ပြည်နယ်လေးခုသွားရောက်ပြီး တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အရာများကို ပါတီတွင်း ပြန်လည်သုံးသပ်နေပြီး ၎င်းခရီးစဉ်များမှ အကျိုးကျေးဇူးများ ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်မှ ပြောဆိုလိုက်သည်။ ရွေးကောက်ပွဲအပြီး NLD ပါတီက အနာဂါတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင် တွေ့ဆုံမည့်နေရာ အဆင်မပြေသဖြင့် မတွေ့ဖြစ်သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ခရီးစဉ်တို့တွင် အောင်မြင်မှုရခဲ့သည်ဟု NLD ဘက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ မင်းမင်း/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။