တပ်မတော်ကို ထောက်ခံကြောင်း ဦးဆောင်ဆန္ဒပြခဲ့သည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ဇန်နဝါရီလ ၁၂ရက်နေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှ အမှုဖွင့်လိုက်သည်။ YDP ပါတီ၏ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်သည် ယခုစွဲဆိုခံထားရသည့် ငြိမ်းစုစီပုဒ်မ (၁၉) အပြင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ၊ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် အသရေဖျက်မှုပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရပြီး ယခုတရားစွဲလိုက်သည့် ပုဒ်မ ၁၉ ကိုလည်း ရဲစခန်း၌ လာမရှင်းသေးသည့်အတွက် မိုက်ကယ်ကျော်မြင့်အား ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now



