ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ သတ္တုတွင်းကို မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ္တုတူးဖော်ရေးခွင့်ပြုမိန့်လိုင်စင်ရ ဝင်းမြင့်မိုရ်ကုမ္မဏီနှင့် အကျိုးတူပူးပေါင်း ရင်းနှီးမြုပ်နှံမည့် bawdwin joint venture BJV ကုမ္မဏီမှ သတ္တုတူးဖော်ရေး ဖက်စပ်စီမံကိန်းအသစ်အကောင်အထည်ဖော်ရန်အတွက် နမ္မတူမြို့ နယ် ဘော်တွင်းကျေးရွာအုပ်စုတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် သတ္တုတွင်းဝန်ထမ်းမိသားစု လူဦးရေသုံးထောင်ကျော်နှင့်အတူ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများပါ ပြောင်းရွေ့ပေးရမည်ဟု ကုမ္ပဏီဖက်မှ ပြောဆိုလာသောကြောင့် အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံတွေကဆိုပါသည်။ အခုဖော်ဆောင်မယ့်စီမံကိန်းကို ဝင်းမြင့်မိုရ်ကုမ္မဏီနှင့် ပူးပေါင်းပြီး ရှယ်ယာရှင် Myanmar Metals Limited, သြစတြေးလျရင်းနှီးမြုပ်နှံမူကုမ္မဏီနှင့် EAP Global Mining Co Ltd မြန်နိုင်ငံရင်းနှီးမြုတ်နှံမူကုမဏီ သုံးခု ပေါင်းပြီး bawdwin joint venture BJV အမည်ဖြင့် အစိုးရခွင့်ပြု့မိန့်ရရန် လျှောက်ထားခဲ့ကြောင်း သိရှိရပြီး ကုမ္ပဏီဖက်မှ လူဦးရေ သုံးထောင်ကျော်အား ပြောင်းရွှေ့ပေးရမည်ဟု ဆိုသော်လည်း ပြောင်းရွှေ့ပြီး ပြန်လည်နေရာ ချပေးမည့်နေရာကိုတော့ အခုအချိန်အထိ မသိရှိရသေးကြောင်း ဒေသခံတွေက ဆိုပါသည်။
သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now



