"တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း အနှောင့်အယှက်ဖြစ်တယ်"

မြစ်ကြီးနား – ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ၂ဝဝ၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သည့် လူသိများသော ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကျင်းပသည့် အမျိုးသားညီလာခံသို့ တက်ရောက်သော KIO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

အသက် ၇ဝ အရွယ် ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့ KIO တွင် ၃၄နှစ် တာဝန်ထမ်းခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ ပါတီတည်ထောင်ရေး ကြိုးပမ်းသော်လည်း KIO နှင့် ဆက်နွယ်ခဲ့သောသူ့ကို တပ်မတော်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခြင်းမရှိပေ။

၂ဝ၁၅ တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တည်ထောင်ကာ မဲဆန္ဒနယ် ၅၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄ နေရာ နိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြည်နယ်လွှတ်တော်အတွက် မြစ်ကြီးနားတွင် ယှဉ်ပြိုင်ရာ အရွေးခံရခြင်း မရှိပါ။

ဤရွေးကောက်ပွဲ၏ရလဒ်က တိုင်းရင်းသားပါတီများအပေါ် မည်သို့သက်ရောက်မည်၊ ငြိမ်းချမ်းရေးလမ်းစဉ်၏ အနာဂတ်၊ ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း စသည့် အကြောင်းအရာတို့ကို ဒေါက်တာတူးဂျာ၏ မြစ်ကြီးနားနေအိမ်တွင် Myanmar Now သတင်းဌာန၏သတင်းထောက်ချုပ် သင်းလဲ့ဝင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - နိုဝင်ဘာလ ရွေးကောက်ပွဲရဲ့ရလဒ်ကို ဒေါက်တာတူးဂျာ ဘယ်လိုသုံးသပ်မိသလဲ။

ဖြေ - တစ်နိုင်ငံလုံး အတိုင်းအတာဆောင်ပြီးတော့ အပြောင်းအလဲလုပ်ပေးနိုင်မယ့်ပါတီ ရွေးတဲ့အခါ ဒေါင်းပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲရှိတယ်။ အဲဒါကို အားလုံးကဝိုင်းပြီးတော့ မဲပေးလိုက်ကြတာပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ်ကို ဦးတည်နေတာ၊ အခု သမ္မတရဲ့လွတ်လပ်ရေးနေ့မိန့်ခွန်းမှာလည်း ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း ပါတယ်။ ဘယ်လိုပုံစံဖက်ဒရယ်လဲ ဆိုတာပဲ ရှိတယ်။ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်အောက်မှာ ဘာရှိလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးတွေ ရှိတာပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားမယ်ဆိုရင် ပြည်နယ်သားတွေက မိမိပြည်နယ်ကို ဦးစီးရမှာပေါ့နော်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ငြိမ်းချမ်းရေးက ပထမဦးစားပေးပေါ့၊ ပြီးလို့ရှိရင် ဖက်ဒရယ်။ အခုသူက အာဏာကို သိမ်းကျုံးပြီး ယူထားတဲ့နောက် အသားကျလာတဲ့အခါ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ကို ခွဲဝေဖို့ သူလက်ခံသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါ့ကြောင့် လေးငါးနှစ်ကတော့ အသွင်ကူးပြောင်းရေးပုံစံနဲ့ပဲ သွားရမှာပေါ့။

NLD ကို ကျွန်တော်တို့က နေရာပေးပါတယ်။ NLD ကလည်း နားလည်ဖို့က အစိုးရ ဖွဲ့ပြီး လုပ်ဆောင်တဲ့အခါ ပြည်နယ်ပါတီတွေ၊ ပြည်နယ်သားတွေထဲက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မထားရဘူး။ NLD ဦးဆောင်ပြီးတော့မှ တောင့်တင်းခိုင်မာတဲ့ အရည်အချင်းရှိတဲ့ အစိုးရဖွဲ့စည်းဖို့၊ ဒါ အဓိကပဲ။

မေး - ကချင်ခေါင်းဆောင်တွေအနေနဲ့ NLD နဲ့ရော အဆက်အသွယ် ရှိလား။ ဆွေးနွေးဖို့ ပြင်ဆင်ထားတာ ရှိလား။

ဖြေ - သူတို့က အလုပ်အရမ်းများနေတယ်။ သူတို့လည်း ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပေါ့နော်၊ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်၊ အစိုးရဖွဲ့တဲ့နေရာမှာလည်း အခြားပါတီ တွေကိုလည်း ထည့်သွားဖို့ရှိတယ်ဆိုတာ ပြောနေပါတယ်။ လက်တွေ့မှာတော့ တွေ့ဆုံတာ မရှိသေးဘူး။ ရွေးကောက်ပွဲရလဒ် အနေအထားအရဆိုရင် လွှတ်တော်တွေကို တိုင်းရင်းသားကိုယ်စားလှယ် ရောက်တာ အရမ်းနည်းတယ်။ NLD ကနေ ရောက်သွားတဲ့ တိုင်းရင်းသားကိုယ်စားလှယ် ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီက ပုဂ္ဂိုလ်မျိုးကို လွှတ်တော်ထဲ များများ ရောက်စေချင်တယ်။ ရခိုင်နဲ့ ရှမ်းကလွဲရင် ကျန်တာကတော့ တော်တော်အားနည်းတယ်။ တိုင်းရင်းသား အရေးကို အမှန်တကယ် ဆွေးနွေးတဲ့အခါ အားနည်းချက်တွေ အများကြီး ရှိနိုင်တယ်။ တိုင်းရင်းသားအရေးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ အရေးတစ်ခု။ တိုင်းရင်းသားအရေးကို တကယ် ထိထိရောက်ရောက် တိုင်ပင်ဆွေးနွေး အဖြေရှာနိုင်မှ ငြိမ်းချမ်းရေးရနိုင်မှာ။

မေး - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကရော ဘယ်လောက် အရေးကြီးပါသလဲရှင့်။

ဖြေ - ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ပညာရှင်တွေ ပါတယ်ဆိုတော့ တချို့က တင်စားပြီးခေါ်တာက ဒါက ဒုတိယ ပင်လုံညီ လာခံပေါ့။ အခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက NCA (တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်) လက်မှတ်ထိုးတာ ၈ ဖွဲ့ပဲရှိတယ်။ အခု ၁၃ ဖွဲ့လောက် ကျန်သေးတယ်။ အဲဒီ ၁၃ ဖွဲ့က NLD အစိုးရ နဲ့ တွေ့ဆုံဆွေးနွေး ပြီးNCA ကို လက်မှတ်ထိုးပြီးတော့မှ ညီလာခံတက်ရမှာ။ တိုင်းရင်းသား အားလုံး တက်သင့်တက်ထိုက်တဲ့၊ ပါသင့်ပါ ထိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ပါဝင်တက်ရောက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ အသက်ရှင်အောင်မြင်လာ ပြီဆိုရင် အားလုံး ပြေလည်သွားမယ်။

မေး - ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက တော်တော်လေးများတော့ မဲတွေကွဲတာကြောင့် ရှုံးတာလား။ NLD နဲ့ ပြည်ခိုင်ဖြိုး နှစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ မဲပေးတဲ့ဟာမျိုး ဖြစ်သွားတာလား။

ဖြေ - ဒါလည်းမှန်တယ်။ ရခိုင်၊ ရှမ်း၊ ပအို့်ဝ်၊ ပလောင်တို့နဲ့ မတူတာက ကချင်မှာ ပါတီကွဲတာလည်း ပါတယ်။ နောက် ဘာသာကွဲတာလည်း ပါတယ်။ တချို့က ဘက်လိုက်တယ်၊ ကိုယ့်ဘာသာမှ။ ပါတီကွဲ၊ ဘာသာကွဲ ခေါင်းထဲမစွဲပါနဲ့၊ ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်းပြည့်သူတွေထည့်ပါလို့ ကျွန်တော် ဘယ်လောက်ပဲ ဟောပြော ဟောပြော၊ ဘယ်လောက်ပဲ ပညာပေး၊ ပညာပေး တချို့က လက်မခံဘူး၊ မရဘူး။ ၂ဝ၂ဝ မှာ ဒီဟာ ပြင်ရမယ်။ (ကချင်) ပါတီတွေလည်း စုစည်းနိုင်ဖို့လိုတယ်။ ဘာသာ(ရေး) ဘက်မလိုက်အောင်လည်း ပြောရမယ်။

မေး - ၂ဝ၁၅ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ ဘယ်လိုကွဲပြားသလဲ။ ၂ဝ၁ဝ တုန်းက ဒေါက်တာတူးဂျာတို့ ပါတီထောင်ဖို့ မှတ်ပုံတင်ခွင့် မရခဲ့ဘူးနော်။

ဖြေ - KIO က နယ်ခြားစောင့်တပ် (အသွင်ပြောင်းဖွဲ့စည်းရေး) လက်ခံရင် (ပါတီမှတ်ပုံတင်ခွင့်) ပေးမယ်လို့ပြောတယ်။ ပေးရင်တော့ ကျွန်တော်တို့က နိုင်ပြီးသား။ (ယခင် စစ်အစိုးရမှာ) မမြင်သာတဲ့ အကြောင်းပြချက်က ဘာလဲဆိုရင် ကျွန်တော်တို့က အားလုံးသိမ်းကျုံးပြီးယူသွားမှာ စိုးတာ။ မြင်သာတဲ့အကြောင်းပြချက်ကတော့ နယ်ခြားစောင့်တပ်ပေါ့။

မေး - ၂ဝ၁၅ မှာ ဘာကြောင့် ပြောင်းသွားတယ်လို့ ထင်ပါသလဲ။

ဖြေ - ပြည်ခိုင်ဖြိုးက၂ဝ၁ဝ မှာ နိုင်သွားပြီလေ။ ဦးဆောင်ပါတီလည်း လုပ်ပြီလေ။ နောက်ပြီး ဒီမိုကရေစီကလည်း ပျံ့နှံ့လာတာပေါ့၊ သမ္မတ ဦးသိန်းစိန်ကလည်း ဒီမိုကရေစီအခွင့်အရေးကို ပိုပြီး ပေးလာတာပေါ့။ ပါတီစုံအဆင့်မှာ စည်းမျဉ်းစည်းကမ်း အားလုံးလိုက်နာရင်၊ အဲဒီအချက်အလက်နဲ့ ပြည့်စုံရင် မှတ်ပုံတင်ပေးတာပဲ။ နယ်ခြားစောင့်တပ် ဘာညာ မပြောတော့ဘူး။ ကျွန်တော်တို့က သူတို့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်တဲ့အခါကျတော့ မပေးလို့ မရတော့ဘူး။

မေး - ကချင်ပြည်နယ်အတွက် အကြီးမားဆုံးသော အခက်အခဲတွေက ဘာတွေလို့ပြောမလဲရှင့်။

ဖြေ - အခက်အခဲကတော့ တိုက်ပွဲပါပဲ။ ဒီ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း အနှောင့်အယှက်ဖြစ်တယ်။ နောက် IDP ကလည်း များလာတယ်။ IDP တွေကို သူ့နေရာပြန်ပို့ဖို့ကလည်း တိုက်ပွဲကြောင့် အခက်အခဲရှိတယ်။ ဒေသတည်ငြိမ်ရေး မရှိတော့ ဘာပဲလုပ်လုပ် သိပ်မအောင်မြင်နိုင်ဘူး။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ဖို့ အဓိကပါပဲ။ တိုက်ပွဲတွေ ရပ်ရမယ်။

မေး - တိုက်ပွဲတွေ မရပ်ဘူး၊ NCA မှာ KIO လက်မှတ်မထိုးဘူး ဆိုတဲ့အတွက် KIO က အလျှော့အတင်း မလုပ်လိုတဲ့သဘော ဝေဖန်ခံရတာကို ဘယ်လို သုံးသပ်သဲ။

ဖြေ - လက်မှတ်ထိုးရေးကို အခိုင်အမာလုပ်ဖို့က (၂၀၁၅) စက်တင်ဘာ ၉ နေပြည်တော်မှာ တွေ့တဲ့ နေရာမှာ သမ္မတနဲ့ တပ်ချုပ်တော့ ပါရမှာပေါ့။ ပြီးတော့ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့) ဥက္ကဋ္ဌတွေ မလာနိုင်လည်း ဒုဥက္ကဋ္ဌပေါ့။ တစ်အချက် အစာမကြေဖြစ်သွားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရီးထွက်သွားတယ်။ အဲဒါလည်း နောက်ပိုင်းမှာ ဦးအောင်မင်းတို့ပဲ ပြန်ရှင်းတာက တပ်ချုပ် ခရီးစဉ်က စီစဉ်ပြီးသားဖြစ်သွားတယ် လို့ အကြောင်းပြတယ်။ ဟိုဘက်က ခံစားမှုကတော့ သူတို့ကို မကြိုဆိုတဲ့ သဘောပေါ့။ တပ်က မပါတဲ့သဘော ဖြစ်သွားတာပေါ့။ နောက်တစ်ချက်က တိုင်းရင်းသားဘက်ကတော့ (အဖွဲ့) ကြီးတာသေးတာ မခွဲခြားနဲ့၊ အဖွဲ့အားလုံး တပြိုင်နက် လက်မှတ်ထိုးမယ်။ ဒီဘက်ကကျတော့ အကြီးတွေပဲ လက်မှတ်ထိုးမှာ၊ အသေးတွေ ချန်ထားမယ်။ ဒါ ဒုတိယ ကွဲလွဲချက်ပေါ့။ တတိယကတော့ တိုက်ပွဲကို ရပ်ပါ ဆိုပြီးတော့ ဟိုဘက်ကတောင်းတယ်၊ ဒီဘက်က မရပ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ ဘယ်သူ့ကိုမှ အပြစ်တင်ပြီး ပြောတာမဟုတ်ဘူး။ တစ်နေ့နေ့ အားလုံးပါဝင်လာနိုင်တဲ့ အနေအထား ရောက်လာရင် သူတို့ထိုးမှာပေါ့။ ဒေါ်စုလက်ထက်ကျရင် အားလုံး လက်မှတ်ရေးထိုးနိုင်အောင် ဖိတ်ခေါ်ဆွေးနွေးမှာပါ။

မေး - ၂ဝ၁၁ ကချင်ဒေသမှာ စစ်ပွဲပြန်ဖြစ်တယ်ဆိုတာ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေလို့လား။

ဖြေ - KIO က ၁၉၉၄ မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတာ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်သွားမယ်ဆိုတဲ့ အာမခံချက်နဲ့။ တပ်မတော်အစိုးရကလည်း ဒါကို လက်ခံပေမဲ့ နောက်ပိုင်းကျတော့ အရပ်သားအစိုးရ တက်လာတဲ့ အခါမှ ဆွေးနွေးမယ်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်မပေးဘူး။ ဒါနဲ့ အချိန်က ၁၇ နှစ်လောက် ကြာသွားတယ်။ ဘယ်လိုအခြေအနေမျိုး ပြန်ပေါက်လာသလဲဆိုရင် နယ်ခြားစောင့်တပ်ပေါ့။ KIO က နိုင်ငံရေးအဖြေရအောင် အရင်ဆွေးနွေး မယ်၊ အစိုးရဘက်ကျတော့ တပ် အသွင်ကူးပြောင်းရေးကို အဓိကထားတယ်။ အဲဒါနဲ့ သဘောထားကွဲလွဲသွားတယ်။ နောက်ဆုံးတော့ ၂ဝ၁၁ မှာ တိုက်ပွဲပြန်စတာပေါ့။

မေး - နှစ်ဖက်ယုံကြည်မှု ပိုပြီးတော့ မြင့်တက်လာအောင် ဘာတွေလုပ်ဖို့ လိုသလဲ။

ဖြေ - ပထမက သမ္မတကြီးက နယ်မြေအလိုက်ပေါ့နော် သီးခြား ဆွေးနွေးမယ်ပေါ့၊ ဟိုဘက်ကကျတော့ တပ်ပေါင်းစုနဲ့မှ ဆွေးနွေးမယ်။ နောက်ဆုံး အစိုးရက လက်ခံလိုက်တယ်။ အဲဒီမှာ ယုံကြည်မှု စပြီးတော့ ရသွားတာက သမ္မတကြီးက သူ့ရဲ့ပေါ်လစီက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ဥစ္စာ၊ ဒါကို လက်ခံလိုက်တယ်။ အရင် ဘယ်အစိုးရကမှ လက်မခံဘူး။ အဲဒါကတော့ ပထမအဆင့် ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောလို့ရတယ်။ အချင်းချင်း ယုံကြည်မှုက ပိုပြီး များလာတာပေါ့။ နီးတော့မှ ဒီအကြောင်းတွေကြောင့် လက်မှတ်မထိုးဖြစ်ဘူး။ အိမ်ဆောက်ပြီး အိမ်သစ်တက်ဖို့ လိုတော့မှ ပြန်ဖြိုချလိုက်သလို ဖြစ်တယ်၊ ဟိုဘက်ကလည်း မလျှော့၊ ဒီဘက်ကလည်းမလျှော့နဲ့၊ ဒါ သင်ခန်းစာယူရမှာ။ အစိုးရကလည်း တော်တော်လေး ကြိုးစားလုပ်နေတယ်၊ သူ အာဏာမလွှဲခင်ပေါ့နော်။ NLD နဲ့လည်း နားလည်မှု ယူပါတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့အပိုင်းမှာတော့ အခြေအနေ ကောင်းလာဖို့ ရှိပါတယ်။ ယုံကြည်မှုလည်း ပိုပြီးတော့ တည်ဆောက်လာနိုင်ဖို့ ရှိပါတယ်။

မေး - ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းတယ် ဆိုတဲ့ အချက်ကို ဘယ်လိုမြင်လဲ။

ဖြေ - ပါရမှာပဲ။ ကျွန်တော်တို့ပါတီက အမျိုးသမီးကို ဦးစားပေးတယ်။ အမျိုးသမီးကို နှိမ်ထားတာတော့ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုမှ စလာတာဖြစ်တော့ အမျိုးသမီးတွေ ကိုယ်နှိုက်က စိတ်ဝင်စားမှု လျော့တာလား၊ အရည်အချင်းပိုင်းမှာ အားနည်းတာလားပေါ့။ ပါဝင်မှုက တစ်နေ့တခြား ပိုပြီးတော့ များလာပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာရော၊ လွှတ်တော်မှာရော ပါရမယ်။ အမျိုးသမီးတွေက မူဘောင်ဆွဲတဲ့အခါမှာ ၃ဝ ရာခိုင်နှုန်းပေးပါလို့ ပြောတယ်။ ကျွန်တော်ကတောင် ပြောလိုက်သေးတယ်၊ အနည်းဆုံး ၃ဝ ဆိုရင် ပိုကောင်းတယ်လို့၊ မဟုတ်ရင် ၃ဝ ထက် မကျော်ရဘူးလို့ ထင်သွားနိုင်တယ်။

မေး - သယံဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်က တော်တော်လေး ဆိုးဆိုးရွား ရွားခံနေရတယ်။ ဒါကို ဘယ်လိုလုပ်သင့်သလဲ။

ဖြေ - သယံဇာတ ခွဲဝေရေး၊ အာဏာခွဲဝေရေးက အင်မတန် အရေးကြီးတယ်လေ။ ဒီမှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာက အဓိကပဲ။ အခုကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ပဲ။ တရားဥပဒေ စိုးမိုးရေး အားနည်းတဲ့ အခါကျတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ။ ကချင်ပြည်နယ်က သယံဇာတတွေရဲ့ပိုင်ရှင်တွေက ပြည်သူတွေပါ။ ပြည်သူတွေ အကျိုးမခံစားရဘဲနဲ့ ကိုယ်ကျိုးသမားတွေက အာဏာပိုင်တွေနဲ့ လုပ်စားပြီးတော့မှ ကုန်ခါနီးနေပြီ။ ကချင်ပြည်နယ်က ပြည်နယ်ကတော့ ချမ်းသာတယ်၊ ပြည်သူတွေ ဆင်းရဲတယ်။ ဒါကဘာလဲဆိုရင် စနစ်က မကောင်းလို့ပဲ။

မေး။ ။ ကချင်ဒေသအပါအဝင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက် အချိန်ယူရဦးမယ်လို့ ယူဆသလဲ။

ဖြေ။ ။ မြန်မြန်ဆန်ဆန် ဖြစ်မယ်လို့ မထင်ဘူး။ အနိမ့်ဆုံး ငါးနှစ်ဆယ်နှစ်ပေါ့။ အခု (ငြိမ်းချမ်းရေး) ညီလာခံတောင်မှ လေးနှစ်ငါးနှစ်ကြာမှ အဖြေက ထွက်တာ။ သတ်မှတ်ထားတဲ့အတိုင်း ဆိုရင် လေးလ တစ်ကြိမ် ဆိုတော့ ခေါင်းစဉ်တွေ အများကြီးပေါ့။ ၂ဝ၂ဝ မှာတောင်မှ ရချင်မှရမှာ။ ပထမတော့ ငါးနှစ်၊ ဆယ်နှစ်ကြာမယ်လို့ပြောရင် အချိန်ဆွဲတယ်လို့ ထင်တာ။ ဆန္ဒစောတယ်လေ။ ဒါပေမဲ့ အခုကြည့်တော့ ဒီလိုပါပဲ။ ကျွန်တော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော် သွားဖို့လိုတယ်။ အဲဒီ ပါတီစုံက အပြုသဘောဆောင်ဖို့ လိုတယ်။ အဖျက်သဘောဆောင်ရင် တိုင်းပြည်ပျက်မှာပဲ။ ကိုယ်နဲ့ ပါတီမတူ ကိုယ့်ရန်သူလို့ သဘောမထားရဘူး။ အပြုသဘောနဲ့ပဲ သွားကြမယ် ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်ဟာ မအေးချမ်းစရာ အကြောင်းမရှိဘူး။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading