၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲနှင့်ပက်သက်သည့် အငြင်းပွားမှုများသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်သာ နောက်ဆုံးဖြစ်ပြီး ဘယ်တရားရုံးကမှ ထပ်မံဆုံးဖြတ်နိုင်မည် မဟုတ်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုပါသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲပြီး နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တရားလိုပြုလုပ်ပြီး တရားလွှတ်တော်ချုပ်ဆီ စာချွန်လွှာတင်ခဲ့တာနှင့်ပတ်သက်ပြီး အခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။