ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် တပ်ထောက်ခံပွဲနှင့် ရွေးကောက်ပွဲကော်မရှင်ကန့်ကွက်ပွဲတွင် ဆန္ဒပြသူများက ဆန္ဒပြပွဲပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူအချို့ကို လိုက်လံထိုးကြိတ်ခဲ့ကြသဖြင့် (၂) ဦးဒဏ်ရာရရှိခဲ့ပါသည်။ ယနေ့ပြုလုပ်သည့် တပ်မတော်ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို လူ(၂၀၀)ကျော် ပါဝင်ဆန္ဒပြခဲ့ကြပြီး ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက် နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - Myanmar Now



