တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းများအား အေအေမှ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဖမ်းဆီးခြင်းဖြစ်သောကြောင့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိခဲ့ပြီး ရှုံးနိမ့်ရတာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ‌ဒေါ်ချစ်ချစ်ချောက ဆိုသည်။ စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖေါ်ဆောင်သွားနိုင်ရန်အတွက် နိုင်ငံရေးအကျပ်အတည်းပြဿနာများကို ဖြေရှင်းရာတွင် မတူညီသည့် အဖွဲ့အစည်းအသီးသီးမှ တစ်ဦးအပေါ်တစ်ဦး ယုံကြည်ချက်ထားပြီး လက်ခံညှိနှိုင်း ဖြေရှင်းသွားရမည်ဟု သူကဆက်ပြောသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ ဖဒူထွန်းအောင်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။