တွံတေးမြို့တွင်လည်ပတ်နေသည့် အနံ့ဆိုးထွက် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ မနက်ဖြန် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောဆိုလိုက်ပါသည်။ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်လည်ပိုင်းမှစတင်ပြီး စက်ရုံအနီး ကျေးရွာများတွင် အနံ့ဆိုးဒဏ် ခံနေရကာ စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာ သောက်သုံးရေကန် ညစ်ညမ်းပြီး သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့နေရသောကြောင့် စက်ရုံကို ပိတ်သိမ်းပေးရန် ဒေသခံတွေက တောင်းဆိုထားခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



