ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်၊ ပြောဆို၊ လုပ်ဆောင်ချက်များအပေါ် သမ္မတရုံးပြောခွင့်ရသူ၏ ပြောကြားချက်သည် ကျင့်ဝတ်သိက္ခာနှင့်မညီဘဲ အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်ကို ကာကွယ်ကာ ပြည်ခိုင်ဖြိုးက ရှုံးမဲမဲနေသယောင် လုပ်ကြံပြောဆိုခြင်းဖြစ်သည်ဟု ပါတီ၏ပြောခွင့်ရသူက တုံ့ပြန်လိုက်သည်။ ပြည်ခိုင်ဖြိုးအနေဖြင့် ယခုလအတွင်း ဒုတိယအကြိမ်လွှတ်တော်အထူးအစည်းအဝေးခေါ်ယူပေးရေး တောင်းဆိုသွားရန် စီစဉ်နေပြီး ဖေဖော်ဝါရီ ၁ရက်တွင် ကျင်းပမည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကိုမူ တက်၊ မတက် မဆုံးဖြတ်ရသေးဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now



