ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာ ဘယ်သူလဲ

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးခံရသူအကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတွေ့ရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ဓာတ်ပုံ
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးခံရသူအကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတွေ့ရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ဓာတ်ပုံ

ရန်ကုန် - တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ အနီးကပ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ရာနေရာမှာ ဖမ်းခံရတဲ့ ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော်ဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်တော့ သူတို့နှစ်ဦးလုံးဟာ ရာဇဝတ်မှုတစ်ခုကို အတူတူကျူးလွန်တယ်ဆိုတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို နိုင်ငံခြားကို တရားမဝင်ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူတူထောင်ကျခဲ့ဖူးကြောင်းကို ထိုအချိန်က တာဝန်ကျခဲ့ဖူးတဲ့ ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကပါ Myanmar Now ကို အတည်ပြုပြောဆိုပါတယ်။

ဦးအောင်ဝင်းဇော်ဟာ ထိုအမှုနဲ့ထောင်မကျခင်၊ အခြားအမှုတစ်ခုနဲ့လည်း ထောင်ကျဖူးကြောင်း၊ ပြီးတော့ သူဟာ စစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ထုတ်ခံထားရတဲ့ တပ်မတော်အရာရှိဟောင်းတစ်ယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထောင်ကလွတ်လာပြီး ရန်ကုန်၊ သာကေတမြို.နယ်၊ ၁ ရပ်ကွက်၊ ထူပါရုံအရှေ.၁၆ လမ်း၊ အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်မှာ သူ့မိသားစုနဲ့ လာရောက်နေထိုင်ကြောင်း သိရပါတယ်။ သူနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုချက်အရ ဦးကိုနီသတ်ခံရပြီးကတည်းက ဒီအိမ်ခြံဝင်းရဲ့ သံတံခါးမကြီးကို ပိတ်ထားတာကို တွေ.ရှိကြောင်း၊ နောက်ပြီး ဦးအောင်ဝင်းဇော်ကို လက်ထိပ် ၄၊ ၅ ခုနဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားက ဒီအိမ်ကို မကြာသေးမီရက်ပိုင်းအတွင်းက ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်မှူးတစ်ဦးထံက ရရှိခဲ့တဲ့ ဦးအောင်ဝင်းဇော်ရဲ့ မိသားစုသန်းခေါင်စာရင်း ဓာတ်ပုံမှတ်တမ်းအရ သူ့ဇနီးသည်မှာ အသက် ၄၂ ရှိသူ ဒေါ်မင်းမင်းထိုက်ဖြစ်ပြီး၊ သူ့တစ်ဦးတည်းသောသားမှာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပါတယ်။

ဦးအောင်ဝင်းဇော်ရဲ့ဇာတိကတော့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် တိုက်နံပါတ် ၂၅၆ ဖြစ်ကြောင်း၊ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ဖခင်မှာ တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်ပြီး အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိကြောင်း အဲဒီလမ်းထဲမှာ အခုထိ ဆက်လက်နေထိုင်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူတစ်ဦးက ပြောဆိုပါတယ်။

“သူဆယ်တန်းအောင် တပ်ထဲဝင်သွားကတည်းက ကျနော်နဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အေးအေးဆေးဆေးသမားပါပဲ။ ကြီးမှ ထောင်တွေဘာတွေကျပြီး ဘာတွေဖြစ်မှန်း ကျနော်တို့လည်း မသိတော့ဘူး။ သူ့အဖေကဆုံးပြီ။ သူ့အမေလည်း ဒီကပြောင်းသွားတာ ၂ နှစ်လောက်ရှိပြီ” ဟု အမည်မဖော်လိုသူ အဲ့ဒီသူငယ်ချင်းက ပြောပါတယ်။

ဒီအချက်တွေဟာ မှန်ကန်ကြောင်း ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ နေထိုင်နေတဲ့ ဦးအောင်ဝင်းဇော်ရဲ့ဖခင်ဘက်က ဦးလေးတော်စပ်သူ အငြိမ်းစား အင်းစိန်ထောင်ပိုင် ဦးဌေးလှိုင်က Myanmar Now ကို ပြောပါတယ်။

ဒီအမှုမှာ သူ့တူပါဝင်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ သူက “ဦးလေး အသက်လည်းကြီးပါပြီ။ အေးအေးဆေး နေချင်ပါပြီ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပေါ့။ ဒီ့ထက်မပြောပါရစေနဲ့” လို့ပဲ သူက ခပ်တိုးတိုး ပြန်ဖြေခဲ့ပါတယ်။

လူသတ်ပွဲစားလား

ဦးအောင်ဝင်းဇော်နဲ့ရော ဦးကြည်လင်းနဲ့ရော မန္တလေးအိုးဘိုထောင်မှာ ထောင်သားအဖြစ် အတူနေဖူးတဲ့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ ယခု နေထိုင်နေတဲ့ အကျဉ်းသားဟောင်း ကိုအောင်စိုးကတော့ ဦးကိုနီလုပ်ကြံခံရပြီး နာရီပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဒီအမှုမှာ ဦးအောင်ဝင်းဇော် ပါနိုင်ကြောင်း ဦးကိုနီလုပ်ကြံခံပြီး တစ်ရက်အကြာမှာ Myanmar Now ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုချက်အရ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့ဟာ ထောင်အတူတူကျ အမှုတွဲတွေဖြစ်သလို၊ ထောင်ထဲမှာလည်း ရင်းရင်းနှီးနှီးပေါင်းသင်းတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ဦး ဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ ငွေလမ်းခင်းပြီး ထောင်ထဲမှာ အကျဉ်းသားတွေကို ပြန်လည်အုပ်ချုပ်ရတဲ့ ထောင်တန်းစီးအဖြစ် နေရာယူထားပြီး လူပေါ်လူဇော် လုပ်ချင်သူဖြစ်ကြောင်း၊ ဦးကြည်လင်းကတော့ လူအများစုနဲ့ ခပ်ကင်းကင်းနေပြီး တည်ငြိမ်တဲ့အမူအရာ အပြည့်ရှိသူဖြစ်ကြောင်း ပြောဆိုပါတယ်။

“အောင်ဝင်းဇော်က တပ်ထွက်အရာရှိဆိုတော့ အားလုံးက ဗိုလ်ကြီးဆိုတဲ့သဘောမျိုးနဲ့ ‘ဗက’ လို့ သူ့ကိုခေါ်တယ်။ ကြည်လင်းကတော့ သူနဲ့တွဲပေမယ့် ဦးဆောင်ဦးရွက်လုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ နှစ်ယောက်လုံးတူတာကတော့ ငွေရရင်ဘာမဆို လုပ်မယ်ဆိုတာပဲ” လို့ ဦးအောင်စိုးက ပြောပါတယ်။

ဦးအောင်စိုး၊ ဦးအောင်ဝင်းဇော်နဲ့ ဦးကြည်လင်းတို့ဟာ ယခင်အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့ အကျဉ်းထောင်က လွတ်မြောက်လာခဲ့ကြပါတယ်။

“ဦးကိုနီသတ်ခံရပြီး နောက်တစ်နေ့မနက်မှာ ဖေ့ဘွတ်က ကြည်လင်းပုံကို ကျွန်တော့်မိန်းမက လာပြတော့၊ ဒီအမှုမှာ ကျိန်းသေပေါက် အောင်ဝင်းဇော် ပါတယ်ဆိုပြီး ကျနော်သိလိုက်ပြီ” လို့လည်း ဆက်ပြောပါတယ်။

အဲဒီလို သူအခိုင်အမာပြောနိုင်သည့်အချက်ကတော့ ထောင်ထဲမှာတုန်းက သူပြောပြခဲ့ဖူးတဲ့ အင်းစိန်မြို့နယ် အိမ်လိပ်စာရှိရာကို မနှစ်က ဇွန်လတုန်းက ဦးအောင်ဝင်းဇော်တစ်ယောက် ခဲရောင် ပါဂျဲရိုးကားလေးနဲ့ ရောက်လာခဲ့ပါတယ်။ သူက ဦးအောင်စိုးဆီကို လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို လုပ်ပေးဖို့ အလုပ်လာအပ်ခြင်းဖြစ်ပါတယ်။

နေ့ခင်းကြောင်တောင်၊ မြို့လယ်ခေါင်မှာ၊ လူမျိုးမတူ ဘာသာခြားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ရမယ်၊ အောင်မြင်ရင် အမျိုးဘာသာအတွက်အကျိုးရှိမယ်၊ အလုပ်လက်ခံရင် သိန်း ၁,၀၀၀ထိ ပေးမယ်၊ သတ်ဖြတ်ပြီးရင် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ. (DKBA) တပ်တွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ ဦးအောင်ဝင်းဇော်ရဲ့ကမ်းလှမ်းချက်ကို ဦးအောင်စိုးက လက်မခံခဲ့ပါဘူး။

“ကျနော်ကသူ့ကို ‘မင်းဘာတွေလုပ်နေလဲ’ ဆိုတော့ သူက ‘ငါ ထောင်ကထွက်လာကတည်းက ငါ့ကို ဒီလိုအလုပ်တွေလုပ်ဖို့ တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်။ လိုသမျှထောက်ပံ့တဲ့သူတွေ ရှိတယ်’ ဆိုပြီး ပြောတယ်။ သူပြောနေတဲ့စကားတွေက သိပ်မြင့်လွန်းတော့ ကျနော်ကမယုံဘူး။ ဘုရားခိုးဂိုဏ်းကကောင်က ဘာသာရေးတွေဘာတွေ ကာကွယ်မယ်ဆိုတော့ ကျနော်က လုံးဝမယုံဘူး” လို့ ဦးအောင်စိုးက ပြောပြပါတယ်။

ဦးအောင်စိုးသည် ရန်ကုန်မြို.တစ်ဝိုက် လုယက်မှုများနဲ့ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ဒုတိယမ္မိကမ်းလှမ်းမှု

ဦးအောင်ဝင်းဇော်က ဦးအောင်စိုးကို အင်မတန်လျှို့ဝှက်ကျူးလွန်ရမယ့် လူသတ်လုပ်ကြံမှုတစ်ခု ဘာ့ကြောင့်ရွေးချယ် ကမ်းလှမ်းခဲ့ပါသလဲ။

ဦးအောင်စိုးရဲ့ပြောပြချက်အရ ၂၀၀၆ ခုနှစ် မန္တလေးထောင်ထဲမှာရှိနေတုန်း ဦးအောင်ဝင်းဇော်ဟာ (DKBA) နဲ့ ပတ်သက်သူတစ်ဦးရဲ့ အကူအညီနဲ့ သေနတ်နှစ်လက်ကို ခိုးသွင်းပြီး ထောင်ကနေထွက်ပြေးမယ်လို့ သူ့ဆီလာတိုင်ပင်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဦးအောင်စိုးဟာ ထောင်တွင်းနေသား ၁၀ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်လာရင် လွတ်မြောက်ဖို့ မျှော်လင့်နေတဲ့အချိန်ဖြစ်တဲ့အတွက် အဲဒီထောင်ဖောက်မယ့်အကြံကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒီသတင်းကို လုံးဝ မပေါက်ကြားရအောင် နှုတ်လုံခဲ့တာမို့ ဦးအောင်ဝင်းဇော်ရဲ့ အထူးယုံကြည်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ဦးအောင်စိုးဟာ ၁၉၈၈ ခုနှစ်မတိုင်မီက စစ်တပ်ထဲမှာ နှစ်နှစ်မျှဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ၊ ကရာတေးသိုင်းအတတ်ပညာကို ကောင်းမွန်စွာတတ်မြောက်ထားတာနဲ့ အခုအချိန်အထိ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်နိုင်လောက်အောင် တောင့်တင်းသန်မာနေဆဲဖြစ်တာ၊ နောက်ပြီး ထောင်တွင်းကာလမှာ သဘောထားတင်းမာစွာ နေထိုင်တတ်သူဖြစ်တာ စတဲ့အကြောင်းတွေကြောင့် သူ့ကို ဦးအောင်ဝင်းဇော်က လူသတ်လုပ်ကြံဖို့အလုပ်ကို ယုံကြည်စွာ ကမ်းလှမ်းခဲ့တာလို့ ဦးအောင်စိုးက ယုံကြည်နေတာပါ။

“ဦးကိုနီလုပ်ကြံရအောင် အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဘာမှဆက်စပ်စရာမရှိဘူး။ သူတို့နောက်ကွယ်က ငွေပေးခိုင်းလို့လုပ်တာ။ ကျနော်ယုံကြည်တယ် သူ့နောက်မှာ အကောင်ကြီးတွေပဲ” ဟု ဦးအောင်စိုးက ဆိုပါတယ်။

ဦးကိုနီလုပ်ကြံမှုဟာ နိုင်ငံရေးအရလုပ်ကြံမှုဖြစ်တယ်လို့ ပြည်သူတွေကြားမှာ ယူဆနေတာရှိပြီး၊ နိုင်ငံတော်သမ္မတရုံးကလည်း ဒါဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိလိုက်ပြီးတဲ့နောက် သူ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်ဖမ်းမိရေးအတွက် ပြည်သူများက မျှော်လင့်နေကြပါတယ်။။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading