"တံဆိပ်တွေကို ကြည့်နေရမယ့် အချိန်အခါ မဟုတ်ဘူး"

ဦးခိုင်မောင်ရည်
ဦးခိုင်မောင်ရည်

ရန်ကုန် – ပါတီကိုမကြည့်ဘဲ လူကိုကြည့်ကြရမယ့်အချိန်ရောက်ပြီလို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ ကနေ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) က ဦးခိုင်မောင်ရည်က ပြောလိုက်ပါတယ်။ ၂ဝ၁၁-၂ဝ၁၅ ကာလမှာတော့ သူက အလုံမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ မကြာသေးခင်က ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ် မေးမြန်းစဉ်မှာ သူက လက်ရှိလွှတ်တော် အနေအထား၊ နိုင်ငံရေး အခင်းအကျင်း၊ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရွေးကောက်ပွဲတွေအကြောင်း ပြောပြထားပါတယ်။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာလဲ။

ဖြေ။ ။ ပထမတော့ ဝင်ပြိုင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူ့အစိုးရတရပ်ပေါ်လာပြီ။ အဲ့ဒီ အစိုးရကလည်း အနိုင်ရပါတီကနေ တည်ဆောက်ထားတဲ့အတွက် ပြည်သူ့လိုလားချက်တွေ ပီပီပြင်ပြင်နဲ့ အကောင်အထည်ဖော်သွားလိမ့်မယ်၊ တိုးတက်လာမယ့် နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုတာကို မျှော်မှန်းပြီး ဒီကြားဖြတ်ရွေးကောက် ပွဲမှာ တခြားပါတီတွေ ဝင်စရာမလိုဘူးလို့ သုံးသပ်ခဲ့တာ။ ဒါပေမယ့် ထင်ထားတဲ့ပုံစံမျိုး မဖြစ်တဲ့အပြင် အစိုးရနဲ့လွှတ်တော်ညှိပြီးလုပ်တယ်ဆိုတဲ့ ပုံသဏ္ဌာန်တွေ မြင်တွေ့ ကြားနေရတယ်။ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းဖို့ဆိုတဲ့ကဏ္ဍ ပျောက်သလောက်ဖြစ်လာတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကို အစိုးရနဲ့ လွှတ်တော်တို့က ထိန်းကျောင်းဖို့ဆိုတာ ခက်ခဲနေတယ်။ အစိုးရကို လွှတ်တော်က ပြန်ထိန်းကျောင်းရမယ့်ကဏ္ဍပါ ပျောက်တော့မယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့က တုံ့နှေး ခက်ခဲလာလိမ့်မယ်။ ဒါတွေက အားရမှု မရှိတော့ တခြားပါတီက အသံမတူတဲ့ ပြည်သူ့အကျိုးကို ရှေ့ရှုမယ်သူတွေ အများကြီး လိုအပ်တာ တွေ့မြင်ရတယ်။ အဲ့ဒီဟာကို ဖြည့်ဆည်းပေးဖို့ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကိုချစ်တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။ ပါတီ မရှိတောင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖု့ိတောင် လိုအပ်တယ်။ ဒါမှ လွှတ်တော်ထဲမှာ အများကြီး စုံညီနေမယ်။ ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် လစ်လပ်နေရာက ၉ နေရာပဲ ရှိတယ်။ ဒီလို ရှားရှား ပါးပါး နေရာလေးအတွက် တခြားပါတီတွေဟာ အင်တိုက်အားတိုက်နဲ့ ဝင်ပြိုင်ပြီး လွှတ်တော်မှာ ပြည်သူ့အတွက် ရယူသင့်တယ်လို့ မြင်တယ်။

မေး။ ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို မဲပုံပေးခဲ့ကြတယ်။ အခုလည်း ပြည်သူတွေရဲ့ဆန္ဒက NLD အပေါ် တိမ်းညွှတ်နေဦးမယ်လို့ ယူဆသလား။

ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ လစ်လပ်နေရာ ၅ နေရာပါ။ ရန်ကုန်ပြည်သူတွေကလည်း နိုင်ငံရေး ရေချိန်မြင့်တဲ့သူတွေပါ။ NLD ကို တိမ်းညွှတ်နေသူတွေလည်း ရှိနိုင်ပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို စိတ်ပျက်နေသူတွေလည်း အများကြီးရှိပါတယ်။ လူကို မကြည့်ဘဲ ပါတီကို မဲပေးတယ်လို့ ပြောခဲ့သူတွေဟာ အခုဆို ငါတို့ လူကိုကြည့်ဖို့ လိုအပ်နေပြီလို့ ယူဆမယ်ဆိုတာကို တစ်ထစ်ချယုံကြည်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ ပါတီကိုမကြည့်ဘဲ လူကိုကြည့်ပြီး မဲပေးကြမယ်လို့ ကျွန်တော်တို့ ယူဆလို့ ဝင်ပြိုင်တာပါ။

မေး။ ။ NLD ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုပေးနေတဲ့ပါတီဖြစ်တယ်လို့ အများက ယူဆထားကြတော့ ဒီပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ လွယ်ပါ့မလား။

ဖြေ။ ။ ပြည်သူဆိုတာက မိမိတို့ရဲ့ စားဝတ်နေရေးအောက်မှာ နိစ္စဒူဝ ရုန်းကန် လှုပ်ရှားနေကြရတာပါ။ စစ်အစိုးရဖိနှိပ်နေတုန်းက နိုင်ငံရေးလုပ်ကြသူတွေကို အားပေးကြသူတွေရှိသလို တိုင်းပြည်မှာ ဘာတွေပဲဖြစ်ဖြစ် မိမိစားဝတ်နေရေးကိုပဲ ဦးစားပေးတာတွေလည်း ရှိပါတယ်။ ၂ဝဝ၇ ခုနှစ် သံဃအရေးအခင်းဖြစ်တာကိုတောင် မသိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ်၊ တက်လာတဲ့အစိုးရ ငါတို့အစိုးရပဲလို့ ယူဆတဲ့သူတွေ အများကြီး ရှိတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLD ဘက်မှာ တိမ်းညွှတ်နေတာတော့ မဟုတ်နိုင်ပါဘူး။

မေး။ ။ NLD နဲ့ NDF ပါတီနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ပြည်သူတွေက ဘယ်ဟာကိုရွေးချယ်လိမ့်မယ်လို့ ယူဆလဲ။

ဖြေ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တံဆိပ်တွေက အရေးမကြီးဘဲနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းရှိမှုတွေက ပိုအဓိကကျလိမ့်မယ်လို့ မျှော်လင့်တယ်။ တံဆိပ်တွေကိုကြည့်နေရမယ့်အချိန်အခါ မဟုတ်ဘူးလို့ ပြောရမယ်။ NLD က ဘာ့ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲကို ဝင်တာလဲလို့ ပြည်သူက မေးရမှာဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ တုန်းက အစိုးရဖွဲ့ချင်လို့ပါ၊ တိုင်းပြည်ရဲ့ ပြည်သူ့အာဏာရချင်လို့ပါလို့ ပြောခဲ့တယ်၊ အခု အစိုးရလည်း ဖွဲ့လို့ အုပ်ချုပ်ရေးအာဏာရနေပါပြီ၊ လွှတ်တော်မှာလည်း အခုထိ မဲအများဆုံးပါပဲ။ အခုကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်ထောင်စုအဆင့်မှာ ၁ဝ ဦးတောင် မပြည့်ပါဘူး။ အခု လွှတ်တော်ထဲကို လူ ၉ဝ လောက် တခြားပါတီကလူတွေ ထည့်လိုက်ရင်လည်း NLD ရဲ့ လွှတ်တော်အတွင်းမဲတွေ လုံးဝ ထိခိုက်မှာမဟုတ်ဘူး။ ဒီနေရာလေးဟာ တခြားပါတီကလူတွေအတွက်ပဲ ဖြစ်ထိုက်တယ်လို့ ကွန်တော် ပြောလိုတယ်။ ဒီလိုပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ က လစ်လပ်တဲ့ မဲဆန္ဒနယ်တွေဟာလည်း သက်ဆိုင်ရာတိုင်းရင်းသားပါတီအဖွဲ့အစည်းတွေက ရသင့်တယ်လို့ မြင်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲက လစ်လပ်နေရာတွေဟာ NLD အတွက် မလိုအပ်တဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာလေးတွေကိုပါ NLD က အကုန်သိမ်းကြုံးယူမယ်ဆိုတဲ့ပုံစံမျိုးက နိုင်ငံရေးအာဏာကို ရသမျှ အကုန်ယူမယ် ဆိုတာမျိုးလားလို့ ဝေဖန်စရာ ဖြစ်နေပါတယ်။

မေး။ ။ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အရင်လွှတ်တော်နဲ့ NLD အားကောင်းတဲ့ အခုလွှတ်တော်တို့ရဲ့ အခြေအနေကိုလည်း နှိုင်းယှဉ်သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်အစိုးရကနေ ပြောင်းလဲလာတဲ့ ပထမအကြိမ်လွှတ်တော်ဟာ ရှေ့မှာ နမူနာကြည့်စရာ မရှိပါဘူး။ ခေတ်ဟောင်းကဟာတွေနဲ့ လွှတ်တော်ဆောင်ရွက်ဖို့ ခက်ခဲတယ်။ ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ စွမ်းရည်နဲ့ လေ့လာအား၊ နိုင်ငံရေးအင်အားတွေနဲ့သာ လွှတ်တော်ထဲမှာ စွမ်းဆောင်ခဲ့ကြတာဖြစ်တယ်။ အခုလွှတ်တော်က အရင် ၅ နှစ်တာ ကာလက လွှတ်တော်ကို ထိုင်ကြည့်ခဲ့ကြသူတွေဖြစ်တယ်။ အရင်လွှတ်တော်မှာ ၃ နှစ်ခွဲ ဝင်ပါခဲ့တဲ့ NLD ထဲက လူ ၄ဝ ကျော်ဟာ အခုလွှတ်တော်မှာလည်း ဆက်ပါနေကြတာတွေရှိတဲ့အတွက် အခြေခံကောင်း ရထားပြီး ဖြစ်တယ်။ ဒီလိုအခြေအနေတွေမှာ အကြံတူရင် နောက်လူသာစမြဲဖြစ်ရမှာပါ။ အဲ့ဒီအခွင့်အရေး ရှိပါလျက်နဲ့ အရင်လွှတ်တော်ကိုတောင် အခုလွှတ်တော် အခြေ အနေက မမီသေးဘူးလို့ ရှင်းရှင်းပဲ ပြောရမယ်။ ပထမအကြိမ် လွှတ်တော်စကတည်းက ကျွန်တော်တို့တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ စခဲ့ကြပါတယ်။ ပြည်သူတွေ စာပေကင်ပေတိုင်လို့ စွပ်စွဲခဲ့ကြတဲ့ စာပေစိစစ်ရေးကိစ္စနဲ့ ပြန်ကြားရေးကို မေးခွန်းပေါင်းများစွာ မေးခဲ့ပြီး ပြောင်းလဲဖို့ ဆောင်ရွက်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်က ပြန်ကြားရေးဝန်ကြီးကိုတောင် အယုံကြည်မရှိအဆို တင်သွင်းဖို့အထိ ပြောဆိုဆွေးနွေးခဲ့ကြတယ်။ အဲ့ဒီအချိန် လွှတ်တော်ရဲ့စွမ်းဆောင်မှုနဲ့ လွှတ်တော်ဆိုင်ရာခုံရုံးကိုတောင် ဖြုတ်ချနိုင်ခဲ့ပါတယ်။ လွှတ်တော်ကို ထိခိုက်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး လွှတ်တော်မှာ တရားဝင်လာတောင်းပန်တာလည်း ရှိခဲ့ဖူးပါတယ်။ လွှတ်တော်ကြောင့် အစိုးရက သူ့ရဲ့ဝန်ကြီးတွေကို မညှာမတာ အနားပေးတာတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို ပြောင်းလဲတာတွေ လုပ်နိုင်ခဲ့တယ်။ အစိုးရကို လွှတ်တော်က ထိန်းကျောင်းမှုတွေ တော်တော်လေးလည်း လုပ်နိုင်ခဲ့ တယ်။ အခုလွှတ်တော်ဟာ ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူး။ အရင်လူတွေရဲ့ ခြေရာကိုနင်းပြီးတော့မှ ကောင်းသည်ထက်ကောင်းအောင် မလုပ်နိုင်သေးတာဟာ အရင်နဲ့အခု ကွာခြားမှု တွေပါ။

မေး။ ။ အခု NLD ပါတီက အစိုးရနဲ့ လွှတ်တော် ၂ ခုလုံးကို ထိန်းချုပ်လွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆလဲဗျ။

ဖြေ။ ။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီက ထိန်းကျောင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ဖြစ်သွားပြီဆိုရင်တော့ ပါတီရဲ့ထိန်းကျောင်းမှုအောက်မှာရှိတာမျိုး မဖြစ်သင့် တော့ဘူး။ သမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးတွေက ပါတီကိစ္စ မလုပ်ရဘူး။ သမ္မတနဲ့ အစိုးရအဖွဲ့ကို ထိန်းကျောင်းနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ ပါတီဥက္ကဋ္ဌ လုပ်သင့်မသင့်ဟာ (အခြေခံ) ဥပဒေ ပြဿနာတစ်ခုဖြစ်နေတယ်။ ဦးသိန်းစိန်တုန်းက ပါတီအစည်းအဝေးတစ်ခုကို သွားတက်လို့ အားလုံးက ဝိုင်းဝေဖန်ကန့်ကွက်တာနဲ့ ပါတီနဲ့ မပက်သက်တော့ဘဲ ပါတီဥက္ကဋ္ဌ တာဝန် ကို သူရဦးရွှေမန်းက ယူခဲ့ရတယ်။ နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အစိုးရနဲ့ ဝန်ကြီးတွေကို လွှမ်းမိုးတာမျိုးတွေ မရှိခဲ့ပါဘူး။ အခုက ပါတီက နေရာတကာ ဝင်ပါပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေတောင် ခင်ဗျားထွက်တော့လို့ ပါတီထိပ်ပိုင်းပုဂ္ဂိုလ်က ပြောနိုင်တယ်ဆိုတာ အတော့်ကို အံ့သြဖို့ကောင်းတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading