အင်းစိန်ထောင်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ခွင့်မပြုချက်မဲ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် သံဃာတော်နှစ်ပါးကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ခေါ်ယူပြီး တိုင်းသံဃနာယကအဖွဲ့၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ရန် ခံဝန်ကတိထိုးခိုင်းလိုက်သည်။ ဆန္ဒပြပွဲဦးဆောင်သံဃာတော်နှစ်ပါးကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ လိမ်မာယဉ်ကျေးစွာ နေထိုင်ရန် မိန့်ကြားပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းခြင်းသည် ဆရာတော်ကြီးများကို အပေါ်ကခိုင်းစေသဖြင့် လုပ်ရခြင်းဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ထိုးခဲ့သူ ဦးပညာဝံသက ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။