ကိုဗစ်ကာကွယ်ဆေး စထိုးနိုင်ပြီဆို၍ ပြည်သူများအနေဖြင့် အသွားအလာ၊ အနေအထိုင် ပေါ့ဆသွားကြမည်ကို စိုးရိမ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးခွင့်ရသည့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်အေးအေးမူကလည်း ကိုဗစ်ကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများကဲ့သို့ပင် အနည်းငယ်သာ လက်မောင်းအောင့်ကြောင်း၊ ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်သေးကြောင်းနှင့် ကာကွယ်ဆေးထိုးခွင့်ရသူအားလုံး ထိုးသင့်ကြောင်း ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now



