မြန်မာပြည်ရဲ့ တောခေါင်ခေါင်တစ်နေရာမှာ ထူးဆန်းစွာပေါ်ထွက်လာတဲ့ တရုတ်မြို့တစ်မြို့

သောင်ရင်းမြစ်ကမ်းစပ်နားက နယ်စပ်မြို့ငယ်လေး ရွှေကုက္ကိုသည် တရုတ်ပြည်၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက် အရေးပါသည့် ခြေကုပ်စခန်းတစ်ခုအဖြစ် လောလောလတ်လတ် ပေါ်ပေါက်လာသည်။

Published on Mar 2, 2019
တရုတ်နှင့်မြန်မာနိုင်ငံ အလံနှစ်ခုကို စိတ်ကူးဖြင့်ပေါင်းစပ်ထားပုံ (ဓာတ်ပုံ - Getty images)
တရုတ်နှင့်မြန်မာနိုင်ငံ အလံနှစ်ခုကို စိတ်ကူးဖြင့်ပေါင်းစပ်ထားပုံ (ဓာတ်ပုံ - Getty images)

မြို့ကိုတည်ဆောက်နေဆဲ ဆိုသော်လည်း တရုတ်အငွေ့အသက်တို့က လွှမ်းခြုံနေပါသည်။ တရုတ် စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကာရာအိုကေဆိုင်များ ရောက်နေပါပြီ။ တရုတ်လူမျိုးများသည် တိုက်ခန်းအသစ်၊ အိမ်ရာအသစ်များ ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းရင်း ယာယီဆောက်ထားသည့် တန်းလျားပုံစံ တိုက်ခန်းတွဲများတွင် နေထိုင်နေကြသည်။

ကျန်သည့်အဆောက်အအုံများမှာ ဂိုထောင်အကြီးစားများ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အုပ်ချုပ်ရေး ဌာနများ အတွက် ရုံးခန်းဖြစ်လာဖွယ်ရှိသော အရာများဖြစ်သည်။ တရုတ်ရွှေ့ပြောင်းများ နေထိုင်ရာ နေအိမ်အချို့၏ အပြင်ဘက်တွင် စောင့်နေသည့် လက်နက်ကိုင်လုံခြုံရေးများသည်ပင်လျှင် တရုတ်စာများပါသော လက်ပတ်များ လက်မောင်းမှာ စည်းထားကြသည်။

ထိုမြင်ကွင်းသည် တရုတ်ပြည်တွင်း၌ မြင်ရသည့်မြင်ကွင်း မဟုတ်ပါ။ တရုတ်ပြည်တွင်းရှိ ဆောက်လုပ်ရေးစီမံကိန်း နောက်ထပ်အသစ်တစ်ခု မဟုတ်ပါ။

ယခုပြောခဲ့သမျှသည် ရန်ကုန်မြို့အရှေ့ဘက် ကီလိုမီတာ ၄၂၀ (၂၆၁ မိုင်)၊ ဘန်ကောက်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့်အကွာ ထိုင်းမြန်မာနှစ်နိုင်ငံ အကြား နယ်စပ်မျဉ်းအဖြစ် စီးဆင်းနေသည့် သောင်ရင်းမြစ်၏ အနောက်ဖက်ကမ်း မြန်မာဘက်ခြမ်းရှိ ရွှေကုက္ကို အမည်ရှိ မြို့ငယ်လေးမှာ မြင်ရသည့်မြင်ကွင်းဖြစ်သည်။ ထိုမြို့၏ နယ်စပ်ပတ်လည်ကို ကရင်စစ်ဗိုလ်ကလေး စောချစ်သူက ထိန်းချုပ်ထားသည်။ ချစ်သူသည် မြန်မာတပ်မတော်နှင့် ငြိမ်းချမ်းရေးယူပြီး ၎င်း၏ တပ်ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သူ ဖြစ်သည်။

တရုတ်တို့တည်ဆောက်နေသည့် စုစုပေါင်းဧရိယာမှာ ဧက ၂၀၀၀ (ဟက်တာ ၈၀၀ ကျော်) ရှိသည်။ တရုတ်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရှိနိုင်သည်ဟု မြန်မာမီဒီယာများက ဖော်ပြကြသည်။ ထိုပမာဏဖြင့်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ကို ယူရမည် ဖြစ်သည်။

သို့သော် တကယ့်တကယ်တမ်းတွင် ထိုကဲ့သို့ခွင့်ပြုချက်တောင်းခံပြီးမှ တည်ဆောက်နေခြင်း ဟုတ်မဟုတ်မှာ မရှင်းလင်းပေ။ မည်သို့ဆိုစေ နေပြည်တော်ရှိ ဗဟိုအစိုးရရော ကရင်ပြည်နယ်အစိုးရရော၏ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲ စောချစ်သူနှင့်သူ့လူများ တာဝန်ယူထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်သည့် နေရာမှာ အဆိုပါဆောက်လုပ်ရေးများ တည်ရှိနေခြင်းသည် အံ့ဩစရာတော့ မဟုတ်ပါ။

ထိုရင်းနှီးမြှုပ်နှံမှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Jilin Yatai Group က ကျောထောက်နောက်ခံ ပေးထားသည်ဟု သတင်းထွက်နေသည်။ ထိုကုမ္ပဏီသည် Myanmar Yatai International Trading Company ဆိုသော အမည်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မှတ်ပုံတင်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နေ့စွဲဖြင့် ‘မြန်မာတိုင်း(မ်)’ သတင်းစာ၏ ရေးသားချက်အရ ထိုကုမ္ပဏီနှင့် စောချစ်သူတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဖက်ပူးပေါင်းရေး စာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ရာ ထိုပွဲဖြစ်မြောက်အောင် China Federation of Overseas Chinese Entrepreneurs က စီစဉ်ခဲ့သည်။

စောချစ်သူသည် တစ်ချိန်က ကရင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖြစ်သော KNLA တွင် အဆင့်နိမ့် အရာရှိ တစ်ဦးဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ခြမ်းကွဲသည့်အခါ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) သို့ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

ထို့နောက်ပိုင်းတွင် စောချစ်သူသည် DKBA ၏ တန်ခိုးအထက်ဆုံး တပ်မှူးတစ်ဦးဖြစ်လာပြီး သောင်ရင်းမြစ် နယ်စပ်အနီးရှိ KNLA တပ်စခန်းများကို အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ဖူးသည်။ သူ၏ တပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင် BGF အဖြစ် အသိအမှတ် ပြုခံခဲ့ရသည်။ နောင်ငါးနှစ်အကြာ ၂၀၁၅ အောက်တိုဘာလတွင် ကျန်ရှိသည့် DKBA တပ်ဖွဲ့များသည် မြန်မာအစိုးရနှင့် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်’ ကို ချုပ်ဆိုရေးထိုးခဲ့သည်။ ၎င်းနှင့်အတူ KNU နှင့် တခြား ခွဲထွက်ကရင်တပ်ဖွဲ့ငယ်တစ်ဖွဲ့လည်း ပါဝင်လက်မှတ်ထိုးခဲ့သည်။

စောချစ်သူသည် သူနှင့် မြန်မာ့တပ်မတော်တို့အကြား ကာလရှည်ကြာ ရှိလာခဲ့သည့် ဆက်ဆံရေးကြောင့် ရွှေကုက္ကိုဒေသစ်ဝိုက်ကို ထိန်းချုပ်ခွင့်ရလာခဲ့သည်။ ထိုနေရာသည် ကော်မူးရ် ခေါ် ဝမ်းခ ခေါ် KNLA အခြေစိုက်စခန်းတစ်ခု ရှိခဲ့ဖူးသည့် နေရာပင်ဖြစ်သည်။ ထိုအခြေစိုက်စခန်းကို အစိုးရတပ်များက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့သည်။

ရွှေကုက္ကိုကို ကော်မူးရ်၏ အကြွင်းအကျန်များပေါ်မှာပင် တည်ဆောက်ခဲ့ပြီး စည်ကားသည် ဈေးမြို့လေး တစ်မြို့ ဖြစ်လာခဲ့သည်။ ကရင်ဖားစည်ပုံစံတူ ကျောက်များဖြင့် တန်ဆာဆင်ထားသည့် နာရီစင်တစ်စင်ကို မြို့လယ်ကောင်တွင် တည်ဆောက်ခဲ့ပြီး ထိုမြို့သစ်အနီးတွင် စောချစ်သူ၏ နန်းတော်တစ်မျှ ခမ်းနားသည့် နေအိမ်တစ်လုံးရှိသည်။

ထိုမြို့လေး၏ ကရင်များနေထိုင်သည့်ဘက်ခြမ်းတွင် စာသင်ကျောင်း၊ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်းများ ရှိသလို ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရာ ဈေးတစ်ဈေးလည်း ရှိသည်။ BGF တပ်မှူးတစ်ဦး ဖြစ်လာစဉ်မှ စပြီး ချစ်သူသည် သူ့ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်သဖွယ်ဖြစ်နေသော ထို BGF တပ်ကို ခံ့ညားလေးစားရသည့် တပ် တစ်တပ်ဖြစ်လာအောင် တည်ဆောက်ခဲ့သည်။

သူသည် ပညာရေး၊ ကျန်းမာရေးနှင့် ကရင်ယဉ်ကျေးမှု စသည်တို့တွင် ရပ်ရေးရွာရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူကြိုက်များကြောင်းနှင့် သိမ်းသွင်းစည်းရုံးမှုကောင်းသည့် စေ့စပ်ညှိနှိုင်းသူတစ်ဦးအဖြစ် သူ့ကို လူသိများသည်ဟု သတင်းများတွင်ဖတ်ရသည်။

အသစ်တည်ဆောက်နေသည့် မဟာစီမံကိန်းကို ဒေသခံများက “တရုတ်တန်း” ဟု ခေါ်ပြီး ၂၀၁၇ ဧပြီလတွင် ပန္နက်ရိုက်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အရေးပါသည့်သတင်းရင်းမြစ်များအဆိုအရ ထိုစီမံကိန်း ပြီးစီးသည့်အခါတွင် ဇိမ်ခံအိမ်ရာများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာကြီးများ၊ ကုန်သွယ်ရေး စင်တာကြီးများ၊ စက်ရုံများ၊ ဂေါက်ကွင်းတစ်ကွင်း၊ ကာစီနိုကစားရုံအပြင် လေဆိပ်တစ်ဆိပ်ပင် ပါလိမ့်မည်ဟု ဆိုကြသည်။

ရွှေကုက္ကိုရှိ တရုတ်ပညာရှင်နှင့် အလုပ်သမားအရေအတွက် အတိအကျကိုတော့ သိရဖို့မလွယ်ပါ။ လွန်စွာ လျှို့ဝှက်ထား၍ဖြစ်သည်။ သို့သော်လည်း ထိုနေရာကိုဖြတ်သန်းကာ ကားမောင်းကြည့်ပြီး စူးစမ်းလေ့လာကြည့် မည်ဆိုပါက အရေအတွက်ရာဂဏန်းရှိသည်မှာ အသေအချာပဲဖြစ်သည်။ ထောင်ဂဏန်းရှိလျှင်လည်း မဖြစ်နိုင် လောက်စရာတော့ မဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ မရှင်းလင်းသေးသည့်အချက်ရှိသည်။ ဝေးကွာလှသည့် နယ်စပ်မြစ်တစ်စင်း၏ မြစ်ကမ်းနား ဒေသတွင် ဤမျှကြီးမျှသော မြို့စီမံကိန်းကြီးတစ်ခုကို ဘာကြောင့် တည်ဆောက်နေရသည်၊ ဘာတွေရည်မှန်းထားသည် ဆိုသော အချက်ပင်ဖြစ်သည်။

ရွှေကုက္ကိုသည် မြဝတီ-မဲဆောက်နယ်စပ်ဖြတ်ဂိတ်၏ မြောက်ဘက် ကီလိုမီတာ ၂၀ (၁၂ မိုင်) ခန့်သာ ဝေးသည်။ မြဝတီ-မဲဆောက်နယ်စပ်တွင် တံတားတစ်စင်းကို ပထမဆုံး တည်ဆောက်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးသည် ကုန်ပစ္စည်းများအပြည့်တင်ထားသည့် ထရပ်ကားများ၊ မြစ်ကိုနေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေကြသည့် ထောင်နှင့်ချီသောလူများဖြင့် ပိုမိုထွန်းကားလာခဲ့သည်။

ဒုတိယမြောက်တံတားတစ်စင်း (ချစ်ကြည်ရေးတံတား) ကို မကြာသေးမီကပင် ရွှေကုက္ကို အနီးတွင် တည်ဆောက်ခဲ့သည်။ သို့သော် မြေယာအငြင်းပွားမှုများကြောင့် တံတားကိုမဖွင့်နိုင်သေးဘဲ ထိုနေရာတစ်ဝိုက်သည် ကူးသန်းရောင်းဝယ်ရေး ခြောက်ကပ်လျက်ရှိနေဆဲဖြစ်သည်။

ထို့ပြင် ရွှေကုက္ကို၏တောင်ဘက်၊ သောင်ရင်းမြစ်၏မြန်မာဘက်ခြမ်းတွင် ကာစီနိုများ တန်းစီပေါ်ပေါက်လာ ခဲ့သည်။ ထိုကာစီနိုများတွင် ကစားမည့်သူများမှာ မြစ်ဖြတ်၍တရားမဝင် ရောက်လာကြသည်။ မြစ်ကိုဖြတ်သည့် နေရာများသည် တရားဝင် သတ်မှတ်ထားသည့်နေရာများ မဟုတ်သလို နောက်တစ်ချက်က မြန်မာနိုင်ငံတွင် ကာစီနိုလောင်းကစား လုပ်ငန်းဆိုသည်မှာ စာအုပ်ထဲမှာတော့ ပိတ်ပင်ထားသည့်အရာဖြစ်သည်။

သို့သော်လည်း ဘီလျံနှင့်ချီမည့် ထိုစီမံကိန်းကြီးဆောက်ရသည်မှာ ကာစီနိုလောင်းကစားသမားများ အတွက် သက်သက်ဟု အကြောင်းပြ၍ မရနိုင်ပါ။ ထိုနေရာသည် တောခေါင်ခေါင်နေရာကြီးဟု ဆိုကြသည့်နေရာဖြစ်သည်။

မဲဆောက်ရှိ စီးပွားရေးသမားများကြားတွင်မူ ယူဆချက်တစ်ခုရှိနေပြီး ၎င်းအရ ထိုစီမံကိန်းသည် တရုတ်ပြည်တွင်းမှ ပိုက်ဆံများကို အပြင်သို့သယ်ထုတ်ချင်သည့် တရုတ်လုပ်ငန်းရှင်များ၏ ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ ထိုဒေသကိုဖြတ်သန်းဖောက်လုပ်သည့် အမြန်အဝေးပြေးလမ်းမများ များပြားလာသည်နှင့်အမျှ ထိုစီမံကိန်းသည် တစ်နေ့တွင် အကျိုးအမြတ် တစ်လုံးတစ်ခဲရမည့် ကုန်သွယ်ရေး ဗဟိုဌာနတစ်ခုဖြစ်လာနိုင်သည်ဟု အဆိုပါ မဲဆောက်မြို့သားများက ဆိုသည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ်သည် အမှတ် (၁) အာရှအဝေးပြေးလမ်းမ သို့မဟုတ် AH1 ပေါ်တွင် တည်ရှိပြီး ထိုလမ်းမသည် အာရှတိုက်၏ အရှေ့၊ အရှေ့တောင်၊ တောင်နှင့် အနောက်ဘက်ပိုင်းများကို ဆက်သွယ်ထားသည့် လမ်းမဖြစ်သည်။ မြန်မာနိုင်ငံအတွင်းပါဝင်သည့် AH1 မှာမူ လမ်းတစ်လျှောက်တွင် လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်များကြောင့် အမြဲပင် ပြဿနာဖြစ်ခဲ့သည်။ သို့သော်လည်း မကြာသေးမီက အပစ်ရပ် လက်မှတ်များ ရေးထိုးခဲ့ခြင်း၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဒေသတွင်းမှ အချက်အလက်စုဆောင်းလေ့လာသူများအပါအဝင် သံသယရှိကြသူအများအပြားကမူ ထိုမျှ ကြီးမားသည့် ဧရာမစီမံကိန်းကြီးသည် ပေကျင်းနှင့်တရားဝင် အဆက်အသွယ် မရှိဘဲ နိုင်ငံပိုင် ကုမ္ပဏီတစ်ခု၏ စောင်မမှုဖြင့် ဤသို့အကောင်အထည်ပေါ်လာစရာမရှိဟု ဆိုကြသည်။

သို့ဖြစ်လျှင် အဓိပ္ပာယ်မှာ ထိုစီမံကိန်းသည် တရုတ်နိုင်ငံကို ဒေသတွင်းရော ဒေသအပြင်ရောနှင့် ချိတ်ဆက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဒေါ်လာတစ်ထရီလျံ (ဘီလျံ ၁၀၀၀) တန် ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ အသက်သွေးကြောအဖြစ် စိတ်ကူးထားသည့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြန်တွင် ခြေကုပ်စခန်းတစ်ခုကို ဖန်တီးမည်ဖြစ်ရာ ထိုစီမံကိန်းသည် တရုတ်အတွက် မဟာဗျူဟာမြောက် အရေးပါလာမည်ဟု ဆိုလိုပေသည်။

တရုတ်နှင့်နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ၏မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသအချို့တွင်လည်း အလားတူ ကုန်သွယ်ရေးစင်တာများကို တည်ဆောက်ပြီးဖြစ်သည်။

ထိုရှုထောင့်မှကြည့်လျှင် ရွှေကုက္ကိုသည် တောခေါင်ခေါင်မဟုတ်ပါ။

မြန်မာ၊ ထိုင်းနှစ်နိုင်ငံနှင့် နယ်စပ်တောင်တန်းဒေသများ၌ လှုပ်ရှားနေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား မဟာဗျူဟာမြောက် အရေးပါသည့် ဆုံချက်တစ်ခုတွင် ရွှေကုက္ကိုသည် တရုတ်ပြည်အတွက် AH1 ကို လေ့လာစောင့်ကြည့်ရန်နှင့် အတိုင်းအတာတစ်ခုအထိ စီးဆင်းမှုကို ထိန်းချုပ်ရန် ဖြစ်နိုင်ခြေပေးမည့်အရာ တစ်ခု ဖြစ်ဖွယ်ရှိသည်။

သို့သော်လည်း တရုတ်ပြည်၏ ရည်ရွယ်ချက်များကို အတိအကျမသိရမချင်းတော့ ထိုဒေသခံပြည်သူများသည် ဆောက်လုပ်ရေးမှအသံများနှင့်တကွ တစ်တိုက်ထက်တစ်တိုက် ပိုမြင့်ဟန် ရှိသည့် မိုးမျှော်အဆောက်အဦကြီးများ သောင်ရင်းမြစ်၏အနောက်ဘက်ကမ်းပေါ် ပေါ်ပေါက်လာသည်ကို မျက်စိဖွင့် နာစွင့်နေကြရလိမ့်ဦးမည်ဖြစ်သည်။

(မတ်လ ၁ ရက် နေ့စွဲဖြင့် Asia Times ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်း ဘားတေး လစ်တနာ ၏ A Chinatown mysteriously emerges in backwoods Myanmar ကို ပြန်ဆိုပါသည်။)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading