အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ကို ၂၀၁၈ ခုနှစ် ဧပြီလကုန်ပိုင်းက လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး FDA ၏ အဆောက်အအုံဆောက်လုပ်ရေး လုပ်ကိုင်ခွင့် တင်ဒါရရှိထားသည် ကုမ္ပဏီမှ လာဘ်ယူခဲ့သည်ဟုဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက် တင်ပြခဲ့ကြပါသည်။ ဒေါက်တာသန်းထွဋ်အား အပြီးအသတ်အမိန့်ချမှတ်ရန်အတွက် လာမည့်ရုံးချိန်းကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကို ချိန်းဆိုထားပြီး ၎င်းအားစွဲဆိုထားသည့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချက်မှတ်နိုင်သည့် ပုဒ်မဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်