ဆင်းရဲနွမ်းပါးမှုကြောင့် ရခိုင်ဒေသခံအများအပြား အိမ်သာဆောက်ရန် တွန့်ဆုတ်နေ

လူတိုင်း အိမ်သာသုံးနိုင်ရေး ရည်မှန်းဆောင်ရွက်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့အဖြစ် သတ်မှတ်ထားသည်။

Published on Nov 17, 2017
နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရသော မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း /  Myanmar Now)
နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရသော မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း / Myanmar Now)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျေးလက်ဒေသ နေအိမ် အများအပြားတွင် အိမ်သာ မရှိကြသည့် အဓိက အကြောင်းရင်းများထဲတွင် ဆင်းရဲနွမ်းပါးမှုက ထိပ်ဆုံးမှ ပါဝင်ကြောင်း မကြာသေးခင်က တွေ့ဆုံခဲ့သည့် ဒေသခံများက ပြောသည်။

ကြိမ်ချောင်းရွာမှ နေအိမ်တွင် ဈေးဆိုင်ဖွင့်ထားသူ ဒေါ်စိန်ဝင်းဖြူက အိမ်သာအသုံးပြုခြင်းဖြင့် ကျန်းမာရေး၊ လူမှုရေး ရလဒ်ကောင်းများ ရရှိနိုင်သည်ကို နားလည်လက်ခံသည့် ဒေသခံအရေအတွက် အနည်းငယ် တိုးပွားသည်ဟု ဆိုသည်။ ၎င်း၏ ဝန်းကျင်တွင် အိမ်သာတည်ဆောက်ပြီး အသုံးပြုနေသူ များပြားကြောင်း၊ အိမ်နီးချင်းမိသားစုတစ်ခုတွင် ငွေရှာနိုင်သူ နည်းပါးသဖြင့် အိမ်သာ မရှိခြင်းဖြစ်ကြောင်း  ပြောပြသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ခြင်းသည် ဒေသခံအများအပြားအတွက်  ဝန်ထုပ်ဝန်ပိုး ဖြစ်နေသောကြောင့် ကျင်ကြီးကျင်ငယ်စွန့်လိုပါက လူသူကင်းရှင်းသည့်နေရာသို့ သွားရောက်ဖြေရှင်းတတ်ကြသည်။

ကြိမ်ချောင်းကျေးရွာမှ ၆ တန်းအထိ ပညာသင်ဖူးသည့် အမျိုးသမီးတစ်ဦးက အိမ်သာ၏ ကောင်းကျိုးကို  ပိုမို သိရှိလာသည်မှာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော်လည်း နောက်ဖေးကိစ္စအတွက် ယခင်နည်းလမ်းဟောင်းကိုသာ နေ့စဉ် ကျင့်သုံးနေဆဲဖြစ်သည်ဟု ပြောသည်။

"အိမ်သာသွားရင် ချောင်းနားပဲ သွားတယ်၊ နေ့ခင်းဘက်ကျတော့ သွားရတာ အခက်အခဲ ရှိတာပေါ့။ ဘေးအိမ်တွေကတော့ အိမ်သာ ရှိတယ်၊ ဒါပေမယ့် သူတို့ဆီသွားပြီး အိမ်သာ မသုံးပါ(ဘူး)" ဟု အသက် ၃ဝ ဝန်းကျင်ရှိပြီဖြစ်သည့် ထိုအမျိုးသမီးက ပြောသည်။

အိမ်သာတစ်လုံး တည်ဆောက်ရေးအတွက် လိုအပ်သော ငွေကြေး ရရှိရန် အချိန်ယူပြီး စုဆောင်းနိုင်ကြောင်း၊ သို့သော်လည်း စုဆောင်းငွေကို အိမ်သာဆောက်ခြင်းထက် စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုလိုကြောင်း သူက ဆက်ပြောသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ရေးမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ခင်ပွန်းသည်၏ ဦးစီးဦးဆောင်မှုနှင့်လည်း သက်ဆိုင်နေသည်ဟု သူက ဆိုသည်။

တစ်သိန်းကျော် ဟူသော ငွေပမာဏကို အသုံးပြု တည်ဆောက်ရေးမှာ ခင်ပွန်းသည်ကိုယ်တိုင် နေအိမ်တွင် ရှိနေမှ ဖြစ်မည်ဟု သူက ပြောသည်။ အခြားသော အိမ်ထောင်ရှင်အမျိုးသမီး အများအပြားနည်းသူ ထိုအမျိုးသမီးကလည်း ခင်ပွန်းသည်ကို မိသားစု၏ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ်ရှိ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်များတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တက်လမ်းစီမံကိန်းသည် အိမ်သာတည်ဆောက်ရေးပစ္စည်းများ အထောက်အပံ့ပေးလျက်ရှိသည်။ နိုင်ငံတကာကူညီရေးအဖွဲ့တချို့ ပူးပေါင်းလုပ်ဆောင်နေသည့် တက်လမ်းစီမံကိန်းတွင် တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာပေးသင်တန်းများလည်း ပါဝင်သည်။ စီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ထားသည်။

မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမှ ၅၃ နှစ်အရွယ် ဒေါ်စိန်မျတင်သည် တက်လမ်း၏အကူအညီဖြင့် နေအိမ်ခြံဝန်းအတွင်း လုံခြုံပြီး လေဝင်လေထွက်ရှိသည့် အိမ်သာတစ်လုံး တည်ဆောက်ထားသူဖြစ်သည်။

"တွင်းတူးတာ လေးငါးရက်ကြာတယ်။ ခွေ နဲ့ အဖုံး၊ တည်ဆောက်တပ်ဆင်ပစ္စည်း အကုန်လုံးကို လျှောက်လွှာတင်ပြီး ၁ လ ကျော် အတွင်း (ဝယ်ယူ) ရရှိပါတယ်" ဟု ဒေါ်စိန်မျတင်က ပြောသည်။

အပေါ့အပါးသွားရန် အိမ်သာမသုံးဘဲ ခြုံတိုးကြသူတို့၏ အကြောင်းပြချက်တစ်ခုမှာ အိမ်သာသည် အနံ့ဆိုးထွက်သည့်နေရာဖြစ်သောကြောင့် နေအိမ်အနီး မရှိသင့်ဟူသော အယူအဆ ဖြစ်သည်။

ဒေါ်စိန်မျတင်ကမူ ယင်လုံအိမ်သာဖြစ်ပါက အနံ့အသက်ကို ထိန်းချုပ်နိုင်သည်ဟု ရှင်းပြသည်။

"အနံ့ကိစ္စရှင်းဖို့အတွက် အနံ့ထိန်းနိုင်တဲ့ ပိုးသတ်ဆေးတို့၊ ရေနံဆီတို့ အသုံးပြုရပါတယ်။ (ရွာမှာ) အိမ်သာမသုံးတဲ့သူတွေက အများကြီး ရှိပါတယ်။ ပိုက်ဆံသိပ်မတတ်နိုင်လို့ မသုံးသူ ရှိသလို သုံးနေကြမဟုတ်လို့ မသုံးချင်သူလည်း ရှိပါတယ်" ဟု အိမ်သာတစ်လုံး တည်ဆောက်ရန်အတွက် ကျပ်တစ်သိန်းကျော် အသုံးပြုခဲ့သူ ကြိမ်ချောင်းရွာမှ ဒေါ်စိန်မျတင်က ပြောသည်။  
ကြိမ်ချောင်းတစ်ဖက်ကမ်း မေလွန်းကျေးရွာမှ ကျန်းမာရေးမှူး ဦးဘိုမောင်တင်က ဒေသခံတချို့တွင် အကူအညီပေးရေးအဖွဲ့အစည်းများကို မှီခိုလွန်းသည့်သဘာဝ ရှိနေသည်ဟု ပြောသည်။ ကိုယ်ပိုင်အိမ်သာတည်ဆောက်ရေးတွင်လည်း ကူညီရေးအဖွဲ့က အစ အဆုံး အခမဲ့ တပ်ဆင်တည်ဆောက်ပေးစေလိုသူ အများအပြား ရှိနေသည်ဟု ဆိုသည်။

"အဖွဲ့အစည်းတွေက ပေးတယ်၊ ပေးတဲ့ဟာကို သူတို့ စောင့်နေကြတယ်" ဟု ဦးဘိုမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာသို့ ရောက်လာသော သတင်းထောက်များကို ပြောသည်။

ကျန်းမာရေးဌာနတွင်မူ ကျေးလက်ကျန်းမာရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကြေး အကန့်အသတ် ရှိနေသည်ဟု ဆိုသည်။

"ဘတ်ဂျက်တွေ လိုတာပေါ့၊ ကျန်းမာရေးဌာနက လူပဲရှိတယ်၊ ဘာမှ လုပ်လို့ မရဘူး" ဟု မေလွန်းကျေးရွာ၊ ကျန်းမာရေးမှူးက ပြောသည်။

ကမ္ဘာ့အိမ်သာနေ့

ခြုံတိုး မစင်စွန့်သည့် အလေ့အထသည့် ကူးစက်ရောဂါများဖြစ်ပွားစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။

စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် မစင်ကို ယင်နားရာမှ ရောဂါပိုး ပျံ့ပွားစေပြီး ရောဂါထူပြောစေကြောင်းကို တက်လမ်း အပါအဝင် ကူညီရေးအဖွဲ့အစည်းတချို့က မြန်မာနိုင်ငံ ဒေသတချို့တွင် ပညာပေးနေပြီး အိမ်သာ အသုံးပြုရန် တိုက်တွန်းလျက်ရှိသည်။

အိမ်သာအသုံးပြုမှုနည်းပါးသည့်နေရာမှာ ကျေးလက်ဒေသများတွင် တည်ရှိသောကြောင့် ဒေသခံတို့ကို လုံခြုံသည့်အိမ်သာဆောက်လုပ်သည့် နည်းလမ်းများ သင်ကြား ပြသခြင်း၊ စရိတ်နည်းပါးသည့် အိမ်သာ တည်ဆောက်နိုင်ရန် ကူညီခြင်း၊ စာသင်ကျောင်းများတွင် အိမ်သာ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို နိုင်ငံတကာအဖွဲ့တချို့က ကူညီဆောင်ရွက်လျက်ရှိသည်။

အိမ်သာအသုံးပြုနိုင်မှု အားနည်းခြင်းကို မြန်မာနိုင်ငံတွင်သာမက တခြားနိုင်ငံအများအပြားတွင်လည်း တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇,ဝဝဝ ကျော်ရှိရာ  ဟာလာဟင်းလင်း ပတ်ဝန်းကျင်တွင် ကျင်ကြီးကျင်ငယ်စွန့်သူ အရေအတွက်မှာ သန်း ၁,ဝဝဝ ဝန်းကျင် ရှိနေသည်။  ထိုအခြေအနေကို သတိပြုမိကြစေရေးအတွက် ၂ဝ၃ဝ ပြည့်နှစ်တွင် လူတိုင်း အိမ်သာသုံးနိုင်ရေး ရည်မှန်းဆောင်ရွက်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က  နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့အဖြစ် သတ်မှတ်ထားသည်။

ရခိုင်ပြည်နယ် တက်လမ်းစီမံကိန်းဒေသတွင် အိမ်သာအစား ခြုံတိုး၊ တောတိုးသည့် အလေ့အထကို ဆက်ပြီး ဆုပ်ကိုင်ထားကြောင်း ရွာသူရွာသား ၆၉% က ပြောဆိုထားကြပြီး ထိုသို့ ရွေးချယ်ကြသည့် အကြောင်းရင်း အများအပြား ရှိကြသည်ဟု  တက်လမ်း အစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Jennifer M Macintyre က ရှင်းပြသည်။

"တက်လမ်းအဖွဲ့က အိမ်သာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတိုင်း ဆောက်ခဲ့တာဖြစ်တယ်၊ ရွာသားတွေကို အိမ်သာဆောက်မယ်ဆိုရင် ရေတွင်းရေကန်၊ မြစ်ချောင်းတို့နဲ့ မီတာ ၃ဝ အကွာအဝေး အနည်းဆုံး ရှိရမယ်၊ အိမ်သာကျင်းက တစ်မီတာခွဲ နက်ရမယ်ဆိုပြီး သင်ကြားပို့ချထားတယ်" ဟု Jennifer M Macintyre က ပြောသည်။

ဒေသတွင်းမြစ်ချောင်းကမ်းနဖူးပေါ်  အိမ်သာဆောက်လုပ် အသုံးပြုခြင်းကိုမူ  တက်လမ်းအဖွဲ့က အားပေးခြင်းမရှိဟု ဆိုသည်။

"မြစ်ချောင်းတွေထဲ အညစ်အကြေးစွန့်တာဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်တယ်၊ ရေကနေ ကူးစက်တဲ့ ရောဂါ ပြန့်ပွားစေတယ်ဆိုတဲ့အကြောင်း တက်လမ်း ဝန်ထမ်းတွေက  ဒေသခံတွေနဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ အမြဲတမ်း ဆွေးနွေး ပို့ချဖြစ်ပါတယ်" ဟု Jennifer က ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading