ဒဂုံဆိပ်ကမ်းကအိမ်အကူကို နှိပ်စက်တဲ့ အိမ်ရှင်တွေကို ပုဒ်မပြောင်းလဲကာ အာမခံပေးလိုက်

ရေနွေးပူနဲ့ပတ်၊ တုတ်နဲ့ရိုက်ပြီး နှိပ်စက်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် မခိုင်နှင်းဝေကိုနှိပ်စက်တဲ့ အိမ်ရှင်တွေကို အာမခံနဲ့ လွှတ်ပေးလိုက်ပါပြီ။ (ဓာတ်ပုံ - စလိုင်း/Myanmar Now)

ရေနွေးပူနဲ့လောင်း၊ မီးပူနဲ့ အကပ်ခံရပြီး အပြင်းအထန် ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က အိမ်အကူမိန်းကလေးငယ်အမှုမှာ ကျူးလွန်တဲ့အိမ်ရှင်တွေကို တရားရုံးက ပုဒ်မပြောင်းတပ်ပြီး အာမခံပေးလိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က အိမ်တစ်အိမ်မှာ အလုပ်လုပ်တဲ့ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေအမှုမှာ ရဲတပ်ဖွဲ့က အပြင်းအထန်နာကျင်စေမှု (ပုဒ်မ ၃၂၆) နဲ့ မူလက အမှုဖွင့်ထားပေမယ့် မြို့နယ်တရားရုံးမှာ တရားစတင်စွဲဆိုတဲ့အခါ ဆေးမှတ်တမ်းတွေအရ အာမခံပေးလို့ရတဲ့ လက်နက်နဲ့ နာကျင်စေမှု (ပုဒ်မ ၃၂၄) ကို ပြောင်းလဲ အာမခံပေးလိုက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက ပြောပါတယ်။

“ဆေးစာအရပါ။ ကျနော်တို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အာမခံပေးလိုက်ရတာပါ။ ဆေးစာကြောင့် အရင်ကတပ်ထားတဲ့ပုဒ်မ ကို ပြောင်းလိုက်ရတယ်။ ပြောင်းလိုက်ရတဲ့ပုဒ်မကလည်း အာမခံပေးလို့ရတယ်ဆိုတဲ့အတွက် အာမခံပေးလိုက်ရတာပါ” လို့ ၎င်းက ဆိုပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ယုဇနဥယျာဉ်မြို့တော် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရဲတပ်ဖွဲ့က တရားလိုအဖြစ် တိုင်ကြားထားသူနဲ့ သက်သေတွေကို လာရောက်စစ်ဆေးပြီး ဇူလိုင်လ ၃ ရက် နေ့မှာ တရားစွဲမယ်လို့ ပြောဆိုခဲ့ကြောင်း တရားလိုအဖြစ်တိုင်ကြားထားသူ ဦးမျိုးတင့်နိုင်က ပြောပါတယ်။

ဒါပေမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ပုဒ်မပြောင်းလဲလိုက်ပြီး တရားစွဲတာတွေကို မိမိတို့မသိရှိလိုက်ရပဲ နောက်တနေ့မှ အာခံပေးလိုက်တာကိုသိလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့က အမှုအခြေအနေကိုလည်း ဘာမှမသိရဘူး။ ဆေးမှတ်တမ်းတွေလည်း ဘာမှမသိရဘူး။ ရဲတွေက ဘယ်အကြောင်းအရာနဲ့ အာမခံပေးတာလဲကိုလည်း မသိရဘူး။ ကျနော်တို့ ဘာမှမသိလိုက်ရဘဲ အာမခံပေးတာကို မကျေနပ်တာ။ ရဲစခန်းမှာပဲ တစ်လလောက် ချုပ်ထားပြီး အခုပြန်လွှတ်ပေးလိုက်တာလေ” လို့ သူက ဆိုပါတယ်။

“ကျနော်တို့အရပ်သားတွေ တရားစွဲတာကို ထိထိရောက်ရောက် မဆောင်ရွက်ဘူးလို့ ယူဆတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး ထိထိရောက်ရောက်ဖြစ်အောင် ဆက်လုပ်နေတယ်”

ဆေးစာအနေနဲ့ ဒဏ်ရာအခြေအနေကိုပဲ ရေးသားပေးလိုက်ရတာဖြစ်ပေမယ့် မခိုင်နှင်းဝေဟာ မျက်နှာမှာပါ ဒဏ်ရာရရှိနေတာကြောင့် တစ်လကျော်အထိ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားဖြစ်ကြောင်း၊ ယနေ့အချိန်အထိ အပြီးသတ်ဆေးမှတ်ချက်ကို မပေးရသေးကြောင်း မခိုင်နှင်းဝေကို တာဝန်ယူကုသပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံက ဆေးရုံအုပ် ကြီး ဒေါက်တာဒေါ်သန်းလှက ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ပုဒ်မအပြောင်းအလဲတွေ၊ အာမခံပေးတာတွေကိုတော့ မိမိအနေနဲ့ ဘာမှမပြောနိုင်ပေမယ့် မိမိတို့ဆေးမှတ်တမ်းဘက်ကတော့ တွေ့ရှိခဲ့တဲ့ ဒဏ်ရာအနေအထား အားလုံးကို ရေးသားတင်ပြထားပြီးဖြစ်တယ်လို့ သူက ဆက်ပြော တယ်။

“အပြီးသတ်မှတ်ချက်ကို ဇူလိုင် ၁၂ ရက်နေ့ကမှ ကျမတို့ဘုတ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဆုံးဖြတ်မှတ်ချက်ကျခဲ့တာ။ ဒါတောင် ရဲတပ်ဖွဲ့ဘက်ကို ဘာမှမပေးရသေးဘူး။ သူတို့ ပုဒ်မ ဘာလို့ပြောင်းတာလဲဆိုတာတော့ ကျမတို့နဲ့ မဆိုင်လို့ မသိပါဘူး” လို့ သူက ဆိုပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က ရဲတပ်ဖွဲ့ဆီကို ဆက်သွယ်မေးမြန်းရာမှာတော့ ပုဒ်မအပြောင်းအလဲက ဥပဒေအကြံပေးရဲ့ အကြံပြုချက်နဲ့ မြို့နယ်တရားရုံးက ပြောင်းလဲလိုက်တာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ပုဒ်မကလည်း အာမခံပေးလို့ရတဲ့အတွက် အာမခံပေးလိုက်ရတာဖြစ်တယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းမှူး ဦးသိန်းစိုးက ဆို ပါတယ်။

“အခုက ရဲအရေးပိုင်တဲ့အမှုနဲ့ သွားနေတုန်းပါ။ ကျမတို့ဘက်က အသက်မပြည့်သေးတဲ့ကလေးဖြစ်တဲ့အတွက် ကလေးသူငယ်ဥပဒေနဲ့ ကိုင်တွယ်ရမှာဆိုတော့ တရားရုံးနဲ့ ညှိနှိုင်းနေဆဲ အဆင့်မှာပဲရှိပါသေးတယ်။ တရားစွဲဖြစ်မယ်၊ မစွဲဖြစ်ဘူးဆိုတာ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲအဆင့်မှာပဲ ရှိသေးတယ်။ ဘာမှ အတပ်မပြောနိုင်သေးပါဘူး” လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းနွယ်က Myanmar Now ကို ပြောပါတယ်။

မခိုင်နှင်းဝေဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ ရပ်ကွက်၊ အေ ( ၆ ) လမ်း၊ တိုက် ( ၁၁ )၊ အခန်း( ၄၀၂ ) က အိမ်ရှင် ဦးထွန်းထွန်းနဲ့ ဇနီး ဒေါ်မြတ်နိုးသူတို့အိမ်ကို ယခုနှစ် မေလဆန်းကမှ ဧရာဝတီတိုင်းကနေ အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာလို့ သိရပါတယ်။

ရင်ဘတ်၊ ကျောကုန်း၊ ဝဲ/ယာလက်မောင်း၊ ဝဲ/ယာပေါင်တို့မှာ မီးအပူလောင်ဒဏ်ရာ၊ ဦးခေါင်းနဲ့ ခြေထောက်နှစ်ဖက်လုံးမှာ ဖူးယောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ပြီး ဒီဒဏ်ရာတွေက အိပ်ရှင်ဖြစ်သူတွေက မီးပူနဲ့ကပ်၊ ရေနွေးပူနဲ့လောင်း၊ တုတ်နဲ့ရိုက်တာကနေ ရတဲ့ဒဏ်ရာတွေဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီညှဉ်းပန်းနှိပ်စက်နေမှုကို အနီးနားပတ်ဝန်းကျင်က လူတွေက တွေ့ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ နဲ့ သွားရောက်စစ်ဆေးပြီး အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မခိုင်နှင်းဝေဟာ မိဘတွေ ကွယ်လွန်သွားပြီး ရန်ကုန်မှာ အိမ်အကူအလုပ် လာမလုပ်ခင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက်ကျေးရွာမှာ ညီမဖြစ်သူ၊ အဖိုးဖြစ်သူတွေနဲ့ အတူနေထိုင်နေရာကနေ အိမ်နီးချင်းတဦးကတဆင့် ယခုအိမ်ကို အိမ်အကူအဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ မခိုင်နှင်းဝေကို ဆေးရုံကဆင်းပြီးနောက်ပိုင်း လူမှုဝန်ထမ်းဌာနက ခေါ်ယူ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading