိုက်နာမှုတွင် အားနည်းလာသည်။ စစ်တပ် ထောက်ခံသည့် ယခင်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့သော အဆိုပါသဘောတူစာချုပ် အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များကို ယခုအစိုးရက ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်သည်။

‘ပြောင်းလဲချိန်တန်ပြီ’ ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးခဲ့သည့် NLD ဒီပါတီအနေဖြင့် ဝန်ကြီးအဖွဲ့ရွေးချယ်ရာ၌ ဝေဖန်မှုများကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဝန်ကြီးနှစ်ဦး၏ ဒေါက်တာဘွဲ့အတုများ ထွက်ပေါ်လာခြင်းတို့ကြောင့် NLD ၏ ဝန်ကြီးများနှင့်ပတ်သက်သည့် အရည်အချင်းများကို စောင့်ကြည့်ဝေဖန်သူများက မေးခွန်းထုတ်လာကြသည်။

NLD က ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အမည်များ လွှတ်တော်တွင် အဆိုတင်သွင်းမှု မပြုခင် တိုင်းရင်းသားနိုင်ငံရေးပါတီတို့နှင့် ဆွေးနွေးမှုမရှိခြင်း၊ ဗဟိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များအတွက် နေရာစုစုပေါင်း ၃၂ နေရာတွင် အမျိုးသမီး ၃ ဦးသာ ပါဝင်ခြင်းတို့ကြောင့် ဝေဖန်ခံနေရပြီဖြစ်သည်။

ဝေဖန်ခံနေရသည် ဆိုသော်လည်း NLD အစိုးရသစ်နှင့် ပတ်သက်ပြီး အကောင်းဆုံးကို မျှော်လင့်သည်ဟု ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျင်းကန်က ပြောသည်။

"လတ်တလော ဖြေရှင်းစရာတွေကတော့ အများကြီးပါ။ ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသား၊ ငြိမ်းချမ်းရေး (ဖော်ဆောင်မှု) ဒါတွေက အရေးကြီးပါတယ်" ဟု ဦးရန်ကျင်းကန်က ပြောသည်။

သမ္မတသစ်၏ ပထမဆုံးမိန့်ခွန်းကို ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ရာ နိုင်ငံအနှံ့အပြားမှ ပြည်သူများ စောင့်ကြည့်ခဲ့ကြသည်။

ခပ်တိုတိုပြောကြားသွားသည့်မိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဦးစားပေး လုပ်ငန်းအဖြစ် ထည့်သွင်း ပြောဆိုသွားသည်။

"နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရဲ့ရည်မှန်းချက် အကောင်အထည်ဖော်လာစေရန် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း နားလည်ထားပါတယ်" ဟု သမ္မတသစ်က ပြောသည်။

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်လာသူများထဲတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းလည်း ပါဝင်သည်။

"တစ်သက်လုံး ဒီလိုနေ့မျိုးကို မျှော်လင့်နေခဲ့တာ၊ အဝမ်းသာဆုံးနေ့တစ်နေ့ပါ။ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မယိမ်းမယိုင်၊ ဖြောင့်ဖြောင့်တန်းတန်းရောက်ဖို့ လိုပါတယ်။ အနှောင့်အယှက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပဲ" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲပြီးသည့်နောက်တွင် သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဗဟိုအစိုးရအဖွဲ့ဝင်သစ်များသည် သမ္မတအိမ်တော်သို့ သွားရောက်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ အာဏာလွှဲပြောင်းရေးအခမ်းအနားကို အကျဉ်းချုံး ပြုလုပ်ကြသည်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading