ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ရာ၌ ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်ခဲ့သူ အမျိုးသားရေးသမားဆိုသူကို ရာဇဝတ်ကျင့်ထုံး ဥပဒေအရ အာမခံပေးထားသည်ဟု အင်စိန်မြို့နယ်ရဲစခန်းမှ သိရသည်။ အင်းစိန်ထောင်ရှေ့ ဆန္ဒပြပွဲဦးဆောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြပွဲဦးဆောင်သူ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ရဟန်းနှစ်ပါးကိုလည်း သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ရေးယူနိုင်ရန် ရဲတပ်ဖွဲ့က စီစဉ်လျက်ရှိသော်လည်း ဖမ်းဆီးရမိထားသူများကို အာမခံပေးထားသည်။

သတင်နှင့်ရိုက်ကူး - ချမ်းသာ၊ ဖြိုးထက်အောင်/Myanmar Now