အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို ချစ်ကြည်ရေးအဖြစ် ထောက်ပံ့ကူညီသည့် ကိုဗစ်ကာကွယ်ဆေးများထဲမှ မန္တလေးတိုင်းအတွက် ပထမဆုံးအသုတ်အနေဖြင့် ဆေးပုလင်းပေါင်း ၁၇၀၀ ကျော် ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းတွင် မန္တလေးကို ရောက်ရှိခဲ့ပြီး၊ နေ့လည်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့သည်။ ဆေးတပုလင်းကို လူ ၁၀ ယောက်စာ ထိုးနှံနိုင်သည့်အတွက် မန္တလေးတိုင်းအတွက် ပထမဆုံးအသုတ်အဖြစ် ရရှိသည့် ဆေးပုလင်းပေါင်း ၁၇၀၀ ကျော်သည် လူပေါင်း ၁၇၀၀၀ အတွက် ထိုးနှံပေးသွားမည်ဖြစ်ပြီး တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်