၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိနေသောကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ကြောင်း တပ်မတော်ဘက်မှ ကန့်ကွက်မှုများရှိနေသော်လည်း မကြာမီကျင်းပမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ပြင်ဆင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ တပ်မတော်ဖက်မှကိုယ်စားလှယ်များ လွှတ်တော်တက်ရန် ပြင်ဆင်နေသော်လည်း မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်ပြီး တွေ့ရှိချက်များကိုတော့ လျစ်လျူရှုပြီးမနေနိုင်ကြောင်း သူကဆက်ပြောပါသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ မင်းမင်း/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။