ရန်ကုန်မြို့တွင်း ဆိုင်ကယ်တရားဝင်စီးခွင့်ရရှိရေး တောင်းဆိုလှုပ်ရှားမှုများလုပ်ဆောင်နေသည့် Biker revolution Yangon အဖွဲ့သည့် မြို့နယ်အသီးသီးမှ ဆိုင်ကယ်ဝါသနာရှင်များနှင့် ပူးပေါင်းကာ ဇန်နဝါရီ ၁၇ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ စုစည်းခဲ့ပြီး နှာခေါင်းစည်းများ လက်အိပ်များ ဝေငှကာ ဆိုင်ကယ်တရားဝင်စီးခွင့်ရရှိရေး တောင်းဆိုသည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ခရမ်း၊တွံတေး ၊ဒလ၊ ဆိပ်ကြီးခနောင်တို၊ကော့မှူး ၊တွံတေး၊ကွမ်းခြံကုန်း၊ လှည်းကူးမှော်ဘီ၊တိုက်ကြီးစသည့် မြို့နယ်များကလွဲပြီး အခြားမြို့နယ်အတွင်း ဌာနဆိုင်ရာအချို့ကလွဲရင် ဆိုင်ကယ်စီးခွင့်ကို စစ်အစိုးရလက်ထက် ၂၀၀၀ ခုနှစ်မတိုင်ခင်ကတည်းက ပိတ်ပင်ထားခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



