မျက်မမြင်များကို ဘဏ်ဝန်ဆောင်မှုပေးရန် မသန်စွမ်းသူတို့ တောင်းဆို

မျက်မမြင်တို့လည်း အများနည်းတူ ဘဏ်တွင် ငွေစာရင်း ဖွင့်လိုကြသည်

Published on Apr 25, 2017

ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ အနှိပ်အကြောပြင်ဆေးခန်းတစ်ခုမှ မျက်မမြင်အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးသည် အောက်တိုဘာလအတွင်းက ပုဂ္ဂလိကဘဏ်ခွဲတစ်ခုသို့ သွားရောက်ခဲ့ရာတွင် ဘဏ်ဝန်ထမ်းတစ်ဦးက ဝန်ဆောင်မှုပေးရန် ခါးခါးသီးသီးငြင်းဆန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

လမ်းမတော်မြို့နယ် ဘဏ်ခွဲတွင် ငွေစာရင်းဖွင့်ပြီး လစာငွေတချို့တဝက်ကို စုဆောင်းရေး ရည်ရွယ်ချက်မှာလည်း အကောင်အထည် မပေါ်ခဲ့ပေ။

“မျက်မမြင်တွေဆိုရင် ငွေစာရင်းဖွင့်လို့ မရဘူး။ အထပ်ထပ် အခါခါပြောနေတာ နားမလည်ဘူးလား ဆိုပြီး ကျွန်တော့်ကို လူတွေ အများကြီးရှေ့မှာ အော်တယ်။ မသိရင် သူတို့ဘဏ်က ငွေတောင်းနေတာ ကျနေတာပဲ။ ရုတ်တရက်တော့ ကျွန်တော် ရှက်သွားတယ်။ သိမ်ငယ်သလို ခံစားရတယ်” ဟု ၂၉ နှစ် အရွယ်ရှိ ကိုအောင်သန်းဦးက ရင်ဖွင့်သည်။

ကိုအောင်သန်းဦးသည် ညီဖြစ်သူကိုခေါ်ဆောင်ကာ အဆိုပါ ဘဏ်ခွဲသို့ သုံးကြိမ် သွားရောက်ကာ ငွေစာရင်းဖွင့်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေခဲ့ပေ။

“ပထမအကြိမ်တုန်းက ကျွန်တော်က ညီလေးနဲ့အတူသွားတာ တစ်ယောက်တည်း ဖွင့်မရလို့ ပြန်လာရတယ်။ နောက်တစ်ခါ ကျွန်တော့်ညီမှတ်ပုံတင်ပါ ယူပြီး သွားတော့ အဲဒီဝန်ထမ်းက အပေါ်ထပ်က မန်နေဂျာကိုသွားပြောတယ်။ ပူးတွဲ (စာရင်း) လည်း မရပါဘူးလို့ ဆိုပြီး အသည်းအသန် ငြင်းလိုက်တယ်” ဟု ကိုအောင်သန်းဦး မျက်နှာကို လက်ဖြင့်ပွတ်ရင်း ကတုန်ကယင်နှင့် ပြောပြသည်။

အဆိုပါဘဏ်၏ တာဝန်ခံမန်နေဂျာကို သွားရောက်တွေ့ဆုံမေးမြန်းရာတွင် အမြင်အာရုံမသန်စွမ်းသူ ငွေစာရင်းဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မပြုရန် ရုံးချုပ်က ညွှန်ကြားထားကြောင်း ဖြေဆိုခဲ့သည်။

”မျက်မမြင်တွေအတွက် ငွေစာရင်းဖွင့်လှစ်တာကို လက်ခံပေးဖို့ သတ်မှတ်ချက် မရှိသေးပါဘူး။ တခြားသန်စွမ်းသူတစ်ဦးနဲ့ ပူးတွဲ အကောင့် ဖွင့်လှစ်တာ ဖြစ်ဖြစ် လက်မခံပါဘူး။ ကျွန်မတို့ ဘဏ်ခွဲတိုင်းကို ရုံးချုပ်က ညွန်ကြားထားပါတယ်” ဟု ဘဏ်မန်နေဂျာကပြောသည်။

အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးက သူနှင့်ဘဝတူများကြား ဆက်သွယ်စုံစမ်း မေးမြန်းပြီး အမြင်အာရုံ မသန်စွမ်းသူများကို လက်ခံပေးသည့် ကြည့်မြင်တိုင်မြို့နယ်ရှိ အခြားပုဂ္ဂလိကဘဏ်တစ်ခုတွင် သွားတွင်ရောက်ပြီး ငွေစာရင်း ဖွင့်လှစ်ခဲ့ရသည်။

မတူသည့် မူဝါဒ

မသန်စွမ်းများအတွက် ဘဏ်စာရင်း ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တစ်ခုနှင့်တစ်ခု မူဝါဒမတူကြပေ။ အချို့ဘဏ်များက မျက်မမြင်များကို ငွေစာရင်းဖွင့်လှစ်ခွင့်လုံးဝမပြုဘဲ တချို့ဘဏ်များက မူဝါဒတွင်ထည့်သွင်းရေးဆွဲ ထားသည့်တိုင် အောက်ခြေဝန်ထမ်းများက သိရှိလိုက်နာမှုအားနည်းကြသည်ကို တွေ့ရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ ပုဒ်မ ၇၇ (က) တွင် မသန်စွမ်းများအား မသန်စွမ်းမှုကို အကြောင်းပြုပြီး သိလျက်နှင့်တမင်ခွဲခြား ဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ နှိမ့်ချခြင်း ပြုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

ကိုအောင်သန်းဦးက မျက်မမြင်တို့သည် ငွေကြေးဆိုင်ရာလုံခြုံမူ မရှိသကဲ့သို့ ခံစားနေရကြောင်း၊ မိမိပိုင်ငွေကို လုံခြုံစွာ ထိန်းသိမ်းထားခြင်း မရှိပါက မသမာသူတို့ အသက်အန္တရာယ်ပြုသည့် အခြေအနေနှင့်ပင် ကြုံလာရနိုင်ကြောင်း ပြောပြသည်။

“ကျွန်တော်တို့ အမြင်အာရုံမသန်စွမ်းသူတွေက အများသူငါတွေလို သွားချင်တိုင်း သွားလို့မရဘူး။ အပြင်ကို သွားမယ်ဆိုရင် လူတစ်ယောက် အကူအညီလို ပါတယ်။ ဘဏ်ကို သွားမယ်ဆိုရင်လည်း ညီအစ်ကို မောင်နှမတွေ၊ စိတ်ချရတဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်တဲ့နေရာနဲ့ နီးစပ်တဲ့နေရာ၊ ဘဏ်မှာ ငွေစာရင်းဖွင့်ဖို ကြိုးစားတာပါ” ဟု သူက ဆက်ပြောသည်။

အများပြည်သူအတွက် ဝန်ဆောင်မှုပေးသော ဘဏ်လုပ်ငန်းများက မသန်စွမ်းသူတို့အတွက် ထည့်သွင်း စဉ်းစားပေးသင့်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဦးနေလင်းစိုးက ပြောသည်။

“မသန်စွမ်းတွေကိုသန်စွမ်းသူတွေ ဖြစ်အောင် လုပ်ပါဆိုရင်ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်းတွေကို မသန်စွမ်းသူတွေအတွက် ပြင်ဆင်ပေးရမယ်။ အလွယ်တကူ သွားလာနိုင်အောင် စီစဉ်ပေးရမယ်။ ဘဏ်ဝန်ဆောင်မူတွေ၊ စနစ်တွေက မသန်စွမ်းတွေအတွက် အခက်အခဲ ဖြစ်နေတယ်၊ ဆိုရင်လည်း မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး နည်းလမ်းတွေရှာဖွေပြီး ပြင်ဆင်ပေးရမယ်” ဟု ဦးနေလင်းစိုးက ပြောသည်။

အလုပ်အကိုင် အခွင့်အလမ်း

မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၂ ဒသမ ၃ သိန်းခန့်သည် မသန်စွမ်းများ ဖြစ်ကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများက အများဆုံးဖြစ်ကြောင်း၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကထုတ်ပြန်သော စာရင်းအရ နိုင်ငံတွင်း မသန်စွမ်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမြင်အာရုံမသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းကို ရည်ညွန်းပါက အနှိပ် အကြောပြင်အလုပ်ကို ပူးတွဲ မြင်ကြသည်။ တခြားသော ပညာရပ်များဖြင် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများ သူရှိသော်လည်း အလွန်နည်းပါးနေသေးသည်။

မီဒီယာတစ်ခုတွင် အသံဖမ်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသော ကိုစောမနိုင်းက ကျေးလက်ဒေသရှိ အမြင်အာရုံမသန်စွမ်းသူ အများစုမှာ ပညာသင်ကြားခွင့် မရရှိကြခြင်းကြောင့် အလုပ်အကိုင် အခွင်အလမ်းများလည်း မရရှိကြကြောင်း ထောက်ပြသည်။

မျက်မမြင်များအဆင်ပြေရေး

မျက်မမြင်တစ်ဦးဖြစ်သည့် အသံဘက်ဆိုင်ရာ ကျွမ်းကျင်သူ ကိုစောမနိုင်းသည်လည်း နေ့စဉ် ရုံးဆင်းရုံးတက်ရန် သွားလာရသည့်အခါ အခြားသော မျက်မမြင်များကဲ့သို့ အခက်အခဲများ ကြုံနေရသည်။

မြန်မာ နိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မြန်မာနိုင်ငံတွင် အမြင်အာရုံမသန်စွမ်းသူတို့ ပြင်ပတွင် သွားလာရာတွင်လည်းကောင်း၊ ATM ခေါ် အလိုအလျောက် ငွေထုတ်စက်ကို သုံးစွဲရာတွင် လည်းကောင်း ယုံကြည်ရသူ တစ်ဦး၏ အကူအညီကို မဖြစ်မနေ ယူနေရသည်ဟု ရှင်းပြသည်။

အမြင်အာရုံမသန်စွမ်းသူ ဦးအောင်ကိုမြင့်က ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင် စသည့် ခရီးစဉ်များအတွင်း ATM ငွေထုတ်စက် အသုံးပြုဖူးကြောင်း၊ ထိုနိုင်ငံများရှိ ATM စက်များတွင် မျက်မမြင်တို့ အဆင်ပြေစေရန် အသံဖြင့် ညွှန်ကြားသည့်စနစ် ပါရှိကြောင်း ရှင်းပြသည်။

ရန်ကုန်မှ အမြင်အာရုံမသန်စွမ်းသူတစ်ဦးဖြစ်သည့် မယမင်းဥမ္မာကလည်း မြန်မာနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ လမ်းများ၊ မီးပွိုင့်များတွင် အမြင်အာရုံမသန်စွမ်းသူတို့ သွားလာရန် အမှတ်အသားများ ၊ အသံစနစ်များ ပြုလုပ်ပေးစေလိုကြောင်း ပြောသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် ဘတ်စ်ကားများ မဆင်မခြင် မောင်းနှင်ခြင်း၊ မှတ်တိုင်မဟုတ်သော နေရာတွင် ခရီးသည် အတင်အချ ပြုလုပ်ခြင်းကလည်း မျက်မမြင်တို့အတွက် အသက်အန္တရာယ်ရှိကြောင်း မယမင်းဥမ္မာက ထောက်ပြသည်။

၎င်းအနေဖြင့် အာဆီယံနိုင်ငံ အချိုနှင့် ဒိန်းမတ်နိုင်ငံတို့တွင် သွားရောက် ပညာ သင်ယူခဲ့ စဉ်က သွားလာဆက်သွယ်ရာတွင် လွယ်ကူခဲ့သည်ဟု ပြောသည်။

“အဲဒီနိုင်ငံတွေမှာက အများပြည်သူတွေ အသုံးပြုတဲ့ လမ်းတွေမှာ အမြင်အာရုံမသန်စွမ်းတွေ အတွက် အမှတ်အသားတွေ ၊ အသံစနစ်တွေပါဝင်နေတဲ့အပြင် ဈေးဝယ်စင်တာတွေမှာ အကူဝန်ထမ်းတွေပါ ထားရှိအတွက် လုံခြုံစိတ်ချရတယ်လို့ ခံစားမိပါတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မှ မျက်မမြင်အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးကလည်း အစိုးရအနေဖြင့်သော်လည်းကောင်း၊ လူမူအဖွဲ့အစည်းများက သော်လည်းကောင်း အမြင်အာရုံမသန်စွမ်းသူများအတွက် သင့်တော်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည် ဆိုပါက ကိုယ်တိုင်လည်း တိုင်းပြည်အကျိုးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီနိုင်မည်ဖြစ်ကြောင်း ပြောသည်။ ။

စိုးစံထိုက်သည် အလွတ်တန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading