ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခဲ့ဖူးသည့် ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် မတောင်းဆိုတော့ဘဲ မဲစာရင်းများကို ပြန်လည်ရေတွက်ပေးရန် ဇန်နဝါရီ ၅ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ပြောင်းတောင်းဆိုလိုက်သည်။ ရွေးကောက်ပွဲမသမာမှုများကို အုပ်ချုပ်ရေးမဏ္ဍိုင်က မဖြေရှင်းပေးဟု ပြည်ခိုင်ဖြိုးပါတီမှ စွပ်စွဲလိုက်ပြီး တရားရုံးချုပ်ကို စာချွန်လွှာတင်ထားသည်ဟု ဆိုကာ စာချွန်လွှာနှင့်ပတ်သက်ပြီး လာမည့်ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကြားနာသွားမည်ဟု ပြည်ထောင်စုတရားလွှတ်ချုပ်က ထုတ်ပြန်လိုက်သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။