‘ကချင်ပြည်နယ်မှာနေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ’

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) ၏ တွဲဖက်အတွင်းရေးမှူး၊ အင်ဂျားယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ (ဓာတ်ပုံ – ဇော်နိုင်ဦး)
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) ၏ တွဲဖက်အတွင်းရေးမှူး၊ အင်ဂျားယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ (ဓာတ်ပုံ – ဇော်နိုင်ဦး)

စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) ၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ဒွဲဘူသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံအရွေးချယ်ခံရရေးအတွက် ပြင်ဆင်လျက်ရှိသည်။ သူ၏ပါတီသည် မဲဆန္ဒနယ် ၉ ခုအတွက် ယှဉ်ပြိုင်သည့်အခါ ဒေသတွင်း နိုင်ငံရေးပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာရပါတီတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မကြာသေးခင်က သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေးမြန်းစဉ် ၅၃ နှစ်အရွယ် တရားရုံးချုပ်ရှေ့နေ ဒေါ်ဒွဲဘူက မဲဆွယ်မှုအစီအစဉ်၊ ကချင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး၊ ဆက်လက်ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။

မေး – ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ၂ လ ရပါမယ်။ ဒါဟာ လုံလောက်တဲ့အချိန်ပမာဏလို့ ပြောလို့ ရမလား။

ဖြေ – တစ်နေရာနဲ့တစ်နေရာတော့ တူမှာမဟုတ်ပါဘူး။ ကျွန်မရဲ့မဲဆန္ဒနယ်မြေကတော့ လုံလောက်မှု ရှိပါတယ်။ အင်ဂျန်းယန် မဲဆန္ဒနယ်က သွားလာရေးခက်ပေမဲ့ လူနည်းပါတယ်။ မဲပေးနိုင်တဲ့လူဦးရေက တစ်ထောင် ပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။

မေး – ဘယ်လိုကတိတွေပေးမယ်၊ ဘယ်အချက်ကို အဓိကထားပြီး မဲဆွယ်စည်းရုံးမယ် ဆိုပြီး စဉ်းစားထားတာ ရှိသလား။

ဖြေ – ဘယ်ကတိကဝတ်ကိုမှ ပေးပြီးတော့ မဲဆွယ်မစည်းရုံးပါဘူး။ ကျွန်မကိုယ်တိုင်က ကချင်လူမျိုးဖြစ်တဲ့အတွက် ကိုယ့်အမျိုးသားရေးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကချင် တစ်မျိုးလုံး မဟုတ်ဘဲ ကချင်ပြည်နယ်မှာ နေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ။ ကိုယ့်ပြည်နယ်မှာ နေထိုင်သူအားလုံးရဲ့ တိုးတက်ရေးကိုလုပ်ရင် ကချင်ပြည်နယ်တိုးတက်ရေးလည်း တစ်ပါတည်း ပါသွားမှာဖြစ်ပါတယ်။ ပေးလိုက်တဲ့ မဲက အလကား မဖြစ်စေရပါ ဘူး။ သူတို့ပေးလိုက်တဲ့မဲက ဥပဒေတွေပြောင်းဖို့၊ တစ်နိုင်ငံလုံး ဒီမိုကရေစီတိုးတက်ဖို့၊ မြေသိမ်းယာသိမ်းကိစ္စတွေ တကယ်အကျိုးခံစားခွင့်ရရှိဖို့ အဲဒါတွေကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။

မေး – ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတုန်းက ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ – ကျွန်မတို့ပါတီက ၂ဝ၁ဝ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး လွှတ်တော်ထဲကို ရောက်အောင်သွားခဲ့ပါတယ်။ ကျွန်မတို့ပါတီက ရွေးကောက်ပွဲကို လူနည်းစုပဲ ဝင်နိုင်ခဲ့တာပါ။ တကယ်လွှတ်တော်ထဲကို ရောက်သွားရင် ပါတီစွဲ၊ လူမျိုးစွဲမထားဘဲ အားလုံးက ပူးပေါင်းဆောင်ရွက်ရတာပါပဲ။ ဒါပေမဲ့လည်း မဲဆွယ်တဲ့ကာလမှာ ဘယ်လိုတိုက်ခိုက်ခံရလဲဆိုရင် ကျွန်မတို့က ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်လုပ်ထားတဲ့အခါကျတော့ ကျွန်မတို့ပါတီကို စစ်တပ်နောက်ခံပါတီဆိုပြီး တခြားတိုင်းရင်းသားပါတီတွေက အထင်မှားတာမျိုးတွေ ခံရပါတယ်။ ကျွန်မတို့ပါတီက ပြည်နယ်ကို ကိုယ်စားပြုပါတယ်။ ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသားများအပြင် တခြားဘာသာဝင်တွေကိုပါ ကိုယ်စား ပြုတဲ့အတွက် အမျိုးမစစ်ဘူးဆိုပြီးတော့ ပြောတဲ့အခါမျိုးကျတော့ အောက်ခြေလူထုက အထင်မှားပြီးတော့ နားလည်နိုင်မှုစွမ်းအား နည်းသွားနိုင်ပါတယ်။ တကယ်တမ်းတော့ ဘယ်ပါတီပဲဖြစ်ဖြစ် အခုချိန်မှာတော့ ပြိုင်ကြတာပဲ။ တကယ်တမ်း လွှတ်တော်ထဲရောက်သွားရင် ကျွန်မတို့နိုင်ငံ အနေအထားက ပူးပေါင်းဆောင်ရွက်မှု မရှိရင် နိုင်ငံကောင်းဖို့ မလွယ်ဘူး။ ပြည်သူအတွက် ဥပဒေတစ်ခု ပြောင်းလဲဖို့၊ လမ်းစဉ်တစ်ခု ပြောင်းလဲဖို့ဆိုတာ လွှတ်တော်ထဲရောက်နေ တဲ့ ပါတီတွေအားလုံးက ပူးပေါင်းဆောင်ရွက်မှု ရှိကိုရှိရပါတယ်။ အောက်ခြေပြည်သူလူထုရော၊ ပါတီတချို့ကရော ဒီသဘောတရားတွေကို မဖြတ်သန်းဖူးတဲ့အခါကျတော့ နားလည်မပေးနိုင်ဘူး၊ အဓိကစိန်ခေါ်မှုကတော့ အဲဒါပါပဲ။

မေး – အမျိုးသမီးတစ်ယောက် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို ထမ်းဆောင်ရာမှာ အကြီးမားဆုံးအခက်အခဲက ဘာဖြစ်မလဲ။

ဖြေ – သားသမီးတွေကို (အိမ်မှာ) ထားခဲ့ပြီး နေပြည်တော်မှာ တစ်နှစ်လုံးနီးပါးနေရတဲ့ ဒုက္ခပေါ့။ ကိုယ့်သားသမီးတွေကို မိဘအနေနဲ့ သွန်သင်ဆုံးမရမယ့်အချိန်မှာ သားသမီးအရေး၊ မိသားစုအရေးကို မကြည့်နိုင်ဘူးပေါ့။ အဲဒါကတော့ အကြီးမားဆုံး အခက်အခဲပါပဲ။

မေး – ဦးသိန်းစိန်အစိုးရလက်ထက် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကို နည်းနည်းသုံးသပ်ပြပါ။

ဖြေ – ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးကို စားပွဲပေါ်ရောက်တဲ့အထိ လုပ်နိုင်ခဲ့ပါတယ်။ ဆွေးနွေးတာလည်းဆွေးနွေး၊ တိုက်တာလည်းတိုက်တုန်းပဲဆိုတော့ ပြည်သူလူထုကလည်း အယုံအကြည်မရှိပါဘူး။ ပြည်သူလူထုအယုံ အကြည်မရှိသရွေ့ ငြိမ်းချမ်းရေးကလည်း ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒီကဏ္ဍရပ်တွေမှာ သမ္မတတစ်ယောက်အနေနဲ့ တပ်မတော်ကို ထိန်းသိမ်းနိုင်မှု၊ ပြောဆိုနိုင်မှု အင်မတန်မှ အားနည်းတာကို တွေ့ရပါတယ်။ ကချင် ပြည်နယ်မှာရှိတဲ့တပ်တွေက ထိုးစစ်တွေသာ မဆင်ခဲ့ရင် ငြိမ်းချမ်းတာ ကြာလှပါပြီ။ ကျွန်မတို့က တကယ့်ဖြစ်စဉ်ကို တင်ပြရင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်ဘက်က လက်ခံတာမျိုး မရှိပါဘူး။ သူတို့ကိုပြောတယ် ဆိုပြီး သဘောမကျတာမျိုးတွေဖြစ်တာကို တွေ့ရပါတယ်။ အဲဒီလို အမြင်မျိုးတွေက ငြိမ်းချမ်းရေးမှာ ရှေ့ဆက်တိုးဖို့အတွက် အခက်အခဲတွေပါပဲ။

မေး – ဝန်ကြီးဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေကိုရော ဘယ်လိုများ မြင်ပါသလဲ။

ဖြေ – သူကတော့ တော်တော်ကြိုးစားပြီးလုပ်ပါတယ်၊ တိုင်းရင်းသားတွေရဲ့သဘောထားတွေကိုလည်း အောက်ခြေအထိလိုက်ပြီး လေ့လာပါတယ်၊ တိုင်းရင်းသားတွေအပေါ်မှာလည်း တော်တော် နားလည်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း နားလည်လို့မရပါဘူး။ ကျန်တဲ့သူတွေပါ နားလည်ပြီး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။ တိုင်းရင်းသားတွေကလည်း ဟိုဟာလည်းမယုံ၊ ဒီဟာလည်းမယုံ လုပ်နေလို့လည်းမရပါဘူး။ ပြောင်းလဲလာတဲ့ အမြင်တွေလည်း ရှိဖို့ လိုပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။

မေး – ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းငါးနှစ်တာကာလအတွင်း ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး အခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ – မြို့ထဲမှာတော့ ဒီအတိုင်းပါပဲ၊ ပြောင်းလဲမှုမရှိပါဘူး။ တရားရုံးတွေက အရင်အတိုင်းပဲ၊ ပြည်သူလူထုကလည်း အရင်လိုပဲ၊ လာဘ်ပေးလာဘ်ယူမှု လုပ်နေရတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက တရားဥပဒေ စိုးမိုးမှု မရှိတော့ ပိုဆိုးတာပေါ့။ သစ်မှောင်ခိုတွေ၊ ရွှေသူခိုးတွေ၊ ကျောက်တွင်းမှောင်ခိုတွေ၊ အကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ ဒီမိုကရေစီအစိုးရတက်လာတဲ့အချိန်မှာ ပိုပြီးဆိုးလာတာ တွေ့ရပါတယ်၊

မေး – ကချင်ဒေသစစ်ဘေးရှောင် ဒုက္ခသည်တွေကို နိုင်ငံတကာရော ပြည်တွင်းအလှူရှင်တွေကပါ လှူဒါန်းတာတွေ၊ ထောက်ပံ့တာတွေက နည်းလာသလား။

ဖြေ – နိုင်ငံတကာကလည်း ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေကိုပဲ ကူညီရတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ဒုက္ခသည်ကတော့ အမျိုးမျိုးရှိတာပါပဲ။ အဲဒါတွေပါကူညီရတာဆိုတော့ ကချင်တစ်ခုတည်းကို အဓိကထားနိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းအဖွဲ့အစည်းတွေလည်း အဲဒီလိုပါပဲ။ ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်အောင်လည်း ကြိုးစားရမှာပါပဲ။ အဲဒီလိုလုပ်နိုင်ဖို့ဆိုတာကတော့လည်း တိုက်ပွဲတွေဖြစ်နေတော့ သူတို့ ကိုယ့်ဖာသာ ကိုယ်ရပ်တည်ဖို့ကို မလုပ်နိုင်ပါဘူး။ ဘယ်သူမဆို ဒါမျိုးတွေက တစ်သက်လုံး မကူညီနိုင်ပါဘူး။ ကျွန်မကတော့ အပစ်အခတ်ရပ်စဲဖို့ကိုပဲ အဓိက တိုက်တွန်းသွားမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲက အကြာကြီးဆွေးနွေးရမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှ ဒုက္ခသည်တွေ နေရပ်ပြန်ပြီး ပြန်လည်လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတချို့ကလည်း အပစ်အခတ်ရပ်စဲမှ ဒုက္ခသည်တွေကို ကူညီမယ်ဆိုတာမျိုးတွေကလည်း ရှိနေပါသေးတယ်။ လွှတ်တော်အနေနဲ့ကလည်း ပေါ်လစီပိုင်းဆိုင်ရာကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ တချိန်လုံး ပြောနေတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့သူက ဘာမှမလုပ်ရင် လွှတ်တော်က ဘယ်လောက်ပြောပြော ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

မေး – တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၁၁ မှာ ရပ်ထားပါတယ်။ ဒီစီမံကိန်းက ဘယ်လိုဆက်ဖြစ်လာမယ် ထင်ပါသလဲ။

ဖြေ – ဦးသိန်းစိန် သမ္မတထပ်ဖြစ်ရင်တော့ သူ့ကတိအတိုင်း ရပ်ဆိုင်းထားပေးမှာပါ။ ဦးသိန်းစိန်မဟုတ်ဘဲ တခြားသမ္မတဆိုရင်တော့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ထပ်နားထောင်ရမှာပေါ့။ တရုတ်ကုမ္ပဏီက ဆက်လုပ်ဖို့ ကြိုးစားနေတာပါပဲ၊ နစ်နာမှုတွေကိုပါ ထပ်တောင်းဖို့ ရှိပါလိမ့်မယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်လူထုနဲ့ပဲ ပတ်သက်တာမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးနဲ့ပတ်သက်နေတဲ့အတွက် မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။

မေး – လာမယ့် ၅ နှစ် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုအလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲ။

ဖြေ – လာမယ့်အစိုးရမှာ ဘယ်လိုလူတွေပါဝင်လာမလဲဆိုတာ အဓိက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုလူတွေ ဦးဆောင်မလဲ။ သူတို့တွေက တိုင်းရင်းသားတွေအပေါ်မှာ တကယ်ကို စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ တပ်မတော်မှာ သြဇာအာဏာညောင်းတဲ့လူလည်း ဖြစ်ဖို့လိုပါတယ်။ အစိုးရက ဘယ်လောက်သွားသွား တပ်မတော်ပိုင်းက သမ္မတအထက်မှာတောင် သူတို့ရှိနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ပြောင်းလဲ အောင် လုပ်နိုင်တဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမှာ တပ်မတော်ရဲ့ပါဝင်မှုကလည်း အရေးကြီးပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖက်ဒရယ်ကို ပါးစပ်ကပဲမပြောဘဲ တိုင်းရင်းသားတွေအပေါ်မှာ တကယ် စိတ်ကောင်း စေတနာကောင်းရှိပြီး ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့လက်တွဲ၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်တဲ့သူမျိုး ဖြစ်ဖို့ လိုပါတယ်။

အခုလာမဲ့အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေ ပါလာရင် ပိုကောင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ အခုဆို ခေါင်းဆောင်ပိုင်းက အကုန်ဗမာတွေချည်းပဲဆိုတော့ လုပ်ငန်းကော်မတီက စကားပြောရင်လည်း သူတို့က မကြိုက်ဘူး။ ကျွန်မကိုလည်း အမျိုးသမီးလည်းဖြစ်တော့ ကျွန်မတို့ပြောတဲ့စကားက ဘာမှအရေးမပါဘူးဆိုပြီး လက်မခံတာမျိုးလေးတွေလည်း ရှိပါတယ်။ တိုင်းရင်းသားတွေအသံရော အမျိုးသမီးတွေရဲ့အသံတွေပါ နားထောင်သင့်တယ်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading