အိန္ဒိယနိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့လိုက်သော ကိုဗစ်နိုင်တင်းကာကွယ်ဆေးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဧရာဝတီကိုဗစ်စင်တာတို့၌ ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးကို ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ ဗဟိုအစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်တွင် လွှတ်တော်တက်ရောက်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို စထိုးပေးမည်ဖြစ်ပြီး နိုင်ငံအဝှမ်းရှိ ပြည်သူများအတွက် လာမည့်ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ကာ ဦးစားပေးအဆင့်အလိုက် ထိုးပေးသွားမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး၊ ကေဇွန်နွေး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။