"၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်"

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ အလုပ်သမားရေးရာတာဝန်ခံ ဦးအောင်သူ

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ အလုပ်သမားရေးရာတာဝန်ခံ ဦးအောင်သူသည် နိုဝင်ဘာ ရွေးကောက်ပွဲ၏ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၃ဝဝ ကျော်ထဲမှ တစ်ဦးဖြစ်သည်။

ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များ ပါဝင်သော မန္တလေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ တွင် အရွေးချယ်ခံရရေးအတွက် မဲဆွယ်နေသော အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးအောင်သူသည် တခြားသော လုပ်ဖော်ကိုင်ဘက် အများအပြားနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမတ်လောင်းဖြစ်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော်လည်း NLD က ၎င်းတို့ အများစု၏ ကမ်းလှမ်းချက်ကို ပယ်ချသဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများအကြား အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

စစ်အစိုးရအဆက်ဆက်လက်ထက် အကြိမ်ကြိမ်အထိန်းသိမ်းခံရသည့် မန္တလေးဇာတိ ဦးအောင်သူသည် ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။ ဦးသိန်းစိန်အစိုးရက ၂ဝ၁၂ တွင် သူ့ကို လွှတ်ပေးခဲ့သည်။

သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေးမြန်းစဉ် ဦးအောင်သူက ရွေးကောက်ပွဲ၏ အနေအထား၊ NLD နှင့် ဆက်ဆံရေး၊ အာဏာရပါတီ၏ ရွေးကောက်ပွဲဗျူဟာ အကြောင်းတို့ကို ပြောပြခဲ့သည်။

မေး - ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။

ဖြေ - ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ NLD က ၈၈ မျိုးဆက်တချို့ကို မရွေးချယ်တဲ့ အချိန်မှာ ၈၈ မျိုးဆက် နိုင်ငံလုံးဆိုင်ရာ စုံညီဆွေးနွေးပွဲ လုပ်တဲ့ အချိန်မှာပဲ ပါတီထောင်ဖို့အထိ အသံတွေ မြိုင်ခဲ့ကြတယ်။ အဲဒီမှာ သဘောထားနှစ်ခု ထွက်လာတယ်၊ တစ်ခုက NLD ကို ဝန်းရံပေးရေး၊ နောက်တစ်ခုကတော့ ပါတီထူထောင်ရေးပေါ့။ အဲဒီနှစ်ခုကို လုပ်ငန်းအစဉ်အနေနဲ့ ချကြည့်တဲ့အခါကျတော့ NLD ကို ရွေးကောက်ပွဲအချိန်မှာ ဝန်းရံမယ်၊ ရွေးကောက်ပွဲပြီးရင် ပါတီထောင်မယ့် သဘောမျိုး ဆုံးဖြတ်ခဲ့ကြတယ်။ ဒါက ကြိုတင်ကြံစည်ထားတာမဟုတ်ဘဲ စုံညီအစည်းအဝေးမှာ ထွက်ပေါ်လာတဲ့ အဖြစ်အပျက်ပါ။ ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ပါတီထောင်ဖို့ ရည်မှန်းရင် အခုအချိန်ကတည်းက ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မှ သင့်တော်မယ်လို့ မြင်ပါတယ်။ ပါတီကို နောက်မှထောင်မယ်၊ ရှိတဲ့ ဒီမိုကရက်တစ်ပါတီတွေကို ဝန်းရံပေးသွားဦးမယ်ဆိုတာက သိပ်တော့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ၈၈ ငြိမ်းပွင့်အနေနဲ့ ပါတီထောင်တယ်ဆိုရင် ငြိမ်းပွင့်တွေချည်း မဟုတ်ဘဲ ၁၉၈၈ (လူထုလှုပ်ရှားမှု) ကတည်းက ပါခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP လည်း ပါမယ်၊ တခြားနိုင်ငံမှာရောက်နေတဲ့ ၈၈ ရဲဘော်တွေကိုလည်း ခေါ်သွားမှာပါ။ ၈၈ မျိုးဆက်တစ်ခုလုံး စုပြီး ပါတီထူထောင်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။

မေး - စည်းရုံးရေးကာလမှာ ဘယ်လိုအချက်တွေအပေါ်မူတည်ပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာလဲ။

ဖြေ - ဒေသဖွံ့ဖြိုးရေး၊ ဒေသခံတွေရဲ့ ပညာရေးအဆင့် ဘယ်လိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ စတဲ့ မူဝါဒတွေကို ရွေးဆွဲပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်သွားမှာပါ။

မေး - မဲဆွယ်တဲ့ကာလမှာ ဘယ်ကအထောက်အပံ့ရပါသလဲ။

ဖြေ - မိုးကုတ်က CSO (လူထုအခြေပြုအဖွဲ့) တွေကပဲ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ရှာပေးမှာပါ။ အခု လောလောဆယ်မှာ ဘတ်ဂျက်အတွက် အခက်အခဲရှိနေပါတယ်။ ၈၈ အဖွဲ့က ဘက်ဂျက်ပေးမယ်လို့ မပြောပါဘူး။

မေး - NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ဖြစ်ပုံကို ရှင်းပြပေးပါဦး။

ဖြေ - မိုးကုတ်မြို့က ဒေသခံပြည်သူတွေ နဲ့ CSO အဖွဲ့အစည်းတွေက သူတို့မြို့မှာ အရွေးအချယ်ခံဖို့ NLD မှာ လျှောက်ပေးတာပါ။ NLD က မရွေးချယ်တဲ့အချိန်မှာ ဘယ်လိုတုန့်ပြန်ရမလဲမသိဘူး ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီး တည့်မတ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ဘယ်လိုတုန့်ပြန်ရမလဲ ဆိုပြီး စဉ်းစားခဲ့ကြတော့ မိုးကုတ်မြို့နယ် (မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃)က ဝင်ပြိုင်ဖို့အတွက် စီစဉ်ခဲ့ကြတယ်။

မေး - လာမယ့်ရွေးကောက်ပွဲက တရားမျှတမယ်လို့ ထင်လား။

ဖြေ - ၁ဝဝ ရာခိုင်နှုန်း တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ဘယ်နိုင်ငံမှာမှ မတွေ့ရပါဘူး၊ အနည်းငယ်ကတော့ ပဋိက္ခဖြစ်ကြတာပဲပေါ့။ အစိုးရအနေနဲ့ ဒီအပေါ်မှာ အများကြီး ဆောင်ရွက်ထားတာ ရှိလိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးအရ သူတို့လက်ထဲမှာရှိရမယ့် နယ်မြေတွေ၊ စီးပွားရေးအရ သူတို့ ပိုင်ကိုပိုင်ရမယ့် နယ်မြေမျိုးတွေ၊ အဲဒါမျိုးတွေက သူတို့ နိုင်ကိုနိုင်ရမယ်၊ ဒါတွေက အခုကတည်းက တွက်လို့ရပါတယ်။ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ဝင်ရောက်မယ့် နေရာတွေက လုံးဝ ကျရှုံးလို့မရတဲ့ နယ်မြေတွေပါ။ ဒုတိယက စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းသင်းဆက်ဆံပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ စစ်ခရိုနီတွေ၊ ဒါတွေကလည်း ဒုတိယ ကျဆုံးလို့မရတဲ့နယ်တွေပါ။ တတိယက နယ်စပ် တစ်လျှောက်နယ်မြေတွေ၊ စီးပွားရေးအရ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကလည်း သူတို့လက်အောက်ခံ ဖြစ်နေဦးမှာပဲ။ ကျန်တဲ့ နယ်မြေတွေကို NLD ကို ပေးမယ်၊ တိုင်းရင်းသားပါတီတွေကို ပေးမယ်၊ မျှပြီးတော့ ပေးမယ်။ ဒါတွေက သူတို့ အတိအကျ ထွက်ထားပြီးသား ရှိလိမ့်မယ်လို့ကို ယူဆပါတယ်။ နိုင်ငံတကာကလည်း စစ်အာဏာရှင် အခင်းအကျင်းရှိတဲ့ ရွေးကောက်ပွဲမျိုးကိုတော့ တရားမမျှတတဲ့ရွေးကောက်ပွဲကြီးပါလို့ စွပ်စွဲမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲလိုမျိုး ပြောမှာ မဟုတ်ပါဘူး။ ဒီအစိုးရကလည်း အဲဒီလိုပြောခံရလောက်အောင် မလှမပတဲ့ အကွက်မျိုးတွေကို ဆွဲမှာ မဟုတ်ပါဘူး။ မလှမပနဲ့ ထွက်လာတဲ့ ပန်းချီကားချပ်ကို အစိုးရအနေနဲ့ နိုင်ငံတကာကို ချပြမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲ တွက်ပါတယ်။

မေး - ဒီအစိုးရ လက်ထက်မှာ အလုပ်သမားအရေး ဆန္ဒပြမှုတွေ ပိုများလာတာ ဘာကြောင့်ဖြစ်မလဲ။ ၈၈ အဖွဲ့ အလုပ်သမားရေးရာတာဝန်ခံ အနေနဲ့ သုံးသပ်ပေးပါ။

ဖြေ - လစာနှုန်းထားတိုးဖို့၊ အလုပ်သမားအခွင့်အရေးရဖို့ နှစ်မျိုးတောင်း ဆိုပါတယ်။ လစာနှုန်းထား တိုးဖို့ကိစ္စက အလုပ်ရှင်နဲ့ ညှိုနှိုင်းရတာ အဆင်ပြေတယ်။ အလုပ်သမားရေးရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းတဲ့အခါတော့ အလုပ်ရှင်ကိုတိုင်ရင် ကြောက်ရွံ့ထိတ်လန့်တာကို တွေ့ရတယ်။ သမဂ္ဂဖွဲ့တယ်ဆိုရင်လည်း အလုပ်ရှင်က ငါ့ကိုပြန်ချမယ့်အဖွဲ့လား ဆိုပြီး စိုးရိမ်ပူပန်ကြတယ်။ အလုပ်သမားတွေကိုလည်း လိုက်ပြီးစည်းရုံးနေတယ်။ အလုပ်သမားတွေက လည်း အရင်က ၁ဝ နာရီ အလုပ်လုပ်လျက်သားနဲ့ အခုကျတော့ ၈ နာရီပဲလုပ်တော့မယ်ဆိုပြီး ဖြစ်လာတယ်။ ကျွန်တော်ကိုယ်တိုင် အလုပ်ရှင်၊ အလုပ်သမားကြားမှာနေပြီး အဲဒီလိုပြဿနာမျိုးတွေ ပြေလည်အောင် လုပ်ခဲ့ဖူးပါတယ်။ အောင်မြင်တာ များပါတယ်။ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ ပြဿနာဖြစ်တာ တကယ်ရော အလုပ်သမားရေးရာပဋိပက္ခဟုတ်ရဲ့လားလို့ တွေးမိလာတယ်။ တစ်ရက်လုပ်အားခ ၄,ဝဝဝ တောင်းတယ် ဆိုပါစို့၊ အလုပ်ရှင်က ဘာပြောလဲ ဆိုတော့ စက်မှုဇုန်ဖြစ်တဲ့အတွက်ကြောင့် မြေဈေး ပိုပေးပြီးဝယ်ရတယ် တဲ့။ စက်ရုံဆောက်မယ်ဆိုရင်လည်း ပြီးစလွယ်ဆောက်လို့ မရဘူး၊ ရေဆိုးထုတ်တာက အစ အကုန်လုံးကို စနစ်တကျဆောက်မှ၊ အရည်အသွေးပြည့်ဝတဲ့ ဆောက်လုပ် ရေး ကုမ္ပဏီတွေကို ငှားမှ ရမယ်၊ ပိုက်ဆံပိုပေးရမယ်၊ အစိုးရက စက်မှုဇုံကို မီးမှန်အောင် လုပ်ပေးမယ်ဆိုရင် မီးစက်မောင်းဖို့ ဆီဖိုး မကုန်တော့တဲ့အတွက် အလုပ်သမားတွေကို လစာတိုးပေးနိုင်ပါတယ်လို့ ပြောပါတယ်။ ဒါက အလယ် လတ်တန်းစား စက်ရုံလုပ်ငန်းရှင်တွေက ပြောတာပါ။ သာမန်စက်ရုံတောင် မီးစက်မောင်းဖို့ ဆီဖိုး တစ်လ သိန်း ၁၅ဝ နဲ့ ၂ဝဝ လောက် ကုန်ကြပါတယ်၊ ဒါက ဥပမာတစ်ခု။ တခြားအကြောင်းအချက်တွေလည်း အများကြီးရှိပါသေးတယ်။ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေ ဖြစ်ရတာက အစိုးရရဲ့ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်တွေ ချမှတ်တဲ့အခါမှာ လွဲမှားခဲ့၊ ငွေကြေးဆိုင်ရာကိစ္စရပ်တွေ ချမှတ်တဲ့အခါမှာလည်း လွဲမှားခဲ့၊ မြေယာစနစ်ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေအပေါ်မှာလည်း လွဲမှားခဲ့တာတွေကြောင့်ပါ။

မေး - ဦးအောင်သူရဲ့ မိသားစုအကြောင်း ပြောပြပေးပါဦး။

ဖြေ - အဖေက ဦးဘိုးအောင်၊ အမေနာမည်က ဒေါ်ခင်ကြည်ကြည်။ အဖေက ဂျပန်ခေတ်တုန်းက မင်္ဂလာဒုံက ဗိုလ်သင်တန်း အမှတ်စဉ်(၂)ကပါ။ (ဦး)စိန်လွင်၊ (ဦး)စန်းယု တို့နဲ့ တစ်ပတ်စဉ်ထဲပါ။ လွတ်လပ်ရေးပြီးတော့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေ လိုတယ်။ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့အတွက်ဆိုပြီး အင်္ဂလန်မှာ ရဲနဲ့ ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ရပါတယ်။ မြန်မာပြည်ကို ပြန်ရောက်တော့ မန္တလေးမှာရှိတဲ့ ရဲသိပ္ပံကျောင်းမှာ ကျောင်းအုပ် လုပ်ပါတယ်။ အဲဒီကျောင်းက မြန်မာနိုင်ငံ က ရဲတွေကို မွေးထုတ်ပေးတဲ့ကျောင်းပါ။ နောက်ပိုင်း (ဦး)စိန်လွင်၊ (ဦး)စန်းယုတို့နဲ့ အမြင်ကွဲလွဲပြီး အလုပ်ထွက်လိုက်ပါတယ်။ အပြင်မှာ ရှေ့နေလုပ်ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းတုန်း က ဗဟိုကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ကျတော့ အဖေရော ကျွန်တော်ရော ထောင် အတူတူကျပါတယ်။ ၁၉၉၄ မှာ အဖေ ပြန်လွတ်လာပါတယ်။ အဖေ ပြန်လွတ်လာတော့ (အစိုးရက) ရှေ့နေလိုင်စင် ပြန်မချပေးတော့ပါဘူး။ အမေက ကမာရွတ် အထက ၅ ကျောင်းအုပ်ဘဝနဲ့ နေပြီး အသက် ၉၅ နှစ်ကျမှ ဆုံးသွားတာပါ။ ကျွန်တော်က အိမ်ထောင် ကွဲသွားပေမယ့် သမီးတစ်ယောက်တော့ ရှိပါတယ်။ ။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading