နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝီရသူအမှုကို ဇန်နဝါရီ၁၂ရက်နေ့တွင် အွန်လိုင်းပေါ်ကတဆင့် စစ်ဆေးခဲ့ပြီးနောက် ချုပ်ရက်ရမန်နှစ်ပတ်ပေးကာ နောက်တစ်ကြိမ်ရုံးချိန်းသို့ ပြန်လည်ချိန်းဆိုလိုက်သည်။ ဦးဝီရသူအား ထောက်ခံဝန်းရံသူသံဃာများနှင့် အရပ်သားများအပါအဝင် စုစုပေါင်းလူဦးရေ ၅၀နီးပါးက အနောက်ပိုင်းခရိုင်တရားရုံးရှေတွင် ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြသည်။ ကိုဗစ်နိုင်တင်းကူးစက်ရောဂါကာလအတွင်း အချုပ်သားများကို ရုံးထုတ်စစ်ဆေးခြင်းမရှိသောကြောင့် ဦးဝီရသူအမှုကို အွန်လိုင်းကတစ်ဆင့် ရမန်ပေးနေကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။