ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပုံမှန်လည်ပတ်နေသည့်အရာများ ရပ်တန့်ခဲ့ရသဖြင့် လူနေမှုပုံစံပြောင်းလဲမှုများဖြစ်ပေါ်လာကာ ပြည်သူများသည်လည်း လူနေမှုပုံစံအသစ်ထဲ အသားကျလာအောင် ကြိုးစားနေထိုင်လာကြရသလို စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များအပြင် ပညာသင်ကြားရေးအတွက် သင်တန်းများလည်း ပိတ်ခဲ့ရသဖြင့် online သင်ကြားရေးဖက်ကို ပိုမိုအားစိုက်လုပ်ဆောင်လာခဲ့ကြရသည်။ ကိုဗစ်ကယက်ကြောင့် ပြောင်းလဲလာသည့် လူနေမှုပုံစံထဲတွင် Online သင်တန်းများသည် သင်ကြားသူနှင့် သင်ယူသူ နှစ်ဖက်စလုံးအတွက် ထိရောက်မှုရှိလာပြီး အချိန်နဲ့ ငွေကုန်ကျမှု သက်သာသောကြောင့် ကိုဗစ်ကယက်ကြောင့် တွင်ကျယ်လာသည့် online သင်တန်းများသည် အခြားအရာများနှင့်မတူဘဲ ပြည်သူများကို ပိုမိုအကျိုးပြုလာသည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



