၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်သားပါတီများနှင့် တွေ့ဆုံရေးကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ ကယားပြည်နယ်လွိုင်ကော်မြို့၌ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)နှင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် တွေ့ဆုံပွဲပျက်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခေါ်ယူမည့် တတိယအကြိမ် လွှတ်တော်သက်တမ်းမစခင် ဒီချုပ်ဘက်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံနေတာဖြစ်ပြီး ကယားပြည်နယ်ပြီးနောက် ရှမ်းပြည်နယ်တွင် သွားရောက်တွေ့ဆုံမည်ဖြစ်ပါကာ ရှမ်းပြည်နယ်ရှိ ပြည်နယ်အခြေစိုက်ပါတီအချို့က ပြည်နယ် NLD ရုံးကို လာရောက်တွေ့ဆုံနိုင်ကြောင်း ဒီချုပ်တာဝန်ရှိသူတွေက ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး၊ ဟေမာန်ပြည့်/Myanmar Now



