သတင်း

ပခုက္ကူတွင် ပျူစောထီးများ အစည်းအဝေးလုပ်နေစဉ် PDF က ဝင်တိုက်

ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူ စောထီးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပူးပေါင်း တိုက်ခိုက်ရာ ၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရသည်ဟု သိရသည်။

ယခုလ ၂၁ ရက်က ပခုက္ကူမြို့မြောက်ဘက် အနောက်ဘုန်းကံရွာတွင် အစည်းအဝေးလုပ်နေသည့် ပျူစောထီးအဖွဲ့ကို ဒေသခံ PDF အဖွဲ့ ၁၅ ဖွဲ့ပေါင်းကာ အင်းအားရာဂဏန်းဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ပခုက္ကူမြို့နယ်၊ ကျောက်စရစ်ကံရွာအနီး ယခုလ ၅ ရက်က စစ်တပ်နှင့် မြိုင် PDF တိုက်ပွဲဖြစ်စဉ် ဒဏ် ရာရရှိခဲ့သည့် ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးဆိုသူသည် ဆေးရုံမှဆင်းလာပြီးနောက် ၎င်း၏ဇာ တိ အနောက်ဘုန်းကံရွာကို ပြန်လာကာ ပျူစောထီးအဖွဲ့ ဖွဲ့ရန် အစည်းအဝေး လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံ PDF အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“၁၂ ဝန်းကျင်လောက်မှာ ဝင်တိုက်တယ်။ လက်နက်ကြီးငယ်တွေနဲ့ ကျွန်တော်တို့ပစ်တယ်။ သူတို့ဘက် ကလည်း ပြန်ပစ်တယ်။ ကျွန်တော်တို့က အစည်းအဝေးဖျက်တဲ့သဘော ဝင်ပစ်တာ။ တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်ရှိမယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Earthquake PDF အဖွဲ့မှ တာဝန်ခံ ကိုအရှည်ကြီး ဆိုသူက ပြောသည်။ 

“သူတို့ (စစ်တပ်) တပ်စွဲထားတဲ့ နေရာနားကို ဝင်တိုက်တာ။ ရွာခံတွေလမ်းပြတွေပါတယ်။ သေတာက တော့ ပျူတွေဖြစ်ဖို့များတယ်” ပခုက္ကူမြို့နယ်အတွင်း အိမ်ခြေ ၃၀၀ ကျော်ရှိ အနောက်ဘုန်းကံရွာနှင့် ကပ်လျက်ရှိ အရှေ့ဘုန်းကံရွာ တို့မှာ ပျူစောထီးအဖွဲ့ အားကောင်းသည့်ရွာများဖြစ်ပြီး စစ်သား ၃၀ ခန့်လည်း ပုံမှန်တပ်စွဲထားလေ့ရှိ သည်ဟု သိရသည်။ 

ထို့ပြင် ပခုက္ကူ- ပေါက်ကားလမ်းတလျှောက်ရှိ ရွာအချို့တွင်လည်း ပျူစောထီးအဖွဲ့များရှိပြီး စစ်သား နှင့် ပျူစောထီးအင်အား ၁၀၀ ကျော်ရှိသည်ဟု သိရသည်။ပျူစောထီးအဖွဲ့ အစည်းအဝေးတိုက်ခိုက်ခံရပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် စစ်တပ်နှင့် ပျူ များပူးပေါင်းကာ ပခုက္ကူမြို့နယ် ကင်းရွာဘက်ကို စစ်ကြောင်းထိုးစဉ် ဒေသခံ PDF လူငယ်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု Earthquake အဖွဲ့က ဆိုသော်လည်း အသေးစိတ် မသိရပေ။ 

ဧရာဝတီမြစ်ကမ်းဘေးရှိ ပခုက္ကူမြို့ အပါအဝင် မကွေးတိုင်းအနောက်မြောက်ဘက် အစွန်ဆုံးရှိ ပေါက်၊ မြိုင်နှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီကို ခုခံတော်လှန်နေသော ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်နည်းတူ စစ်ကောင်စီဘက်လည်း ဒေသခံများကို လက်နက်တပ်ဆင်ပေးထားသည်။ 

ထိုသို့ လက်နက်ထောက်ပံ့ထားသည့် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီက ပြည်သူ့စစ် ဟုဆိုသော်လည်း ပျူစောထီးအဖွဲ့ဟု ဒေသခံပြည်သူလူထုက သတ်မှတ်ထားသည်။ စစ်တပ်က ပျူစောထီးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းမှ ရွာများနည်းတူ ပခုက္ကူဒေသတဝိုက်ရှိ ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေသည်။ဒေသခံ PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အဆက်မပြတ်ဖြစ်နေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် များလည်း မကြာခဏပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် အလို့ငှာ ယခုလ ၂၄ ရက်မှစ၍ ပခုက္ကူမြို့နယ်အတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိသာ ဆိုင်ကယ်စီးရန်၊ တစ်ဦးတည်းသာစီးရန်စစ်ကောင်စီကအမိန့် ထုတ်ထားသည်။

ထိုအမိန့်ထုတ်ပြန်ပြီးနောက် ပခုက္ကူမြို့တွင် ယမန်နေ့က ဆိုင်ကယ်စီးလာသော မိန်းကလေးနှစ်ဦးကို တားဆီးရင်း စစ်တပ်က ပစ်သတ်ခဲ့သည်ဟု သိရသည်။ ထိုအဖြစ်အပျက်နှင် ပတ်သက်၍ သီးခြား အတည်မပြုနိုင်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button