အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိပြီး လူဦးရေ ၁၅ သန်းကို ထိုးပေးနိုင်မည့် ကိုဗစ်ကာကွယ်ဆေးကို မြန်မာအစိုးရအနေဖြင့် အိန္ဒိယနိုင်ငံမှ မှာယူထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကို နှစ်ကြိမ်ခွဲပေးရမည်ဖြစ်ပြီး ကာကွယ်ဆေးအား ဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကာ ၎င်းကာကွယ်ဆေးသည် အောက်စဖို့ဒ်မှ ထုတ်လုပ်သည့် ဆေးဖြစ်ပြီး Covidshield နာမည်ဖြင့် အိန္ဒိယနိုင်ငံ ဆီရမ်အင်စတီကျုမှ ပြန်လည် ထုတ်လုပ်ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်၊ မင်းမင်း/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။