ဇန်နဝါရီလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသစ်မှ ရွာသားနှစ်ဦးသည် အင်းဒင်ကျေးရွာတောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၊ မောင်တော-အငူမော်ကားလမ်းရှိ ဆားငံချောင်းခွဆုံအရှေ့ဘက် မေယုတောင်ကြောတွင် ဝါးခုတ်နေစဉ် လက်နက်ကိုင်တချို့က ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ရိုက်နှက်ခံရသူနှစ်ဦးသည် မောင်တောခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး တဦးမှာ ဒဏ်ရာပြင်းထန်းသဖြင့် အောင်ဆီဂျင်ပေးထားရကြောင်းသိရပါသည်။
သတင်းနှင့်ရိုက်ကူး - သန့်မြတ်ခိုင်၊ ကေဇွန်နွေး/Myanmar Now



