မူဆယ်တိုက်ပွဲ ရဲအရာရှိတစ်ဦးအပါအဝင် ၁၉ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရရှိ

ယနေ့မနက် ရှမ်းမြည်မြောက်ပိုင်း မူဆယ်မြို.တွင် တအောင်းလွတ်မြောက်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ. (TNLA) က အစိုးရရဲကင်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲငယ်များ ၃ နာရီခန့်ဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် လူပေါင်း ၁၉ ဦးသေဆုံး၍၊ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

နိုင်ငံတော်သမ္မတရုံး မှပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားချက်အရ သေဆုံးသူ ၁၉ ဦးတွင် မူဆယ်ရဲတပ်ဖွဲ.မှ ဒုရဲအုပ်ဇော်ရဲနိုင်အပါအဝင် မြန်မာတပ်မတော်နှင့် ပူးတွဲ လှုပ်ရှားနေသော ဒေသခံပြည်သူ့စစ်အဖွဲ. မှ ၃ ဦး သေဆုံးခဲ့သည်။

မူဆယ်ပြည်သူ့ဆေးရုံသို့ ယနေ့မနက် ၆ နာရီခွဲမှ ၁၁ နာရီအတွင်း အလောင်း ၁၉ လောင်း နှင့် လူနာ ၂၀ ဦးခန့် ရောက်ရှိလာကြောင်း Myanmar Now ကရရှိခဲ့သော ဆေးရုံမှတ်တမ်းများအရ သိရှိရသည်။ သေဆုံးသူများသည် အသက် ၁၆ နှစ်မှ ၆၂ နှစ်ရှိ အမျိုးသားအများစုဖြစ်ကြောင်း ဆေးရုံမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူများအနက် အမျိုးသမီး ၂ ဦးလည်းပါဝင်ပြီး၊ ထို နှစ်ဦးအနက် တစ်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ကြောင်း မူဆယ်လူမှုဂရုဏာအသင်းမှ တာဝန်ရှိသူ ဦးသောင်းထွန်းက ပြောကြားသည်။ ၎င်းတို့အဖွဲ.သည် တိုက်ပွဲဖြစ်နေချိန်တွင် ဝင်ရောက်ကယ်ဆယ်ခဲ့သော ပထမဆုံးသော ပရဟိတအသင်းဖြစ်ပြီး၊ ဒဏ်ရာရရရှိသူများအနက် အမျိုးသမီးနှစ်ဦးမှာ အသက်စိုးရိမ်ရသောကြောင့် မူဆယ်တစ်ဖက်ခြမ်းရှိ တရုတ်နိုင်ငံရွှေလီမြို.ရှိ ဆေးရုံတစ်ရုံသို့ ၎င်းတို့အသင်းက အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်။

"သေနတ်ဒဏ်ရာရယ်၊လက်နက်ကြီးကျည်ဆံရယ် သေဆုံးသူအများစုက ခေါင်းထိတယ်။ ရင်ဘတ်ထိတယ် အဓိကကတော့ အဲ့ဒါတွေနဲ့ သေကြတာ များတယ်။ ပထမဆုံးသွားကယ်တဲ့ လမ်းပေါ်မှာသွားနေတဲ့ ကားဆရာတစ်ယောက်ကို ကွှန်တော်တို့သွားထုတ်တော့ သေသွားပြီပေါ့။ ကချင်ပါတယ်။ ပလောင်ပါတယ်။ သူတို့လက်မောင်းမှာ အဲ့တံဆိပ်တွေပါတယ်။ နောင်ရမ်းစက်လှေဆိပ်မှာရှိတဲ့ တိုက်ခန်းထဲကို ဝင်ပြေးတယ် ဝင်ပြေးတဲ့အခါမှာ တိုက်ခန်းထဲအထိ ဝင်ပစ်ခံရတယ်ခင်ဗျ။ ကျွန်တော်တို့ သွားကောက်တဲ့အချိန်မှာ ၁၃ ယောက်ကို သွားကောက်တယ်” ဟု ဦးသောင်းထွန်းက ဆိုသည်။

ယနေ့မနက်၅နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲသည် မနက်၈နာရီခန့်တွင် ရပ်စဲသွားသည်ဟု သိရပြီး ဆုတ်ခွာသွားသည့် TNLA အဖွဲ့နောက်သို့ ပြည်သူ့စစ်အဖွဲ.တစ်ဖွဲ. နှင့် တပ်မ၈၈မှ တပ်ရင်းများ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အင်အား ၁၀၀ ခန့် ရှိသော TNLA အဖွဲ့ သည် မူဆယ်-လမ်းရှိုးလမ်းပေါ်ရှိ ပန်ခမ်းတံတားပေါ်တွင် လုံခြုံရေးယူထားသော ရဲကင်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ.ဝင် ၁၈ ဦးနဲ့ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ.နှင့် မြို.မပြည်သူ့စစ်တပ်ဖွဲ.မှ ၁၄ ဦးတို့က တိုက်ခိုက်မှုကို ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

"ဒီဟာကိုတိုက်တာဟာ ဘာအဓိပ္ဗါယ်လဲ။ တောတွင်းစစ်ဆင်ရေးမရလို့ မြို့တွင်းစစ်ဆင်ရေးလုပ်တယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့ ရှင်းလင်းချက်ပဲ ဖြစ်တယ်"ဟု ၎င်းကပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီနှစ်များက ပေါ်ထွက်လာသော TNLA သည် ကချင်လွတ်မြောက်ရေးတပ် KIA နှင့်မဟာမိတ်တပ်များဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်ရှိ တနိုင်း၊ ဖားကန့် နှင့် အခြားနေရာများတွင် KIA တပ်များကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် မူဆယ်မြို.တွင် ယခုကဲ့သို့လက်တုံ့ပြန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း TNLA အဖွဲ.မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာ့တပ်မတော်က ကျွန်တော်တို့ရဲ့ တောတွင်းတပ်စခန်းတွေကို ပိုက်စိပ်တိုက် လိုက်လံတိုက်ခိုက်နေတာကတစ်ကြောင်း၊ ကျွန်တော်တို့မဟာမိတ် KIA ကိုတိုက်နေတာက တစ်ကြောင်းပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က မြို့တွင်းစစ်ဆင်ရေး ပြန်လည်ပြုလုပ်ရတာဖြစ်တယ်” ဟု TNLA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ဖုန်းဖြင့် ပြောကြားသည်။

တိုက်ခိုက်ရာတွင် မူးယစ်ဆေးဝါးများ ရောင်းချနေသည်ဆိုသော လောင်းကစားရုံတစ်ရုံကိုလည်း အဓိကထားတိုက်ခိုက်ခဲ့ကြောင်း ဦးတာအိုက်ကျော်က ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသောနေရာတစ်ရာရှိ အဆောက်အဦးတစ်ခုထဲတွင် လဲကျသေဆုံးနေသော အမျိုးသမီးအချို.နှင့် လမ်းမများပေါ်တွင်လည်း မီးလောင်နေသောကားအချို.၊ ကားခေါင်းခန်းတွင်ပင် သေဆုံးနေသောသူများ၏ ရုပ်သံဗွီဒီယိုများ၊ဓာတ်ပုံများလည်း အင်တာနက်တွင် ပျံ.နှံ.နေသည်။

တိုက်ပွဲအတွင်း TNLA တစ်ဖွဲ့တည်းသာ ပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဦးတာအိုက်ကျော်က ပြောဆိုသော်လည်း မူဆယ်မြို.နယ် ရဲတပ်ဖွဲ.နှင့် ဦးဇော်ဌေးကမူ အဆိုပါတိုက်ပွဲအတွင်း TNLA နှင့် အခြားပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ်မြို့ဝင်မြို့ထွက်နှင့် မြို့တွင်းလမ်းတချို့ ပိတ်ထားသည်ဟု သိရပြီး မြို့တွင်းသွားလာမှု အနည်းငယ်တော့ရှိကြောင်း ဒေသခံတချို့က ပြောသည်။

"ကျွန်တော်တို့ကားသမားတွေတော့ မြို့ထဲက ဒီနာရီစင်မှာပဲ လူစုနေကြတယ်။ လမ်းတွေလည်းပိတ်ထားတယ်ဆိုတော့။ လက်ရှိ မူဆယ်မြို့ထဲမှာပဲပေါ့။ မူဆယ်သွားတဲ့ဘက် မန်းဝင်းပေါက်အကျော်သွားတဲ့လမ်းမှာ ဖြစ်တာပေါ့။ မြို့ထဲမှာ သွားသွားလာလာတော့ရှိပါတယ်။ အခုလည်း ပြီးသွားသလောက်ရှိပါပြီ" ဟု မူဆယ်မြို့ဒေသခံ ကားဆရာဦးကိုကြီးက ပြောသည်။

မေလ၈ရက်နေ့က မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် စစ်ရေးဖိအားကြောင့် ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေဟာ မြန်မာတပ်မတော်ရဲ့တာဝန်သာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading