မန္တလေးရှိဘုရားများအား ဓာတ်ပုံရိုက်ခွင့် ကမ္ဘာလှည့်များထံမှ ငွေကောက်သင့်သလား

ဘုရားဖူးလာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများအား ဘုရားတစ်ဆူကို ဓာတ်ပုံရိုက်တိုင်း ငွေတစ်ကြိမ်ကောက်သည့်မှာ ဖြစ်သင့်မဖြစ်သင့် အငြင်းပွားနေကြသည်။

မဟာမုနိ ဘုရားကြီးကို ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်နေသည့် ကမ္ဘာလှည့်ခရီးသွားများ (ခင်နှင်းဝေ/Myanmar Now)

မန္တလေး - ဗဒုံမင်းဟုလည်း လူသိများပြီး ကုန်းဘောင်မင်းဆက်ထဲတွင် ဩဇာကြီးသည့် ဘုရင်တစ်ပါးဖြစ်သည့် ဘိုးတော်ဘုရား၏ တပ်ဖွဲ့များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော် ခရစ်နှစ် ၁၇၈၄ တွင် ရခိုင်ကို စစ်ချီခဲ့ကြပြီး ရခိုင်မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် မဟာမုနိရုပ်ပွားတော်ကို မန္တလေးသို့ ပ့င်ဆောင်လာခဲ့သည်။

ဘုရားကြီးနှင့်အတူ ယနေ့အချိန်တွင် ကမ္ဘောဒီးယားဟုခေါ်သည့် ခမာတို့ သွန်းလုပ်ခဲ့သည့် ကြေးရုပ်ကြီးများ ပုံဆွဲပုရပိုက်ပန်းချီများလည်း သယ်ဆောင်လာခဲ့သည်။

အရှေ့တောင်အာရှ မင်းဆက်များ၏ ရှည်လျားလှသော သမိုင်းကြောင်း၏ တစ်စိတ်တစ်ဒေသကို တနေရာတည်းတွင် လေ့လာနိုင်သည့် မဟာမုနိဘုရားသို့ သွားရောက်လည်ပတ်လိုသည့် နိုင်ငံခြားသား ခရီးသည်အချို့ကို ၎င်း၏ယာဉ်ပေါ်တင်ဆောင်ရင်း ကိုစိုးပိုင် တစ်ယောက် မဟာမုနိဘုရားကြီးရှိရာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်သို့ မောင်းနှင်လာခဲ့သည်။

မဟာမုနိ ရုပ်ပွားတော်အား နေ့စဉ်နေ့တိုင်း အရုဏ်တက်ချိန် နံနက် ၄ နာရီခွဲခန့်တွင် မျက်နှာတော်သစ်ပြီး ပူဇော်လေ့ရှိပြီး ထိုအချိန်အမီလာရောက်ခဲ့ခြင်းဖြစ်သည်။

ဘုရားကြီးမျက်နှာတော်သစ်ချိန် အာရုံပြုနေချိန်တွင် “Hello money ….hello money…take photo… one thousand kyat” ဆိုသည့်အသံကြောင့်  ကိုစိုးပိုင်ပိုင်က သူ၏ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

အဆိုပါ အသံသည် ရုပ်ပွားတော်မြတ်ကို ဓာတ်ပုံရိုက်နေသည့် နိုင်ငံခြားသားများအား ဘုရားဝန်ထမ်းများက ရှင်းပြနေခြင်းဖြစ်သည်။ တစ်ဝက်တစ်ပျက် အင်္ဂလိပ်စကားကြောင့် နိုင်ငံခြားသားများက ဘုရားဝန်ထမ်းများ ဘာကိုဆိုလိုသည်ကို အစပိုင်းတွင် နားမလည်ကြဟု ကိုစိုးပိုင်ပိုင်က ဆိုသည်။

“ကမ္ဘာလှည့်ခရီးသွားက နားမလည်ဘူး။ အကြိမ်ကြိမ်ရှင်းပြပြီး ကျပ် ၁၀၀၀ ထောင်ပြမှ ‘ဪ. ဘုရားကို ဓာတ်ပုံရိုက်ရင် ငွေ ၁၀၀၀ ပေးရတာလား။ ဒါဆိုမရိုက်တော့ပါဘူး လို့ ပြောပြီး ကင်မရာသိမ်းတယ်။ ဒါကို နိုင်ငံခြားသားတိုင်းပေးရတာပဲ မပေးချင် လာမလည်နဲ့လို့ ဘုရားကြီးဝန်ထမ်းက ပြန်ပြောလိုက်တယ် ဟု ကိုစိုးပိုင်က ပြန်ပြောင်းပြောပြသည်။

ဧည့်လမ်းညွှန်နှင့် ကမ္ဘာလှည့်ခရီးသွားများသွားလာသည့် မော်တော်ယာဉ် ယာဉ်မောင်းဖြစ်သည့် ကိုစိုးပိုင်ပိုင်က ရက်အနည်းငယ်အတွင်း အဆိုပါအဖြစ်အပျက်ကို သူ၏ Facebook စာမျက်နှာတွင် တင်လိုက်သည့်အခါ ဗုဒ္ဓရုပ်ပွားတော်များအား ဓာတ်ပုံရိုက်သည်ကို ပိုက်ဆံတောင်းသင့်၊ မတောင်းသင့် အငြင်းအခုံ ဖြစ်လာခဲ့သည်။

မဟာမုနိဘုရားကြီး ဂေါပကကတော့ နိုင်ငံခြားသားများအနေဖြင့် ဖုန်းကင်မရာဖြင့်ဖြစ်စေ၊ လုပ်ငန်းခွင်သုံးကင်မရာဖြင့်ဖြစ်စေ မည်သည့်ကင်မရာနှင့်မဆို ဘုရားကြီးအား ဓာတ်ပုံရိုက်ပါ က ရိုက်ကူးခ ကျပ် ၁၀၀၀ ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

နိုင်ငံခြားအတွက် ငွေ ၁၀၀၀ ဆိုတာ လမ်းဘေးအလှူထည့်သလောက်ပါ။ ကိုယ့်ဘုရားလာပြီး ကိုယ့်တိုင်းပြည်မှာ လေ့လာစရာတွေ အနုပညာလက်ရာတွေ ရှိတယ်။ ရှေးဟောင်းတွေ ရှိတယ်။ ဒီလိုဟာမျိုးကို အလကားလာကြည့်တာ ကြည့်ခံရင်တော့ ကိုယ်မိုက်လို့ပေါ့ ဟု မဟာမုနိဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

ဘုရားကြီးထံ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားဦးရေသည် တစ်ရက်လျှင် ၈၀ မှ ၁၀၀ အတွင်းရှိပြီး စည်ကားသည့် ရက်များဆိုပါက နှစ်ဆကျော် ဝင်ထွက်လေ့ရှိကြောင်း ဘုရားကြီး ဝန်ထမ်းများက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ကမ္ဘာလှည့်ခရီးသွားများသည် မန္တလေးသို့လာရောက်ချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရှေးဟောင်းနယ်မြေ ဝင်ထွက်ခွင့်အတွက် ၅ ရက်ကြာ သက်တမ်းရှိသည့် လည်ပတ်ခွင့် လက်မှတ်ကို ကျပ် ၁၀,၀၀၀ ဖြင့် ဝယ်ယူကြရသည်။

ယင်းလက်မှတ် ဝယ်ယူပြီးသော်လည်း အထင်ကရ နေရာတစ်ခုသွားတိုင်း နောက်ထပ်တစ်ကြိမ် ထပ်မံပေးဆောင်နေရသည့်အတွက် နိုင်ငံခြားသားဧည့်သည်များက မကြာခဏ စောဒကတက်မှုများ ရှိကြောင်း တရုတ်ခရီးသွား ဧည့်လမ်းညွှန် ကိုအောင်ဆန်းဦးက ဆိုသည်။

ဇုန်ဝင်ကြေး ပေးပြီးပေမယ့် ဘုရားတစ်ခါသွား တစ်ခါတောင်းတာကျ 'မင်းတို့ဘုရားက ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရတာလား' ဆိုတာမျိုး မှတ်ချက်ပေးတာတွေ မကြာခဏရတယ်။ လက်မှတ်လည်းဖြတ်ထားတယ် ထပ်လည်းပေးနေရ တယ်ဆိုတော့ ဒါက မကြာခဏ ကျွန်တော်တို့ ဖြေရှင်းနေရတယ်။ ခရီးသွားလုပ်ငန်းကို ပုံရိပ်ကျစေတယ် ဟု ၎င်းက ပြောသည်။

Myanmar Now က တွေ့ဆုံခွင့်ရခဲ့သည့် ပြင်သစ်ခရီးသွား Jean-Jacques ဆိုသည့် အမျိုးသားကလည်း ငွေ ၁၀၀၀ သည် သူ့အတွက် ပြဿနာ မရှိသော်လည်း တစ်နေရာသွားတိုင်း တစ်ကြိမ်ပေးဆောင်နေရသည်က စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ဆိုသည်။

ကျွန်တော် မန္တလေးလည်ရင် ၁၀,၀၀၀ ပေးရတယ်။ ပုဂံဆို ၂၅,၀၀၀။ မင်းကွန်းဆို ၅,၀၀၀။ ဒါက ဒီနိုင်ငံကသတ်မှတ်တဲ့ စည်းကမ်း။ မဟာမုနိမှာ ၁၀၀၀ ထပ်ပေးရမယ်ဆိုရင် မန္တလေးစဝင်ကတည်းက ၁၁,၀၀၀ ကောက်လိုက်ပေါ့။ တစ်နေရာလာတိုင်း တစ်ခါပေးရသလို ဇာတ်လမ်းလည်း မရှုပ်တော့ဘူး။ ပိုအဆင်ပြေတယ် ဟု စကားပြန်မှတစ်ဆင့် ၎င်းက ပြောသည်။

မန္တလေးရောက် နိုင်ငံခြားသားများအား သတ်မှတ်ထားသည့်ပမာဏ ကျပ်၁၀၀၀၀ သာ ကောက်ခံနေပြီး၊ မဟာမုနိဘုရားအတွင်း ငွေကြေးကောက်ခံနေခြင်းက ဘုရားဂေါပက၏ သဘောထား ဖြစ်ပြီး သီးခြားမှတ်ချက် မပေးလိုဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။

"အရင်တုန်းက မကောက်ဘူးပြောတာ။ အခုကောက်တယ်။ ဂေါပကနဲ့ပဲဆိုင်တယ် ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မည်ဟု မထင်ကြောင်းလည်း ၎င်းကဆိုသည်။

ဘုရားကြီးထံ လာရောက်ဖူးမြှော်သည့် နိုင်ငံခြားသားများအား ဝင်ကြေးကောက်ရန် စီစဉ်ခဲ့သော်လည်း ဟိုတယ်/ခရီး ဘက်က လက်မခံသဖြင့် ကင်မရာခွန်သာ ကောက်ခံခြင်း ဖြစ်ကြောင်း  မဟာမုနိ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်း ကဆိုသည်။

ဘယ်နိုင်ငံခြားသားမဆို ဓာတ်ပုံမရိုက်တဲ့ နိုင်ငံခြားသားမရှိဘူး။ ဘာနဲ့ရိုက်ရိုက် ပေးရမယ်။ အမှန်က ဝင်ကြေးကောက်ရမှာလေ။ ကင်မရာခွန်ကောက်ရတာ အဓိပ္ပာယ်မရှိဘူး။ ဝင်ကြေးကောက်တဲ့ကိစ္စက ဟိုတယ်နဲ့ခရီးသွားလာရေးနဲ့ စကားအချီအချဖြစ်နေလို့ ဟု ၎င်းက ဆိုသည်။

 ငွေကြေးကောက်ခံမှုများအတွက် သဘောထားကွဲလွဲမှု အချို့ရှိနေသော်လည်း မြန်မာဘုရင်နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့သည့် မန္တလေးသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်နေဆဲဖြစ်သည်။

ဟိုတယ်/ခရီး ၏စာရင်းများအရ ၂၀၁၆ တွင် နိုင်ငံခြားသား ၃၈၅,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး နောင် နှစ်နှစ်အကြာ ၂၀၁၈ တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ငါးသိန်းနီးပါး ဝင်ရောက်ခဲ့သည်။ အများစုမှာ တရုတ်ခရီးသွားများ ဖြစ်ကြပြီး ဥရောပဘက်မှ ပြင်သစ်၊ ဂျာမနီ နှင့် အီတလီ ဧည့်သည်များလည်း ဝင်ရောက်လည်ပတ်ခဲ့ကြသည်။

မဟာမုနိဘုရား၌ တွေ့ရသည့် ဂျာမန်ခရီးသွား ဇနီးမောင်နှံ နှစ်ဦးကလည်း သူတို့ပေးလိုက်ရသည့် ကင်မရာခွန် ကျပ် ၁၀၀၀ စီ အတွက် ယခုလို မှတ်ချက်ပေးသည်။

ကင်မရာကြေးလို့ ပြောပြီးကောက်တဲ့ ဒီအခွန်ငွေတွေကို တကယ်လိုအပ်တဲ့နေရာတွေမှာ တကယ်အသုံးပြုတယ်ဆိုရင်တော့ ကျွန်တော်တို့ အများကြီးဝမ်းသာပါတယ်။ ဘုရားဝေယျာဝစ္စအတွက် တကယ်လိုအပ်တဲ့နေရာမှာ တဖက်တစ်လမ်းကနေ ကူညီမှုရမယ်ဆိုရင် ကျွန်တော်တို့ပေးရတာ တန်ပါတယ် ဟု စကားပြန်မှ တဆင့် ဂျာမန်အမျိုးသားက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading