ကာလစည်းကမ်းသတ်မှတ်ချက်အရ ငါးနှစ်ကျော်လွန်နေပြီဖြစ်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲလက်မှတ်နှင့် စာရွက်စာတမ်းများကို ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့က ဖျက်ဆီးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းရွှေက Myanmar Now ကို ပြောသည်။ မြို့နယ်အသီးသီးတွင် မီးရှို့ဖျက်ဆီးနေသည့် ရွေးကောက်ပွဲစာရွက်စာတမ်းများမှာ ၂၀၂၀ရွေးကောက်ပွဲနှင့် မသက်ဆိုင်ဘဲ ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် အထောက်အထားနှင့် ပစ္စည်းများအားလုံးကိုမူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအလိုက် လုံခြုံစွာ စနစ်တကျ သိမ်းဆည်းထားကြောင်း သိရသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now



