မြောက်ကိုရီးယားအကြောင်း ကောင်းတာတွေရေးတဲ့ မြန်မာသတင်းစာ

နှစ်စဉ် အကြိမ် ၂ဝ ခန့် ထုတ်ဝေသည့် ခေတ်သစ်သတင်းစာ (ဓာတ်ပုံ - Myanmar Now)
နှစ်စဉ် အကြိမ် ၂ဝ ခန့် ထုတ်ဝေသည့် ခေတ်သစ်သတင်းစာ (ဓာတ်ပုံ - Myanmar Now)

(ရန်ကုန်) — မြောက်ကိုရီးယားဟု ဆိုလိုက်လျှင် တိုင်းသူပြည်သားများအပေါ် ရက်စက်သည့် ကွန်မြူနစ်နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည့်နိုင်ငံ၊ ရန်လိုသည့် စစ်ရေးလှုပ်ရှား မှုများကြောင့် အထီးကျန်ဆန်သည့် နိုင်ငံအဖြစ် သတင်းဌာနအများစုက ပုံဖော်ကြသော်လည်း ရန်ကုန်အခြေစိုက် ‘ခေတ်သစ်သတင်းစာ’ ကမူ ထိုသို့မဟုတ်ဘဲ ကောင်းသတင်းများသာ ရေးသားသည်။

သက်တမ်း ငါးနှစ် ရှိပြီဖြစ်သည့် အဆိုပါ ပုဂ္ဂလိကသတင်းစာသည် မြောက်ကိုရီးယားနိုင်ငံသတင်းများ၊ အထူးသဖြင့် မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်သည့် သတင်းများကို မြန်မာဘာသာသို့ ပုံမှန် ပြန်ဆို ဖော်ပြလေ့ရှိသည်။ အချို့သောသတင်းများကို မူရင်းအင်္ဂလိပ်ဘာသာအတိုင်း ဖော်ပြခြင်းမျိုးလည်း ရှိသည်။ တစ်နှစ်လျှင် အကြိမ် ၂ဝ ခန့် ထုတ်ဝေသည်ဟု သိရသည်။

စာမျက်နှာ ၂ဝ ပါ ‘ခေတ်သစ်’ သတင်းစာ၏ စာစောင်တိုင်းတွင် မြောက်ကိုရီးယားနိုင်ငံအကြောင်းကို စာမျက်နှာအတော်များများ ပေးကာ ဖော်ပြလေ့ရှိသည်။

၂ဝ၁၅၊  ဖေဖော်ဝါရီ  ၅ နေ့စွဲဖြင့် ထုတ်ဝေသည့် အတွဲ ၃၊ အမှတ် ၂ တွင် ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏ အကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြထားသည်။

၂ဝ၁၈ မတ်လထုတ် အတွဲ ၇၊ အမှတ် ၁ဝ တွင် စာစောင်၏ သုံးပုံတစ်ပုံခန့်သည်လည်း အဆိုပါ ကွန်မြူနစ်နိုင်ငံ၏ ခမ်းနား ထည်ဝါမှုအကြောင်း အကျယ်တဝင့် ရေးသားထားပြီး ရှေ့မျက်နှာဖုံးတွင် မြန်မာ့တပ်မတော်၏ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ ကျောဖုံးတွင် မြောက်ကိုရီးယားတပ်မတော်၏ စစ်ရေးပြပုံများ ရိုက်နှိပ်ထားသည်၊  ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို စာမျက်နှာ ငါးမျက်နှာခန့် ဖော်ပြထားသည်။

‘ခေတ်သစ်သတင်းစာ’ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းက သူ၏စာစောင်ကို သူ၏ ကိုယ်ပိုင်ငွေကြေးဖြင့် ထုတ်ဝေနေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောပြီး ပြုံယမ်းအစိုးရ၏ အထောက်အပံ့ဖြင့် လည်ပတ်နေသည် ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုသည်။

သို့ရာတွင် မြောက်ကိုရီးယားသံရုံးက ၎င်းတို့၏အာဘော်ဆောင်းပါးများကို ကြော်ငြာသဘောမျိုးဖြင့် တစ်ပုဒ်လျှင် ကျပ်တစ်သိန်း ပေးကာ ထည့်သွင်းစေကြောင်း၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခလည်း ပေးကြောင်း ဒေါက်တာတင်ထွန်းက ပြောသည်။

မြန်မာစာဖတ်ပရိတ်သတ်ထံ မြောက်ကိုရီးယားနှင့် ပတ်သက်သည့် သတင်းစကားများ ဖြန့်ဝေရခြင်းမှာ မြန်မာလူထု၏ မြောက်ကိုရီးယားအပေါ် ရှိနေသည့် အဆိုးမြင် သတင်းအချက် အလက်များ မှားယွင်းနေကြောင်း ပြသချင်သောကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မြောက်ကိုရီးယားဟာ လူတွေထင်နေသလို သိပ်ကိုချွတ်ခြုံကျနေတဲ့ နိုင်ငံ မဟုတ်ဘူး။ သူတို့ မြို့ငါးမြို့ကို ကျွန်တော် ရောက်ခဲ့တယ်၊ သိပ်ကိုစည်ကားတာ။ သူတို့အစိုးရဆိုတာ ပြည်သူကို ဖိနှိပ်နေတဲ့ အစိုးရမဟုတ်ဘူး။ ချွေးတပ်စခန်းတွေ ရှိတယ်ဆိုတာ လုံးဝ မဟုတ်ဘူး” ဟု ယမန်နှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ခဲ့သည့် ဒေါက်တာတင်ထွန်းက ပြောသည်။

 ‘ခေတ်သစ်သတင်းစာ’ သည် မြောက်ကိုရီးယားသံရုံး အထောက်အပံ့ဖြင့် ထုတ်ဝေနေသည်ဟု ထင်မြင်ကြခြင်းမှာ မြောက်ကိုရီးယားက မြန်မာ့သတင်းစာလောကထဲမှ မိမိတစ်ဦးတည်းကို သာ အလည်အပတ် ခေါ်ခဲ့ခြင်းအပေါ် အမြင်စောင်းနေကြခြင်းကြောင့် ဖြစ်ကြောင်း သူက ပြောသည်။

“သထုံတင်ထွန်း” ဆိုသည့် ကလောင်အမည်ဖြင့် စာအုပ်တချို့ ရေးသားခဲ့သော ‘ခေတ်သစ်သတင်းစာ’ ၏ ပဲ့ကိုင်ရှင် ဒေါက်တာတင်ထွန်းကိုယ်တိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

အမည်မဖော်လိုသည့် ကောင်စီအဖွဲ့ဝင်တချို့၏ အဆိုအရ ရန်ကုန်ရှိ မြောက်ကိုရီးယားသံရုံးသည် ဒေါက်တာတင်ထွန်းကို ပြုံယမ်းခရီးစဉ် အလည်အပတ်ခေါ်ရန် ကောင်စီထံ ဦးစွာ ချဉ်းကပ်ခဲ့သည် ဟုဆိုသည်။

ကောင်စီဝင်များက မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ထူထောင်ရန် အချိန်မကျသေးဟု ဆုံးဖြတ်ခဲ့ပြီးနောက် အဆိုပါခရီးစဉ်ကို ကောင်စီဝင်တစ်ဦးအနေဖြင့် သွားခွင့်ကို ပယ်ချခဲ့ကြသည် ဟု ဆိုသည်။

ထို့နောက် ‘ခေတ်သစ်သတင်းစာ’၏ ထုတ်ဝေသူသည် ကောင်စီကိုယ်စားပြုမဟုတ်ဘဲ သီးသန့်အစီအစဉ်ဖြင့် သွားခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ကောင်စီဝင်တချို့က Myanmar Now ကို ပြောသည်။

ခေတ်သစ်သတင်းစာကောက်ကြောင်း

သက်တမ်း နှစ် ၆ဝ နီးပါး ရှိပြီဖြစ်သော်လည်း ‘ခေတ်သစ်သတင်းစာ’ သည် မြန်မာနိုင်ငံတွင် ထင်ရှားသည့် သတင်းစာတစ်စောင်တော့ မဟုတ်။ ၁၉၆ဝ ဇန်နဝါရီတွင် စတင် တည်ထောင်ခဲ့ ပြီး ၁၉၆၁ မှ ၁၉၆၅ ခုနှစ်အထိ ထုတ်ဝေခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကာလအတွင်း သတင်းစာများ ပေါ်ပေါက်လာရာ ၎င်းသတင်းစာကို ပြန်လည် ထုတ်ဝေခဲ့ပြီး ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၂ဝ၁၃ ခုနှစ် ဧပြီလတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ပြုလိုက်ရာ အဆိုပါသတင်းစာကို ပြန်လည်ထုတ်ဝေခဲ့ပြီး စောင်ရေ ၂ဝ,ဝဝဝ ဝန်းကျင် ရှိခဲ့ကြောင်း ဒေါက်တာတင်ထွန်းက ပြောသည်။

သတင်းစာဟု ဆိုသော်လည်း လစဉ်၊ အပတ်စဉ်၊ နေ့စဉ် စသဖြင့် သတ်မှတ်ပြီး ထုတ်ဝေခြင်း မဟုတ်ဘဲ ငွေကြေး အဆင်ပြေမှုအလိုက် ထုတ်ဝေကြောင်း၊ တစ်နှစ်လျှင် ၁၇ ကြိမ် မှ ၁၈ ကြိမ်အထိ (သီတင်းသုံးပတ်လျှင် တစ်ကြိမ်နှုန်း) ထုတ်ဝေနေကြောင်း ၎င်းက ပြောသည်။

သတင်းစာ၏ဖွဲ့စည်းပုံတွင် အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူအဖြစ် ဦးတင်ထွန်းအပြင် အမှုဆောင်အယ်ဒီတာ တစ်ဦး၊ သတင်းအဖွဲ့တွင် ခုနစ်ဦးတို့ကို ဖော်ပြထားသည်။

သတင်းအဖွဲ့ထဲမှ နှစ်ဦးသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် နေထိုင်သည့် အထူးသတင်းထောက်များဟုလည်း ဖော်ပြထားသည်။

ခေတ်သစ်သတင်းစာကို စာနယ်ဇင်းအရောင်းဆိုင်များတွင် ရနိုင်မည် မဟုတ်ပေ။ သတင်းသမားများ တက်ရောက်တတ်သည့် ရန်ကုန်မြို့ ဆွေးနွေးပွဲတချို့တွင် အခမဲ့ ဝေငှသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် သတင်းများကို ပုံမှန်ဖော်ပြခြင်းအတွက် သံရုံး၏ ငွေကြေးကို ယူသည့် အဆိုပါ ‘ခေတ်သစ်သတင်းစာ’ သည် စာနယ်ဇင်း သဘောတရားအရ ဝါဒဖြန့်ချိသော နေရာတစ်ခုကဲ့သို့ ဖြစ်နေကြောင်း မြန်မာ စာနယ်ဇင်းသမားတချို့က ဝေဖန်ကြသည်။

ထုတ်ဝေခဲ့သည့် ဖော်ပြချက်များသည် မြောက်ကိုရီးယားနိုင်ငံ၏ ဝါဒဖြန့်ချိရေး သက်သက်သာဖြစ်နေသည်ကို တွေ့ရကြောင်း မြန်မာသတင်းပညာသိပ္ပံ သင်တန်းညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောသည်။

“အဲ့ဒီ သတင်းစာအနေနဲ့ မြောက်ကိုရီးယားရဲ့ ငွေကြေးအထောက်အပံ့ကို နည်းတစ်မျိုးမျိုးနဲ့ ဘယ်လိုယူယူ ဒါဟာ ဥပဒေနဲ့ မညီဘူးလို့တော့ ပြောလို့မရဘူး။

စာနယ်ဇင်းသဘောတရားအရတော့ ဒါဟာ ဝါဒဖြန့်ချီတဲ့ဟာလို ဖြစ်နေတာ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် ဦးစိန်ဝင်းက ဆိုသည်။

မြန်မာအစိုးရအရာရှိများကတော့ မြောက်ကိုရီးယားနှင့် ‘ခေတ်သစ်သတင်းစာ' ပတ်သက်မှုကို ထိန်းထိန်းသိမ်းသိမ်း မှတ်ချက်ပေးကြသည်။

နိုင်ငံခြားရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနများမှ အရာရှိများက မှတ်ချက်ပေးရာတွင် ၎င်းတို့၏ ပုဂ္ဂလိကအမြင်အဖြစ် ထည့်သွင်းဖော်ပြပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

“ဒီပုဂ္ဂလိကသတင်းစာနဲ့ မြောက်ကိုရီးယားသံရုံးတို့ကြားမှာ ဘယ်လိုဆက်သွယ်မှုဆိုတာ မသိပေမယ့် ဘာတွေထည့်မယ် ဆိုတာကို ပြန်ကြားရေး (ဝန်ကြီးဌာန)နဲ့တော့ ညှိသင့်တယ် ထင်တယ်။ ဒါက ကျွန်တော့် တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အမြင်ပါ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက Myanmar Now ကို ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကလည်း အဆိုပါသတင်းစာနှင့် မြောက်ကိုရီးယားအကြား ဆက်နွယ်မှုအတိုင်းအတာကို  စာနယ်ဇင်းကောင်စီဘက်က စောင့်ကြည့်သင့်သည်ဟု ယူဆကြောင်း ပြောသည်။

‘ခေတ်သစ်သတင်းစာ’ နှင့် ပတ်သက်မှုအကြောင်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ မြောက်ကိုရီးယားသံရုံးကို Myanmar Now က သွားရောက် မေးမြန်းရာတွင် သံရုံးတတိယအတွင်းဝန်က မှတ်ချက်ပေးရန် ငြင်းဆိုသည်။

မြန်မာ - မြောက် ဆက်ဆံရေး

မြန်မာသည် တစ်ချိန်က ကိုရီးယားကျွန်းဆွယ်မှ ရန်ဘက်နှစ်နိုင်ငံဖြစ်သည့် ကိုရီးယား နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသည့် သံတမန်ဆက်ဆံရေး ရှိခဲ့ဖူးသည်။

သို့သော်လည်း ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့်  တောင်ကိုရီးယားသမ္မတ ချန်ဒူးဟွမ်နှင့်အဖွဲ့ကို ပြုံးယမ်းက စေလွှတ်လိုက်သည့် သူလျှိုများက ရန်ကုန်တွင် လုပ်ကြံသတ်ဖြတ်ခဲ့အပြီး မြန်မာနှင့်မြောက်ကိုရီးယားကြား သံတမန်အဆက်အသွယ် အဆုံးသတ်သွားသည်။

အဆိုပါလုပ်ကြံသတ်ဖြတ်မှုအတွင်း တောင်ကိုရီးယားသမ္မတ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါအဝင် ၁၆ ဦး၊ မြန်မာသုံးဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရခဲ့သည်။

မြန်မာအာဏာပိုင်များက ရက်အနည်းငယ်အတွင်း မြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်ရေးသမား နှစ်ဦးကို အရှင်မိခဲ့ပြီး တစ်ဦးကို အသေ ဖမ်းမိခဲ့သည်။ ထို့နောက် မြောက်ကိုရီးယား သံတမန်များကို နှင်ထုတ်ခဲ့ကာ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

နှစ်နိုင်ငံအကြားဆက်ဆံရေးသည် ဆယ်စုနှစ်ပေါင်းများစွာ အေးခဲခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် စစ်ရေးနှင့်သံတမန်ရေး အဆက်အသွယ် ပြန်ရှိလာခဲ့သည်။

မြောက်ကိုရီးယားထံမှ တပ်မတော်အစိုးရက နျူကလီးယားနည်းပညာ အကူအညီများ ရယူနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့ပြီး တပ်မတော်ကမူ ထိုသတင်းများကို ငြင်းဆန်သည်။

မြန်မာနိုင်ငံတွင် မြောက်ကိုရီးယားသံရုံးကို ၂ဝဝ၇ ခုနှစ်တွင် ပြန်ဖွင့်ခဲ့သော်လည်း မြန်မာဘက်ကတော့ မြောက်ကိုရီးယားတွင် သံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း မရှိသေးပါ။

သို့သော်လည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် မြောက်ကိုရီးယားစီးပွားရေးလုပ်ငန်းများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ NLD ပါတီ အစိုးရက ပြန်လည် ထွက်ခွာစေခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ဒုတိယသီတင်းပတ်က VOA သတင်းဌာနကို ပြောသည်။

ထိုအထဲတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ကတည်းက ရန်ကုန်၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ဖွင့်လှစ်ခဲ့သည့်  ‘ပြုံးယမ်းကော်ယို’ အမည်ရှိသည့် စားသောက်ဆိုင်တစ်ဆိုင်လည်း ပါဝင်သည်။

အဆိုပါလုပ်ရပ်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်အောင်ဆန်းစုကြည်ထံ ကျေးဇူးတင်ကြောင်း စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်ဟု သိရသည်။

နှစ်နိုင်ငံအကြား အကဲဆတ်သည့် သံတမန်ဆက်ဆံရေး ရှိခဲ့ပြီးနောက် မြောက်ကိုရီးယားတို့က မြန်မာနိုင်ငံအတွင်း ၎င်းတို့အကြောင်း ရေးသားမှုများကို အမြဲတစေ စောင့်ကြည့်လေ့လာ သည့်သဘော ရှိခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်က မြန်မာစာရေးဆရာ (ဦး)ဟိန်းလတ်ရေးသားသည့် ‘ကင်မ်ဂျုံအီ သို့မဟုတ် မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး’ အမည်ရှိ စာအုပ်ကို မြောက်ကိုရီးယား သံရုံးက အချက်အလက်များ မှားယွင်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထုတ်ဝေပြီးစာအုပ်များ ပြန်သိမ်းရန် စာရေးဆရာကို ဖိအားပေးခဲ့ဖူးသည်။

ကင်မ်ဂျုံအီသည် လက်ရှိအာဏာရနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင်ဖြစ်သည်။

“သူတို့ပြောပုံက ဒီလိုမြောက်ကိုရီးယားခေါင်းဆောင်စာအုပ်ဆိုတာ သူတို့နိုင်ငံက ကွန်မြူနစ်ပါတီက ထုတ်ရမှာ၊ ကျွန်တော်တို့ ထုတ်ရမှာ မဟုတ်ဘူး ဆိုတာမျိုးနဲ့ပေါ့” ဟု စာရေးဆရာ ဟိန်းလတ်က Myanmar Now ကို ပြန်ပြောင်းပြောပြသည်။

အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက် အဆိုပါစာအုပ်ကို ဒုတိယအကြိမ် ထပ်မံပုံနှိပ်ခဲ့သော်လည်း မြောက်ကိုရီးယားဘက်က တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိတော့ဟု သူကဆိုသည်။

“အရင်အစိုးရလက်ထက်တုန်းက မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ရင် ပုံစံတစ်မျိုးဆိုတော့ ကျွန်တော့်စာအုပ်ကို ပြန်သိမ်းဖို့ စာပေစိစစ်ရေးကရော၊ (အဲဒီတုန်းက) ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကရော ပြန်ပေးလိုက်ပါ ဆိုတဲ့ ပုံစံမျိုး အမိန့်ပေးခဲ့လို့ ကျွန်တော့်စာအုပ် ပြန်သိမ်းခဲ့ကြတာပေါ့” ဟု သူက ပြောသည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်ကို သရော်သည့် ဟောလိဝုဒ် ရုပ်ရှင်“The Interview” DVD ကို ရန်ကုန်တွင် ရောင်းချနေသည့်အပေါ် အရေးယူပေးရန် သံရုံးက တောင်းဆိုခဲ့သည် ဟု ‘ဧရာဝတီ’ သတင်းဌာနက၂ဝ၁၅ ခုနှစ်တွင် ရေးသားခဲ့သည်။

၎င်းတို့အကြောင်း အဆိုးမြင်ရေးသားမှုများကို မာမာထန်ထန် တုံ့ပြန်ခဲ့သော်လည်း အခြားတစ်ဖက်တွင် မြောက်ကိုရီးယားတို့က ဝါဒဖြန့်ချိရေးသားမှုများကို ၂ဝ၁၂ ခုနှစ် ဝန်းကျင်က တည်းက ကြော်ငြာသဘောမျိုးဖြင့် ပြည်တွင်းထုတ် ဂျာနယ်များတွင် ထည့်သွင်းလေ့ရှိသော်လည်း ယခုကဲ့သို့ စာမျက်နှာအများအပြား ထည့်သွင်းရေးသားသည်ကို မတွေ့ဖူးကြောင်း ဦးဟိန်းလတ်က ပြောသည်။

အနိမ့်အမြင့်အတက်အကျ များသော နှစ်နိုင်ငံဆက်ဆံရေး အကြားရှိ ‘ခေတ်သစ်သတင်းစာ’သည် မြောက်ကိုရီးယားတို့၏ သဘောထားကို ဖော်ပြရေးသားသည့် မြန်မာပုံနှိပ်မီဒီယာတစ်ခု အဖြစ် ဆက်လက် ရှိနေဆဲဖြစ်သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading