"အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် … အဲ့ဒီသုံးခုစလုံး ကွင်းဆက်မိဖို့ လိုပါတယ်"

သံတွဲ - သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနဟာ ငါးလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာရေး၊ ငါးမျိုးပြုန်းတီးမှု ကာကွယ်ရေး၊ ထိုက်သင့်တဲ့ အခွန်အခများရရှိရေးတို့ကို လုပ်ဆောင်နေကြောင်း ဦးစီးမှူး ဦးမြင့်သိန်းက ပြောပါတယ်။

မကြာသေးခင်က ဦးစီးမှူးနဲ့ သံတွဲမြို့ ခရိုင်ရုံးမှာ တွေ့ဆုံရာမှာ သူက ရေလုပ်ငန်းအတွင်း နည်းပညာ အားနည်းမှုအခြေအနေ၊ ဌာနရဲ့ ပညာပေးလုပ်ငန်းမှာ ဒေသတွင်းလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေရဲ့ ပူးပေါင်း ကူညီမှု လိုအပ်ပုံ၊ ပုဇွန်မွေးမြူရေး စတဲ့ အကြောင်းအရာများကို ပြောပြထားပါတယ်။

မေး - သံတွဲဒေသမှာ ငါးဖမ်းလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ကိုင်သွားနိုင်ကြဖို့ ဘယ်လို ပညာပေးနေပါသလဲ။

ဖြေ - ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှုတွေကြောင့် ငါးတွေရဲ့ပေါက်ဖွားမှုနှုန်း အနေအထားတွေလည်း ပြောင်းလဲ၊ ငါးသယံဇာတတွေ ပြောင်းလဲလာတော့ ပြုပြင် လုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဖို့အတွက် ကျေးရွာတွေကို သွားရောက်ပြီးတော့ ဟောပြောပွဲတွေ အများကြီး လုပ်ပါတယ်။ ကျွန်တော်တို့ ရေလုပ်သားတွေကို ကွင်းဆင်းပြီး မေးမြန်းတဲ့အခါမှာ ငါးအရွယ်အစားတွေ သေးလာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်လို့ ဖြေပါတယ်။ အဆိပ်ချ၊ ဘက်ထရီ ရှော့တိုက်၊ ဗုံးခွဲပြီး ငါးဖမ်းခြင်း ဆိုတာက ငါးဥတွေ၊ ငါးသားပေါက်ကလေးတွေ ဖြစ်မလာတော့မယ့် အနေအထားမျိုးပါ။ အဲ့ဒါကိုတော့ ပြစ်ဒဏ်အနေနဲ့လည်း ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားပါတယ်။ အဆိပ်ချ ငါးဖမ်းခြင်းနဲ့ ပတ်သက်ရင် အခု တောင်ကုတ်မြို့နယ်ထဲမှာ တရားစွဲဆိုထားတဲ့ အမှုတွေ ရှိပါတယ်။ အဲဒါတွေကို ရှောင်ကြဉ်မှသာလျှင် အစဉ်မပြတ် ဖမ်းဆီးနိုင်ပြီး ငါးတွေ ပိုထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က အမြဲမပြတ် စည်းရုံးပြီးပြောနေတာပဲ။ ရေလုပ်ငန်းရှင်တွေရော ရေလုပ်သားတွေရော ဝိုင်းဝန်း ကူညီပြီး အသိရှိရှိ လုပ်မှသာလျှင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ထုတ်လုပ်မှု တိုးတက်မယ်။

မေး - ငါးဖမ်းလုပ်ငန်း လိုင်စင်မဲ့ လုပ်ကိုင်နေရင် ဘယ်လိုအရေးယူ ပါသလဲ။

ဖြေ - လိုင်စင်မလုပ်ဘဲ ငါးဖမ်းတယ်ဆိုရင် ရေချိုငါးလုပ်ငန်းဥပဒေနဲ့ အရေးယူပါတယ်။ မည်သူမဆို ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် "(က) ရေလုပ်သား မှတ်ပုံတင် မရှိဘဲ ငါးလုပ်ငန်း လုပ်ကိုင်သည့်ကိစ္စဖြစ်ပါက ထိုသူအား ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်။ (ခ) ရေချိုငါးလုပ်ငန်း ရေပြင်တွင် ငါးဖမ်းကိရိယာလိုင်စင်မရှိဘဲ ငါးလုပ်ငန်း လုပ်ကိုင်သည့် ကိစ္စဖြစ်ပါက ထိုသူအား ကျပ် ငါးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
လိုင်စင်လုပ်တဲ့အတွက် နိုင်ငံတော်လည်း အခွန်အခ ရရှိပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့လည်း ငါးဖမ်းနေတဲ့ လှေအစီးအရေ တိတိကျကျ သိရတာပေါ့။

မေး - ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမွဲတေမှုတွေ လျော့နည်းလာအောင် ဘာတွေ လုပ်သင့်ပါသလဲ။

ဖြေ - ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် ကျွန်တော်တို့ဌာနက မြစိမ်းရောင် စီမံကိန်း ဆိုပြီး ကျေးရွာတစ်ရွာကို အရင်းမပျောက် မတည်ငွေအဖြစ် သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာ ရှိပါတယ်။ သံတွဲခရိုင်ထဲမှာတော့ ဂျိတ္တော၊ ခမောင်းတုန်း၊ ဆင်ခေါင်း အဲဒီသုံးရွာကို လက်ရှိ ထောက်ပံ့ထားပါတယ်။ အဲ့ဒါက ကာလရှည်ချေးငွေပါ။ အရင်းကို ဝန်ကြီးဌာနက မယူတော့ပါဘူး။ ကျေးရွာအတွင်းပဲ ကော်မတီတွေ ဖွဲ့ပြီးတော့ အတိုးနည်းနည်းနဲ့ ရွာသားတွေကို ချေးပေးတာပါ။ အတိုးနှုန်းကတော့ ကော်မတီ သတ်မှတ်တဲ့ အတိုင်းပါပဲ။ မြစိမ်းရောင် စီမံကိန်းဆိုပြီး ရွာတစ်ရွာကို ပေးလိုက်ရင် သူတို့ ငါးဖမ်း ရေလုပ်သားတွေက စိတ်ကြိုက် ကော်မတီ ဖွဲ့ပြီးတော့ သူတို့ကော်မတီကပဲ အတိုးနှုန်းကို ဆုံးဖြတ်ပါတယ်။ များသောအားဖြင့်က ငါးမူး၊ တစ်ကျပ်၊ တစ်ကျပ်ခွဲ အဲ့ဒီ ပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အတိုးနှုန်းတွေ ရလာရင်လည်း အဲ့ဒီရပ်ရွာ အကျိုးပြု လူမှုရေးလုပ်ငန်းတွေမှာ သုံးနိုင်အောင်လို့ လုပ်ပေးထားပါတယ်။ နောက်ပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ NGO အဖွဲ့တချို့ ပေါင်းစပ်ပြီးတော့ ကျေးရွာတွေမှာ ရေလုပ်သားတွေ တိုးတက်အောင် ဘာတွေလုပ်ရမလဲ ဆိုတာတွေကို စစ်တမ်းတွေ လိုက်ကောက်နေပါပြီ။ လှေတွေသွားလာမှု အမျိုးအစား၊ ငါးရရှိမှု ပိသာချိန်၊ ဘယ်နေရာမှာ ငါးဖမ်းဆီးမှု ပိုများလဲ ပိုနည်းလဲ ဆိုတာကို လေ့လာနေပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ဘယ်လတွေမှာ ငါးသားပေါက်တွေ ရှိနိုင်တယ်။ ဘယ်ဟာတွေကတော့ အရမ်း ဖမ်းနေတယ်၊ ဆောင်ရန် ရှောင်ရန်တွေ ဖြစ်တယ်၊ ဒီဟာတွေကို စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်အောင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီးတော့ လုပ်သွားမှာပါ။

မေး - NGO တွေကို ဘာတွေများ အကြံပေးခဲ့ပါသလဲ။

ဖြေ - NGO အဖွဲ့အစည်းအတွေ လာပြီးတော့ ကျေးရွာတွေမှာ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်၊ စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်အောင် စစ်တမ်းကောက်ကြပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူတွေ ဖွံ့ဖြိုး တိုးတက်လာအောင် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် သုံးခုစလုံးကို ဖန်တီးပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင်မယ် လို့တော့ ကျွန်တော် အကြုံပြုထားပါတယ်။

မေး - ရေလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာအောင် ဘာတွေ အဓိက လိုအပ်တယ်လို့ မြင်ပါသလဲ။

ဖြေ - အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် … အဲ့ဒီသုံးခုစလုံး ကွင်းဆက်မိဖို့ လိုပါတယ်။ အဲဒီသုံးခုလုံးကို အပြည့်အဝ ထောက်ပံ့ပေးနိုင်တယ် ဆိုရင် ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဖွံ့ဖြိုး တိုးတက်လာမှာပါ။ နည်းပညာအရ ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို ပြုတ်ပြီးတော့ လှန်းမယ်ဆိုရင် ပိုပြီးတော့ ဈေးနှုန်း ပိုရလာမယ်။ ဈေးနှုန်းပိုရတော့ ရေလုပ်သားတွေ လုပ်ခလည်း များများ ပေးနိုင်လိမ့်မယ်။ နည်းပညာအရ ပြုတ်တဲ့အခါ ဘယ်နှစ်မိနစ်ပြုတ်ရမလဲ ဆိုတာ ဒါတွေကအစ သူတို့ မသိပါဘူး။ အဲ့ဒီလိုနည်းပညာတွေ လိုပါတယ်။ ပြုတ်အိုးတွေလည်း လိုပါတယ်။ အရင်းအနှီးက လိုပြန်ရော။ ကုန်ချော ထွက်လာပြီ ဆိုရင် ဈေးကွက် ရှိဖို့ လိုပါတယ်။ နည်းပညာမြင့်မြင့်နဲ့ ထုတ်မယ်၊ ဈေးကွက်ကလည်း ဝယ်လိုအားရှိမယ်ဆိုရင် ငါးလုပ်ငန်း ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်လာမှာပါ။

မေး - ပုဇွန်မွေးမြူခြင်းနဲ့ရော ပတ်သက်ပြီး ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - သံတွဲခရိုင် ရေငန်ပုဇွန် လုပ်ငန်းက လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဖွံ့ဖြိုးခဲ့ပေမယ့် အခုဆိုရင် တော်တော်လေးကို ကျဆင်းသွားပါပြီ။ ဈေးကွက်ပျက်သွားတာမျိုးတွေလည်း ပါပါတယ်။ ကျွန်တော်တို့က NGO တွေနဲ့ ပေါင်းစပ်ပြီးတော့ မွေးမြူရေးနည်းပညာ သင်တန်း ပေးနေပါတယ်။ နောင်လည်း ဆက်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆို ပုဇွန်မွေးမြူနည်းက ၃ မျိုးရှိပါတယ်။ ကန်ကျယ်စနစ် ဆိုတာက အစာမကျွေးဘဲ သဘာဝအစာကို စားခြင်းအားဖြင့် မွေးမြူခြင်း၊ အစာကျွေးပြီးတော့ ၁ ဧကကို အကောင်ရေ သုံးသောင်းလောက်ထည့်ပြီး မွေးမြူတဲ့စနစ်၊ တစ်ဧကကို တစ်သိန်း နှစ်သိန်း ထည့်တဲ့စနစ် နည်းပညာတွေ ရှိပါတယ်။ ဒီမှာက ကန်ကျယ်စနစ်နဲ့ပဲ မွေးမြူတဲ့သူ များပါတယ်။ တစ်ဧက ကို ပိသာ ၃ဝ လောက်ပဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါမျိုးတွေကို ဌာနအနေနဲ့ စည်းရုံးပြီးတော့ တစ်ဧကကို ပိသာ ၂ဝဝ ကနေ ၃ဝဝ လောက် ထွက်အောင် မွေးမြူတဲ့နည်းစနစ်တွေကိုလည်း ကျေးရွာတွေမှာ ဟောပြောပေးပါတယ်။ ဒါမှသာလျှင် ထုတ်လုပ်မှုတွေ တိုးတက်လာမှာပါ။

မေး - ပုဇွန်မွေးပြီးတဲ့မြေက ပြန်အသုံးပြုလို့မရတာများတယ် ဆိုတော့ အဲဒါအတွက် ကြိုတင် ကာကွယ်ထားတာ ရှိပါသလား။

ဖြေ - လယ်လုပ်လို့ အဆင်မပြေတဲ့နေရာတွေ၊ လယ်လုပ်ရင် (စပါး) အထွက်နည်းတဲ့နေရာတွေကို ရွေးပြီးတော့ ပုဇွန်ကန်တွေ လုပ်တာပါ။ ဒါကြောင့် လယ်ယာနဲ့ ပတ်သက်ပြီးတော့ ပြဿနာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မေး - ဈေးကွက်ရရှိဖို့ကိုရော ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - ငါးဦးစီးဌာနအနေနဲ့ လုပ်ပေးနိုင်တာကတော့ မွေးမြူရေးနည်းပညာ သင်တန်းတွေ ရက်တို ဖွင့်ပေးတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ကျေးရွာတွေမှာ ဟောပြောပေးတယ်။ အချိန်မရွေး ငါးလုပ်ငန်းဦးစီးဌာနကို လာပြီးတော့ စုံစမ်းနိုင် မေးမြန်းနိုင်ပါတယ်။ ဈေးကွက်ကျတော့ ကျွန်တော်တို့ဌာနအနေနဲ့ တိုက်ရိုက် ဖော်ဆောင်ပေးလို့ မရပါဘူး။ ပေါင်းစပ်ပြီး ညှိနှိုင်းပေးလို့ပဲ ရပါတယ်။ အဓိကတော့ နည်းပညာပဲ ပေးလို့ရပါတယ်။

မေး - လုပ်ငန်းတွေဖော်ဆောင်တဲ့အခါမှာ ဦးစီးဌာနရဲ့ အဓိက အခက်အခဲက ဘာများဖြစ်မလဲ။

ဖြေ - ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ရေလုပ်သားတွေရဲ့ လိုအပ်ချက်ကို မေးတဲ့အခါ သူတို့က နည်းပညာကို အားလုံး သိပြီးသားလို့ ထင်နေကြတယ်၊ အဓိက သူတို့လိုချင်တာ ငွေကြေး (အကူအညီ) ပဲ ဖြစ်နေတယ်။ ငွေကြေး ပေးတိုင်းလည်း အဆင်မပြေနိုင်ဘူး၊ နည်းပညာ တိုးတက်လာမှ သူတို့ အဆင်ပြေမယ်။ ဥပမာ ငါးအတိုင်း ထုတ်လုပ်ဖို့ထက် ငါးမုန့်(ခြောက်)လုပ်ပြီး ထုတ်လုပ်မလား။ ငါးမုန့်(ခြောက်)လုပ်တဲ့ နည်းပညာ သူတို့တတ်ရင် ငါးရောင်းတာထက် ပိုက်ဆံပိုရမယ်။ အဲ့ဒါမျိုးလေးတွေ သူတို့သိအောင်၊ တွေးခေါ်နိုင်အောင် ကွင်းဆင်းပြီးတော့ ဟောပြောပေးပါတယ်။ ဌာနအနေနဲ့က ဝန်ထမ်းအင်အားအရ နေရာတိုင်းကိုတော့ မရောက်နိုင်ဘူး။ တတ်နိုင်သလောက်တော့ လိုက်ပြီးတော့ ကွင်းဆင်းတယ်။ ရေလုပ်သားတွေ အသိစိတ်ဓာတ်ရှိအောင် ဟောပြောတယ်။ ဟောတာကို တချို့ကလည်း မလိုက်နာဘူး။ တချို့ကလည်း လိုက်နာပါတယ်။ ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading