ဥတ္တရသီရိမြို့နယ် ရွှေနံ့သာဘောလုံးကွင်းတွင် ပြုလုပ်သော ချီတက်ဆန္ဒပြပွဲတွင် ပါဝင်သူများက “တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ”၊ “အာဏာအလွဲသုံးသူ ဒို့ရန်သူ” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ပြီး စီတန်းလှည့်လည်မှု အစတွင် “တပ်နဲ့ပြည်သူ ဒို့ရန်သူ” ဟု နှစ်ကြိမ်တိုင် မှားယွင်းကြွေးကြော်ခဲ့သည်။ အဆိုပါဆန္ဒပြပွဲနှင့် တစ်ချိန်တည်းတွင်ပင် ဥတ္တရသီရိနှင့် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးများ၌ ပါတီထောက်ခံသူ ရာချီစုရုံးခဲ့ကြပြီး အချို့မှာ မော်တော်ယာဉ်များဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးအနီးသို့ပင် သွားရောက်ခဲ့ကြပြီး အစိုးရဌာနများရုံးစိုက်ရာ ဇေယျဌာနီလမ်းမကြီးပေါ်တွင် လူစုခွဲသွားသည်ကို Myanmar Now က မျက်မြင်တွေ့ရသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now