နိုင်ငံရေးပါတီအချင်းချင်းကြားနိုင်ငံရေးပြဿနာများရှိသည့်အချိန်တွင် တပ်မတော်သည် ကာကွယ်သူ ထိန်းကြောင်းသူအနေဖြင့် ပါဝင်စွက်ဖက်နေခြင်းသည် ဒီမိုကရေစီနိုင်ငံရေးကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ရပ်တန့်သင့်ကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ပြောဆိုလိုက်သည်။ ၂၀၂၀ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူနှစ်သောင်းခန့်ဖြင့် စောင့်ကြည့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ရွေးကောက်ပွဲတွင် မဲစာရင်းအမှားများ၊ မဲပေးခွင့်မရခြင်းများကို တွေ့ရှိခဲ့ရသော်လည်း ရွေးကောက်ပွဲတစ်ခုလုံးပြောင်းလဲသွားလောက်သည်အထိ မှားယွင်းခဲ့ခြင်းမျိုး မတွေ့ရကြောင်း ဆက်ပြောပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။