ရန်ကုန်မြို့လယ်ရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၏ ရိုးမကုမ္မဏီမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ရိုးမစင်ထရယ် (Yoma Central) ဟိုတယ်နဲ့အိမ်ယာစီမံကိန်းမှ ရာနှင့်ချီသည့် အလုပ်သမားများသည် သတ်မှတ်လုပ်ခလစာ အပြည့်အဝမရရှိသလို လူမှုဖူလုံရေးကြေးများလည်း မရရှိသောကြောင့် လုပ်ငန်းခွင်အပြင်ထွက်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည်က ဆန္ဒပြခဲ့ကြသည်။ ၎င်းလုပ်ငန်းခွင်တွင် အလုပ်သမား လေးထောင်ကျော်ရှိပြီး လုပ်ခလစာကို ၁၄ ရက်တစ်ကြိမ် ပုံမှန်ရှင်းပေးခဲ့သော်လည်း ဇန်နဝါရီလအတွက် ၅ရက်စာသာ ရှင်းပေးသောကြောင့် အလုပ်သမားများက ဆန္ဒပြကြတာဖြစ်ပြီး ညနေပိုင်းတွင် ကိုဗစ်ကာလ လူမှုဖူလုံရေကြေးရရှိရေးနှင့် လုပ်အားခအပြည့်အဝရရှိရေးအတွက် အလုပ်သမားခေါင်းဆောင်များနှင့် အလုပ်ငန်းရှင်တာဝန်ရှိသူများအကြား လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဝင်ရောက်ညှိနှိုင်းပေးခဲ့သဖြင့် ပြေလည်သွားပြီး ၂၆ ရက်နေ့မှာ ပေးချေသွားမည်ဟု သိရပါသည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



