၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ NLD အစိုးရငါးနှစ်တာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအပါဝင် လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားမှု ၅၀၀ နီးပါးရှိခဲ့သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါသည်။ တိုင်ကြားသူများမှာ ပြည်သူများထက် NLDပါတီဝင်များက ပိုမိုများပြားသည်ဟုဆိုသလို တိုင်ကြားမှု ၅၀၀ နီးပါးထဲမှ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးကျော်ကို အရေးယူဆောင်ရွက်ခဲ့ပြီး နောက်လာမည့် အစိုးရသက်တမ်းအတွင်း အလားတူအားနည်းချက်များထပ်မံမဖြစ်ပေါ်စေရန် သေချာစိစစ်ဆောင်ရွက်နေကြောင်း ဆက်ပြောပါသည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now