အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရတနာပုံတက္ကသိုလ်မှ CDM ဝန်ထမ်း ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် မန္တလေးရတနာပုံတက္ကသိုလ်၊ ငွေစာရင်းဌာနမှ ဝန်ထမ်း ၂ ဦး ဩဂုတ် ၂၀ တွင် အဖမ်းခံရပြီး အိုးဘိုထောင်တွင် ထိန်းသိမ်းခံနေရသည်ဟု ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ 

မူလက ထိုဌာနမှ ၇ ဦး အဖမ်းခံရခြင်း ဖြစ်ပြီး ၅ ဦးကို နောက်ရက်တွင် ပြန်လွှတ်လိုက်သော်လည်း အသက် ၃၈ နှစ်အရွယ် ဦးဝင်းသိန်းနှင့် ဒေါ်ဂျူလိုင်မိုးတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရတနာပုံတက္ကသိုလ်မှ CDM ဆရာတစ်ဦးက  ပြောသည်။ 

စစ်ကောင်စီသည် CDM ဝန်ထမ်းများကို ဆက်လက် ဖမ်းဆီးနေပြီး ၅၀၅ အပါအဝင် မတရားပုဒ်မများဖြင့် အမှုဖွင့်ရန် ကြိုးစားနေ၍  ရှောင်ရှားနေကြရန် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ) ကလည်း ဩဂုတ် ၂၀ တွင်  သတိပေးစာ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ က ရတနာပုံတက္ကသိုလ်မှ CDM လုပ်ထားသော ရုက္ခဗေဒဌာန၊ လက်ထောက်ကထိက ဦးမျိုးမြင့်အောင် (အသက် ၃၀ နှစ်) သည် အမရပူရမြို့နယ် တောင်သမန်ရပ်ကွက်၊ ထန်းတောရပ် ရွာလယ်ဓမ္မာရုံအနီးရှိ ၎င်း၏နေအိမ်၌ စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ်တစ်ခုတွင် CDM ပြုလုပ်ထားကြောင်း ကြေညာထားသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ) 

အသက် ၃၀ အရွယ် ဦးမျိုးမြင့်အောင်သည် အာဏာသိမ်းသည့်၂၀၂၁ဖေဖော်ဝါရီလကတည်းက ဝရမ်းထုတ်ခံထားရခြင်းဖြစ်ပြီး ရတနာပုံတက္ကသိုလ်တွင် အသက်အငယ်ဆုံးတက္ကသိုလ်ဆရာတစ်ဦး ဖြစ်သည်။

စစ်ကောင်စီသည် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခ၊ ကထိကနှင့် ဆရာ၊ ဆရာမအများအပြားကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်ဟု သိရသည်။

အာဏာသိမ်းသည့်လမှာပင် စစ်ကောင်စီက ပါမောက္ခချုပ်ဒေါက်တာအောင်အောင်မင်းကို ကျောင်းတွင် ဝင်ရောက်ရှာဖွေရာ မတွေ့ခဲ့၍ ငွေကြေးနှင့် ကွန်ပျူတာများကို သိမ်းယူခဲ့သည်ဟု အထက်ပါ တက္ကသိုလ်ဆရာက Myanmar Now ကို ပြောသည်။

စစ်ကောင်စီက ဒေါက်တာတင်မိုးသူဇာဆိုသူကို တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် ခန့်အပ်ထားပြီး ၎င်းနှင့်အတူ ဆရာ ဆရာမ ဝန်ထမ်း ၄၅၁ ဦး တာဝန်ထမ်းဆောင်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော်ရှိသည့်အနက် ၃၀၀ ဝန်းကျင် ကျောင်းတက်နေသည်ဟု CDM ဆရာဆရာမများက ယခုနှစ် ဖေဖော်ဝါရီတွင် ပြောထားသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ကျန်းမာရေး၊​ ပညာရေး၊ မီးရထားဝန်ထမ်းများ အပါအဝင် တစ်နိုင်ငံလုံးမှ ဝန်ထမ်းအများစုက ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ ဖိအားကြောင့် ခံဝန်ထိုးကာ လုပ်ငန်းခွင် ပြန်ဝင်သူများလည်း ရှိခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles